ဟာသထက် လူကြီးဆန်တဲ့ဇာတ်ရုပ်တွေ ကမ်းလှမ်းခံနေရတဲ့ ထွန်းထွန်း

ရန်ကုန် မတ် ၁၁- ၂၀၁၉

သင်းသဒ္ဒါ  (VOM)

 

အဆိုပိုင်းသာမက သရုပ်ဆောင်ပိုင်းအောင်မြင်မူရနေတဲ့ သရုပ်ဆောင် ထွန်းထွန်း ကတော့ ဟာသထက် လူကြီးဆန်တဲ့ဇာတ်ရုပ်တွေ ကမ်းလှမ်းခံနေရတယ်လို့ ဆိုပါတယ်။

 

”အရင်တုန်းကတော့ ကျွန်တော့်ကို ဟာသကားတွေ အဲ့လိုကားတွေ ကမ်းလှမ်းတာများတယ်။ ဒါပေမယ့် ဒီနှစ်ပိုင်းတွေမှာတော့ နည်းနည်းလူကြီးဆန်တဲ့ဇာတ်ရုပ်တွေ ကျွန်တော့်ကို ရိုက်ဖို့အတွက် လာပြီးတော့ ကမ်း လှမ်းကြတယ်။ ကျွန်တော်မလုပ်ဖူးတဲ့ ဇာတ်ရုပ်ကို လုပ်မယ်ဆိုတာထက် လာကမ်းလှမ်းသမျှ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်မယ်လို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့ ကာရိုက်တာဆိုရင် လက်ခံဖြစ်တယ်။ ဥပမာ- ရိုက်ဖူးပြီးသား ကာရိုက်တာထဲကမှ ကျွန်တော့်အတွက် အရမ်းခက်ခဲစေမယ့် ဟာမျိုးဆိုရင်တော့ မရိုက်ဖြစ်တာများပါတယ်”လို့ ဆိုပါတယ်။

 

သူကတော့ 7 Sense Film Production မှ ဒါရိုက်တာ ဝင်းလွင်ထက် က မိသားစုဒရာမာပုံစံဖန်တီးမယ့် Box No . 88 (သေတ္တာနံပါတ်၈၈) ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ သရုပ်ဆောင်အဖြစ်တဲ့ နေတိုး၊  အိန္ဒြာကျော်ဇင် ၊ ကာရာဗီ ၊ ရွှေရင်အေး ၊ မျိုးသက်ပိုင်၊ (ကလေးသရုပ်ဆောင်) အိန်ဂျယ် တို့နဲ့အတူ ပါဝင် သရုပ်ဆောင်ရိုက်နေတယ်လို့ သိရပါတယ်။

 

ဂီတပိုင်း လှုပ်ရှားနဲ့ ပတ်သက်ပြီးတော့ ”ကျွန်တော်တို့ Examplez အဖွဲ့အနေနဲ့ လောလောဆယ် အခွေလုပ်ဖို့ကတော့ လောလောဆယ်မှာ အဆင်မပြေသေးဘူး။ ကျန်တဲ့သူတွေကလည်း သူတို့ဘာသာသူတို့ အလုပ်ရှုပ်နေတာဆိုတော့ အခွေထွက် ဖို့တော့ ကျွန်တော်ကိုယ်တိုင်လည်း မရှိသေးပါဘူး။ ကျွန်တော် Superstar တစ်ခွေတော့ ထွက်ထားတယ်။ ဒါပေမယ့် နောက်ထပ်တခွေ ထွက်ဖို့ဆိုတာက ဒီဘက်ခေတ်အနေအထားအရ Mini Album လုပ်ဖို့တောင် အခက်အခဲရှိနေတဲ့ အချိန်ပါ”လို့ ဆိုပါတယ်။

 

ဓာတ်ပုံ –

သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW