ငွေကျပ် ၁၉ဘီလီယံကျော် အကုန်ကျခံ တည်ဆောက်ထားတဲ့ မန္တ​လေး-ပြင်​ဦးလွင်​ လမ်းသစ် စတင်ဖွင့်လှစ်

မန္တ​လေး၊ ​မတ်​ ၁၉-၂၀၁၉

ဟိန်းကို(VOM)

ငွေကျပ်တန်ဖိုး​ (၁၉.၇၃)ဘီလ်ီယံ အကုန်​ကျခံ တည်ဆောက်ထားတဲ့  မြစ်​ငယ်​-ထုံးဘို-ပြင်​ဦးလွင်လမ်း (မန္တ​လေး-ပြင်​ဦးလွင်​) လမ်းအပိုင်း ၄၈​ပေအကျယ်​ရှိ (၄)လမ်းသွား နိုင်​လွန်​ကတ္တရာလမ်း ဖွင်​လှစ်​တဲ့ အခမ်းအနားကို ဒီက​နေ့နံနက်​ပိုင်းက မန္တ​လေး-ပြင်​ဦးလွင်​ မိုင်​တိုင်​(၁၉/၁)မှာ ကျင်းပပြုလုပ်​ခဲ့ပါတယ်​။

နိုင်​လွန်​ကတ္တရာလမ်းခင်းတာကို B.O.T စနစ်​နဲ့ ​ဆောင်​ရွက်​ထားတာဖြစ်​ပြီး ​ဆောက်​လုပ်​​ရေးဝန်​ကြီးဋ္ဌာနနဲ့ ORIENTAL HIGHWAY ကုမ္ပဏီတို့က အကျိုးတူ ပူး​ပေါင်း ​ဆောင်​ရွက်​ခဲ့တာလည်း ဖြစ်​ပါတယ်​။

ဖွင့်ပွဲတက်ရောက်လာတဲ့ ဒေါက်တာဇော်မြင့်မောင်ကို တွေ့ရစဉ်

” မန္တ​လေး – ပြင်​ဦးလွင်​လမ်း ပိုမို​ကောင်းမွန်​​စေချင်​ပါတယ်​၊ မန္တ​လေးမြို့သစ်​စီမံကိန်းက ပြင်​ဉ်ီးလွင်​မှာ လုပ်​မှာ​ဗျ ဒါဟာကျွန်​​တော်​တို့အားလုံး အလုပ်​အကိုင်​ရှာ​ဖွေ ဖန်​တီးနိုင်​သလို ၊ နှစ်​ရှည်​စီမံကိန်းတစ်​ခုကို အ​ကောင်​အထည်​​ဖော်​မှာ ဖြစ်​တဲ့အတွက်​ အားလုံး စည်းကမ်းရှိမှဖြစ်​မှာ၊ အားလုံးညီညွတ်​မှဖြစ်​မှာ ၊ အစိုးရပိုင်းက အဂတိ ကင်းရမယ်​၊ ပြည်​သူပိုင်းက စည်းကမ်းရှိရမယ်​၊ ​စေတနာထား လုပ်​မှသာ တိုင်းပြည်​က ဖွံ့ဖြိုးတိုးတက်​မှာ ” လို့ မန္တ​လေးတိုင်းဝန်​ကြီးချုပ်​ ​ဒေါက်​တာ​​​​ဇော်​မြင့်​​မောင်​ က ​ပြောပါတယ်​။

မန္တ​လေး-ပြင်​ဦးလွင်​ လမ်းအပိုင်း (၄)လမ်းသွား နိုင်​လွန်​ကတ္တရာလမ်းကို ၂၀၁၇ခုနှစ်​ ဧပြီလ က​နေ စတင်​အ​ကောင်​အထည်​​ဖော်​ခဲ့ပြီး ၂၀၁၈ခုနှစ်​ မတ်​လအထိ အပြီးသတ်​ ​ဆောင်​ရွက်​ခဲ့တာဖြစ်​ပါတယ်​။

#voiceofmyanmar #မန္တလေးပြင်ဦးလွင်လမ်း #နိုင်လွန်ကတ္တရာ #ဒေါက်တာဇော်မြင့်မောင်

Related posts

Leave a Comment

VOM News

FREE
VIEW