အင်းလျားလမ်း လမ်းလျှောက်သင်္ကြန် သိန်းပေါင်း၂၅၀၀သုံးစွဲမယ်

 

ရန်ကုန် မတ် ၁၉-၂၀၁၉

သင်းသဒ္ဒါ

အခုနှစ်အင်းလျားလမ်းလျှောက်သင်္ကြန်ကို သိန်းပေါင်း၂၅၀၀သုံးစွဲသွားမှာဖြစ်တယ်လို့ မြတ်မေတ္တာမွန်ကုမ္ပဏီ ၊ ဆူးလေဒိုင်ယာရီရဲ့ ဒါရိုက်တာ ကိုထွဋ်ခိုင်ဝင်းကပြောပါတယ်။

” အင်းယားလမ်းလမ်းလျှောက် သင်္ကြန်မှာ လမ်းလျှောက်သင်္ကြန်ကို သိန်း၂၅၀၀ကုန်ကျခံဆောက်လုပ်သွားမှာပါ။ တိုင်းရင်းသား ရိုးရာမျိုးနွယ်စု ၈ခုရဲ့ ရိုးရာသင်္ကြန်တွေပါဝင်မယ်။ အလှပြယာဉ်တန်းတွေ ၊ အင်းယားကန်ဘောင်ပေါ်မှာ ရေကစားနိုင်မဲ့ ပွိုင့်တွေ ၊အနုပညာရှင်တွေရဲ့ ဖျော်ဖြေမှုတွေ ၊ကာလာရောင်စုံကစားနိုင်မဲ့ကာလာအမှုန့်တွေ ၊ ရေပြွန်နဲ့ ကစားတာတွေအတွက် ရေရယူနိုင်မဲ့နေရာတွေ ထားရှိမယ်။မနက် ကိုးနာရီကညနေခြောက်နာရီအထိကစားခွင့်ပြုသွားမယ်”လို့ဆိုပါတယ်။

ရန်ကုန်မြို့ရဲ့ ပထမအကြိမ်အင်းယားလမ်းလမ်းလျှောက်သင်္ကြန်ကိုတော့ တက္ကသိုလ် ရိပ်သာလမ်းနဲ့ အင်းယားလမ်းထိပ်ကနေ ပြည်လမ်းအင်းယားကန်ဘောင်အထိကို ပြုလုပ်ကျင်းပသွားမှာဖြစ်ပါတယ်လို့ မတ် ၁၉ရက် စာနယ်ဇင်းရှင်းလင်းပွဲ ကနေသိရပါတယ်။

”ဒီ လမ်းလျှောက်သင်္ကြန်ကို စတင်တည်ဆောက်ရေးလုပ်ငန်းကိုတော့ မတ်လ ၂၅ရက်နေ့အကောင်ထည်ဖော်သွားမှာ ဖြစ်သလိုလာရောက်ရေကစားကြမယ့် သူတွေအတွက် ကားပါကင်နေရာ၆ခု စီစဉ်ထားပြီးတော့ ရေပတ်ကစားချိန်ကိုလည်း နံနက် ၉နာရီကနေ ညနေ ၆ နာရီအထိ ခေတ္တာလမ်းပိတ်ထားသွားမယ်။ ညနေပိုင်းနဲ့ ရေကစားချိန်မတိုင်ခင် လမ်းသွားလာနိုင်အောင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”လို့ ဆိုပါတယ်။

အင်းယာလမ်းလျှောက်သင်္ကြန်မှာတော့ ဈေးဆိုင်ခန်း ၁၀၀ ကျော်ပါဝင်သွားမှာဖြစ်ပါတယ်။ ဒါအပြင် လက်ရှိ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဒုတိယအကြိမ်မြောက် လမ်းလျှောက်သင်္ကြန်ပွဲတော်ကိုတော့ ရန်ကုန်မြို့ရဲ့ ကန်တော်မင် ပန်းခြံ ၊ အင်းယားလမ်း၊ မြကျွန်းသာ ၊ မဟာဗန္ဓုလမ်း စတဲ့ နေရာတွေမှာပြုလုပ်ကျင်းပသွားမှာဖြစ်ပါတယ်။

ဓာတ်ပုံ – သင်းသဒ္ဒါ

#voiceofmyanmar #သင်္ကြန် #အင်းယားသင်္ကြန် #ပြည်လမ်း

Related posts

Leave a Comment

VOM News

FREE
VIEW