သုံးရောင်ခြယ်ဇာတ်ကား အကယ်ဒမီဇကာတင်မပါလို့ စိတ်မကောင်းဖြစ်တယ်ဆိုတဲ့ ခန့်စည်သူ

ရန်ကုန် မတ် ၉ -၂၀၁၉

သင်းသဒ္ဒါ

၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ပထမအကြိမ်ဇကာတင် ၂၅ကားထွက်ပေါ်ခဲ့တဲ့အပေါ်မှာ အကယ်ဒမီ ခန့်စည်သူ ကတော့ သုံးရောင်ခြယ်ဇာတ်ကား အကယ်ဒမီဇကာတင်မပါလို့ စိတ်မကောင်းဖြစ်တယ်လို့ ဆိုပါတယ်။

” အကယ်ဒမီ အတွက် ကျွန်တော် တော်တော်လေးကို စိတ်မကောင်းဖြစ်ရတာကတော့ သုံးရောင်ခြယ် ဇာတ် ကားကတော့ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ရိုက်ထားတယ်။ ထုတ်လုပ်သူကလည်း ငွေရေးကြေးရေး ကြောင့် ရိုက်ကူးတာ မဟုတ်ပဲ တိုက်ရဲ့ Image နဲ့ ကိုယ့်ရိုက်ချင်တဲ့ ဇာတ်လမ်းလေးပေါ့။ ဟာသကားလည်း မဟုတ်ဘူး။”လို့ ပြောပါတယ်။

အဆိုပါ ဇာတ်ကားကိုတော့ ခန့်စည်သူ ၊ နေမျိုးအောင် ၊ ရွှေသမီး ၊အိချောပို နဲ့ စတဲ့ အနုပညာရှင်တွေ ပါဝင်သရုပ်ဆောင်ထားပြီးတော့ အရုပ်ပိုင်း နဲ့ အသံပိုင်း ထိုင်းနဲ့ အိန္ဒိယတို့တွင် အကောင်းဆုံး ပြန်လည် ဖန်တီးခဲ့တာလည်းဖြစ်ပါတယ်။ ရိုက်ကွင်းတည်နေရာတွေအနေနဲ့လည်း ရန်ကုန် ၊ မြ၀တီ ၊ထိုင်း ၊မဲဆောက်ဘက်မှာ တရားဝင် ရိုက်ကူး ခဲ့တယ်သိရပါတယ်။

“ထိုင်းဘက်က လက်နက်ကိုင် တပ်ဖွဲ့တွေကလည်း ကူညီပေးခဲ့တယ်။ ခိုင်ခိုင်မာမာ ရိုက်ကူးခဲ့တာကို အကယ် ဒမီမှာ လွဲသွားရင်တောင် လက်ခံပေးနိုင်ပါတယ်။ ဇကာတင် ပထမ အဆင့်တောင် မပါတော့ စိတ်ထဲမှာ မကောင်းဖြစ်ခဲ့ပါတယ်။ ဒီကားထဲမှာ ကိုမင်းမော်ကွန်းနဲ့ နေမျိုးအောင်လည်း တော်တော် ကောင်း တယ်။ ရွှေသမီးနဲ့ အိချောပိုလည်း တော်တော်လေး အားထုတ်လုပ်ဆောင်ထားတယ်။ ဒီကားကတော့ ဇကာတင်တောင် အရွေးချယ်မခံရဘူးကြားတယ်။ အကယ်ဒမီ အကဲဖြတ်လူကြီးရဲ့ အဖြေကတော့ အရည် အချင်း မပြည့်မီလို့ ပြောပါတယ်။သရုပ်ဆောင်ပိုင်းက အရည်အချင်းမပြည့်တာလား၊ အသံနဲ့ အရုပ် အရည် အသွေး မပြည့်မီလာတော့ ၊ဘာအရည်အပြည့်မီလဲ တော့ မသိပါဘူး။ အရည်အပြည့်မီတဲ့ ကားတွေကတော့ ဇကာတင်မပါဘူးလို့ ပြောပါတယ်”လို့ သရုပ်ဆောင်ခန့်စည်သူက ပြောဆိုပါတယ်။

ဓာတ်ပုံ- သင်းသဒ္ဒါ

#voiceofmyanmar #သုံးရောင်ချယ်ဇာတ်ကား #ခန့်စည်သူ #အကယ်ဒမီဆုပေးပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW