ငါးလကျော်ကာလအတွင်း   နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်းနှစ်ထောင်နီးပါး ဝင်ရောက်ခဲ့

ရန်ကုန် ၊ မတ် ၂၁

TGH (VOM)

၂၀၁၈ ခုနှစ်အောက်တိုဘာကနေ မတ်လ  ၁၅ ရက်အထိ ငါးလကျော်ကာလအတွင်း   နိုင်ငံခြားရင်းနှီးမြှပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၉၄၃.၉၇၆သန်း ရှိခဲ့တယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးကပြောပါတယ်။

 

” ပြီးခဲ့တဲ့အစည်းအဝေး အတွင်းမှာ ခွင့်ပြုပေးခဲ့တာတင် လုပ်ငန်း ၁၆ ခု၊ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၉၆.၉၉၀သန်းရှိတယ်။ဒီလုပ်ငန်းတွေကနေ ပြည်တွင်းအလုပ်သမား အလုပ်အကိုင်အတွက် လူ ၈၀၀၀ကျော်ကို အလုပ်ရရှိစေမယ်၊ခွင့်ပြုခဲ့တာတွေက ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊စက်မှုကဏ္ဍနဲ့ နောက်ထပ်ကဏ္ဍတစ်ခုပေါ့။”လို့ ဦးအောင်နိုင်ဦးကပြောပါတယ်။

 

၂၀၁၇ ခုနှစ် အောက်တိုဘာကနေ ၂၀၁၈ မတ် ၁၅ ရက်နေ့အထိ  ရင်းနှီးမြှုပ်နှံမှုအခြေအနေနဲ့ ၂၀၁၈ ခုနှစ် ကာလတူအချိန်ကို နှိုင်းယှဉ်ပါက အခုနှစ်မှာ ပရောဂျက်ပေါင်း ၄၀ ကျော် ပိုများလာသလို ပမာဏအနေနဲ့လည်း  အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် တိုးတက်ကွာခြားမှုရှိခဲ့တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့အစည်းအဝေးအမှတ်စဉ် ၄/၂၀၁၉ အပါအဝင် တပတ်အတွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဆိုပြု လုပ်ငန်း ၃ ခု၊အတည်ပြုလုပ်ငန်း ၁ ခု ကော်မရှင်ကခွင့်ပြုခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီက အတည်ပြုလုပ်ငန်း  ၁၂ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

အဲဒီ ရင်းနှီးမြှုပ်နှံမှုတွေထဲမှာဆိုရင် ခွင့်ပြု၊ပေးခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ပန်း ၁၂၅ ခု ပမာဏအနေနဲ့ အမေရိကန်ဒေါ်လာ ၁၃၃၂.၀၉၁ သန်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုထပ်မံတိုးမြင့်ခဲ့တဲ့ပမာဏနဲ့ပေါင်းလိုက်ရင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၈၄၀.၉၀၆သန်း၊ အထူးစီးပွားရေးဇုန်ဥပဒေအရရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခဲ့တာက အမေရိကန်ဒေါ်လာ ၁၀၃.၀၇၀သန်း ဖြစ်ပါတယ်။

#voiceofmyanmar #ရင်းနှီးမြှပ်နှံမှု #အမေရိကန်ဒေါ်လာ #စီးပွားရေး

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW