“ဆက်ပက် ” သင်္ကြန်သီချင်းနဲ့ပတ်သက်ပြီး သီဆိုသူ ကျော်ကျော်နန္ဒတောင်းပန်

ရန်ကုန် မတ် ၁၃- ၂၀၁၉

သင်းသဒ္ဒါ

အွန်လိုင်းပေါ်မှာ ပရိသတ်ဝေဖန်မှုတွေ ခံနေရတဲ့ “ဆက်ပက်” သင်္ကြန်သီချင်းနဲ့ပတ်သက်ပြီးတော့ မတ် ၁၆ ရက် နံနက်ပိုင်းမှာ အဆိုတော် ကျော်ကျော်နန္ဒတောင်းပန်သွားမယ်လို့ ဆိုပါတယ်။

” မြန်မာနိုင်ငံမှာနေပြီး သီချင်းတွေရဲ့ စာသားတွေ ဒီလိုအဝတ်အစားတွေ မဝတ်သင့်ဘူး။ပျော်ကြပါးကြတဲ့ သင်္ကြန်ကာလမှာ ရေကို ဆက်တိုက် ဆက်ပက်ကြပါ။ ညစ်ညမ်းတဲ့စကားမဟုတ်ပါဘူး။လွဲမှားနီးစပ်ရာ အဓိပ္ပါယ်ကို ယူပြီးတော့ တွေးပြီးပြောကြတယ်။ Online ပေါ်မှာ Hero ဖြစ်တာလည်း ဒီစာသားနဲ့ ဖက်ရှင်ပိုင်းကြောင့်ပါ။ ဘယ်သူမှ မဝတ်သေးတဲ့ ဖက်ရှင်ကိုလည်း ချပြလိုက်တယ်။ပရိသတ်ကို တောင်းပန်မယ် အသစ်တစ်ယောက်အနေနဲ့ လက်ခံပေး ကြပါလို့ ပြောချင်ပါတယ်။ကျွန်တော် ဘက်ကလည်း ဂီတပိုင်းရော ဖက်ရှင်ပိုင်းပါ ဆင်ခြင် သွားမှာပါ”လို့ ဆိုပါတယ်။ သူကတော့ လွန်ခဲ့ ၁၀ နှစ်ထဲက အနုပညာနဲ့ ပတ်သက်တဲ့ သရုပ်ဆောင်အပြင် တစ်ပိုယ်တော် သီချင်းခွေတွေကိုလည်း ထုတ်ခဲ့ တာလည်း ဖြစ်ပါတယ်။

အရင်ကလည်း သူ့ရဲ့ ဖက်ရှင်ပိုင်းကို သူများထက်တစ်မူထူး ဝတ်ဆင်ခဲ့သူလည်း ဖြစ်တယ်လို့လည်း သိရပါတယ်။ဆက်ပက် သင်္ကြန်သီချင်းကိုတော့ Sexy Model ဇာဇာထက်နဲ့ အတူ အမ်တီဗီရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။

“ဆက်ပက်”သင်္ကြန်လေး လူမှုကွန်ရက်မှာ တင်လိုက်တာအပေါ် ” ပရိသတ်တွေအားလုံးနဲ့ တနိုင်ငံကဝိုင်းဆဲ နေကြလို့ သူတို့ကိုလည်းအားနာတယ်။ကိုယ်ကိုကိုယ်လည်း ဆင်ခြင်ရမယ်လို့ ထင်လို့တောင်းပန်ပွဲ လုပ်ဖြစ်တာပါ။ ကျွန်တော်တို့က ကိုယ့်ရဲ့ပရိသတ်ကို ချပြတင်ဆက်တာပါ။နိုင်ငံတကာမှာလည်း ဖက်ရှင်ပိုင်း ဖော်ထုတ်ပြတာတွေရှိတယ်။ ပေါ်လော် ပြူးပြဲအောင် လုပ်ပြတာလည်း မဟုတ်ပါဘူး။ မပေါ်သင့်တာ မပေါ်ဘူး စာသားမှာလည်း သင်္ကြန်ရေကို တစ်ယောက်နဲ့ တစ်ယောက် ဆက်ပက်လို့ပဲ ရေးသားတာပါ။အသံထွက်တစ် ခုကြောင့် ဆဲကြတာပေါ့။ ဖြစ်တည်လာတဲ့ အနုပညာတစ်ယောက်အနေနဲ့ စိတ်ဖိစီးမှုတွေ အများကြီးခံစားရပါတယ်။ ခဏလေး ပေါက်ချင်လို့ လုပ်နေတဲ့အနုပညာ တစ်ယောက်လဲ မဟုတ်ပါဘူး ၁၀ စုနှစ်တစ်ခု အနု ပညာကို လုပ်ဆောင်လာခဲ့တာပါ။ကိုယ့်ရဲ့ Image တွေ History တွေကလည်း ရှိပြီသားပါ”လို့ ဆိုပါတယ်။

ဓာတ်ပုံ- ကျော်ကျော်နန္ဒ

 

#voiceofmyanmar #ကျော်နန္ဒ #ဆက်ပက် #အနုပညာ

Related posts

Leave a Comment

VOM News

FREE
VIEW