သင်္ကြန်မှာ ယဉ်ကျေးမှုထိန်းတာနည်းလာကြတယ်ဆိုတဲ့ ဇော်ဝင်းထွဋ်

ရန်ကုန် မတ် ၁၃-၂၀၁၉

သင်းသဒ္ဒါ

ရော့ခ်ဂီတနဲ့ ပရိသတ်ကို ခုချိန်ထိဆွဲဆောင်နိုင်ခဲ့တဲ့ အဆိုရှင်ကြီး ဇော်ဝင်းထွဋ်ကတော့ ခုနောက်ပိုင်း သင်္ကြန်တွေမှာ ယဉ်ကျေးမှုထိန်းတာနည်းလာကြတယ်လို့ဆိုပါတယ်။

”သင်္ကြန် သီချင်းတွေကို အဆင့်အတန်းတစ်ခုနဲ့ သီချင်းတွေ ထွက်ဖို့တော့ လိုတာပေါ့။သင်္ကြန်ကတော့ အပျော်ပဲကွာ။ စာသားတွေကလည်း ကိစ္စမရှိဘူး နောက်ပြောင်တာဖြစ်မယ်။ နောက် အဓိပ္ပါယ်အမျိုးမျိုး ထွက် တာတွေလည်း ရှိမယ်။ တစ်ယောက်နဲ့ တစ်ယောက်နောက်ပြောင်နဲ့ စာသားတွေလည်း ဖြစ်မယ်။ ဒီအပေါ်မူတည်ပြီးတော့ သီချင်းစာသားတွေ ဖန်တီးရင်တော့ မှားသွားမှာပေါ့”လို့ ဆိုပါတယ်။

၂၀၁၉ မဟာသင်္ကြန်အတွက် ရည်ရွယ်ပြီးတော့ နာမည်ကြီးအဆိုတော် ၅ ဦးဖြစ်တဲ့ ဇော်ဝင်းထွဋ် ၊Rဇာနည်၊ ရင်ဂို၊ ဝေလ ၊ လင်းလင်း၊ စည်သူလွင်တို့က သီဆိုထားက ပါဝင်တဲ့” နွေနတ်သမီး ” Summer Angel သင်္ကြန်သီချင်းခွေကို မနေ့ကထွက်ရှိခဲ့ပါတယ်။

 

မြန်မာ့ရိုးရာသင်္ကြန် ပတ်သက်ပြီး ခံစားချက်ကိုတော့”ကျွန်တော်တို့ ဆရာ့ဆရာကြီးတွေကလည်း သီချင်းတွေကို အလွယ်ရေးသားခဲ့တာ မဟုတ်ပါဘူး။ကိုယ်ရဲ့ ယဉ်ကျေးမှု ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံကို ပြန်အံ ထွက်လာတဲ့ သီချင်းတွေကို များတာကိုး။ ရေလားဝါလား ၀င်ရေးတာကတော့ ခဏတဖြုတ်တော့ အဆင်ပြေ မှာပေါ့”လို့သူက ဆိုပါတယ်။

ခေတ်ကာလတွေကလည်း အမျိုးမျိုးပြောင်းလဲနေပေမယ့် သင်္ကြန်မှာ နည်းမျိုးစုံနဲ့ ပျော်ပါးကြတယ်။ သင်္ကြန်နဲ့ အလိုက်ဖက်ဆုံးကတော့ ရော့ခ်အင်ရိုး ပျော်တာအကောင်းဆုံးလို့ မြင်ပါတယ်။ဂီတနဲ့ ပျော်ကြမယ်။ သင်္ကြန်သီချင်းတွေနဲ့ ထိန်းထားမှ သင်္ကြန်ဆိုတဲ့ ကာလာက မပျက်မှာပေါ့။ကျွန်တော် ကိုယ်တိုင် သင်္ကြန်သီချင်း ဖြစ်တဲ့ သင်္ကြန်မိုး၊ တူးပို့တူးပို့ ဘာပဲဖြစ်ဖြစ် ဒီလိုသီချင်းတွေကြောင့် သင်္ကြန်ဆိုတာကို သယ်ဆောင်လာနိုင်တာလည်း ဖြစ်ပါတယ်။ ကျွန်တော် ခေတ်မှာ ကိုယ်ကြိုက်တဲ့သီချင်းတွေနဲ့ ထိန်းကွပ်ပေး တာလည်း ပါပါတယ်”လို့ဆိုပါတယ်။

 

#voiceofmyanmar #ဇော်ဝင်းထွဋ် #သင်္ကြန် #သင်္ကြန်သီချင်း #နွေနတ်သမီး

Related posts

Leave a Comment

VOM News

FREE
VIEW