အီးယူကနေ နှုတ်ထွက်ရေး ပါလီမန်ကခွင့်ပြုရင် ရာထူးကဆင်းပေးမယ်လို့ ဗြိတိန်ဝန်ကြီးချုပ်ကတိပြု

  လန်ဒန်၊ မတ် ၂၈-၂၀၁၉ မျိုးဆက် (VOM) ဥရောပသမဂ္ဂ (အီးယူ)ကနေ ဗြိတိန်နှုတ်ထွက်ရေးအတွက် ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေရဲ့ ဘရီဇစ် သဘောတူညီချက်ကို ပါလီမန်က ခွင့်ပြုမယ်ဆိုရင် သူ့အနေနဲ့ ရာထူးကနေ ဆင်းပေးဖို့ ကတိပြုတယ်လို့ မတ် ၂၇ ရက်မှာ ပြောဆိုလိုက်ပါတယ်။ ဥရောပသမဂ္ဂမှ နှုတ်ထွက်ရေးသဘောတူညီချက်အတွက် ပေးမဲဖို့နဲ့ပတ်သက်ပြီး အမတ်အချို့ရဲ့ စိုးရိမ်မှုတွေကို သူမအနေနဲ့ နားလည်ပြီး ပါလီမန်မှာ ဆွေးနွေးမှုမပြုလုပ်တော့ဘဲ အဖွဲ့ဝင် ၂၈ နိုင်ငံပါတဲ့ အီးယူနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကို အဆင့်နှစ်ဆင့်နဲ့ အလျင်အမြန်လုပ်ဆောင်ဖို့ လုပ်ပိုင်ခွင့်တစ်ရပ်ရယူသွားမယ်လို့ ၀န်ကြီးချုပ် ထရီဇာမေကပြောပါတယ်။ နိုင်ငံနဲ့ ပါတီအတွက် အခွင့်အရေးတွေကို လုပ်ကိုင်ဖို့ ရည်ရွယ်ထားပြီး အစောပိုင်းကတည်းက ၀န်ကြီးချုပ်ရာထူးကနေ နှုတ်ထွက်ဖို ပြင်ဆင်ထားတယ်လို့ ပါလီမန်မှာ ကွန်ဆာဗေးတစ် အမတ်တွေနဲ့ တံခါးပိတ် အစည်းအဝေးတစ်ရပ်မှာ သူကပြောပါတယ်။ ဗြိတိန်ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့နဲ့…

Read More

ဘရူနိုင်းနိုင်ငံမှာ နောက်မီးလင်းသူ၊ လိင်တူဆက်ဆံသူတွေကို ခဲနဲ့ပေါက်ပြီးသေဒဏ်ပေးတော့မယ်

  ဘန်ဒါဆရီဘီဂါဝမ်၊ မတ်၂၈-၂၀၁၉ မျိုးဆက်(VOM) ဘရူနိုင်းနိုင်ငံမှာ လာမယ့်သီတင်းပတ်ကစပြီး ကျင့်သုံးတော့မယ့် ဥပဒေသစ်အရ အိမ်ထောင်ရေးဖောက်ပြန်ပြီး နောက်မီးလင်းသူတွေနဲ့ လိင်တူဆက်ဆံသူတွေကို ခဲနဲ့ပေါက်သတ်တဲ့နည်းနဲ့ အပြစ်ပေးတော့မှာဖြစ်ပါတယ်။ ဒီလိုအပြစ်ပေးတော့မယ့် ကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေကတော့ အမျက်ဒေါသ အကြီးအကျယ်ထွက်နေကြပါတယ်။ ရှာရီယာဥပဒေရဲ့ ပြစ်မှုဆိုင်ရာ ပြဌာန်းချက်တွေအောက်က အဲဒီဥပဒေသစ်ကို ဧပြီလ ၃ ရက်ကစပြီး စတင်ကျင့်သုံးတော့မှာ ဖြစ်ပါတယ်။ ဥပဒေသစ်ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလမှာ ချမှတ်ခဲ့တာဖြစ်ပြီး ပြစ်ဒါဏ်တွေတစ်ဖြည်းဖြည်း တိုးမြင့်လာခဲ့ပါတယ်။ အခုပြဌာန်းချက်ကတော့ ဘရူနိုင်း ရှေ့နေချုပ် ၀က်ဘ်ဆိုက်မှာ ပြီးခဲ့တဲ့နှစ်က ဖော်ပြထားတာကို ရုတ်တရက် ကြေညာလိုက်တာဖြစ်ပါတယ်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကတော့ ဘရူနိုင်းနိုင်ငံက ပြဌာန်းလိုက်တဲ့ ဥပဒေပြဌာန်းချက်အသစ်ကို ပြစ်တင်ဝေဖန်လိုက်ပြီး ဒီလိုအပြစ်ပေးနည်းအသစ်ကို အကောင်အထည်ဖော်ခြင်းမပြုဖို့ တောင်းဆိုထားပါတယ်။ အဲဒီလိုအပြစ်ပေးမယ့်အစီအစဉ်ကို လွန်ခဲ့တဲ့ ငါးနှစ်ကပထမဆုံးဆွေးနွေးကတည်းက ရက်စက်ကြမ်းကြုပ်တဲ့ ပြဌာန်းချက်အပေါ် ပြစ်တင်ရှုတ်ချမှုတွေ ကျယ်ကျယ်ပြန့်ပြန့်…

Read More

အပြစ်မဲ့ပြည်သူတွေထိခိုက်သေဆုံးနေရတဲ့အတွက် အပစ်ခတ်ရပ်စဲပေးကြဖို့ တစ်ကိုယ်တော်လမ်းလျှောက်ဆန္ဒပြ

စစ်တွေ၊ မတ် ၂၈-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဒီကနေ့ မတ်လ ၂၈ ရက်နေ့ မနက် ၉ နာရီလောက်ကစတင်ပြီးတော့ ရခိုင်ပြည်နယ်အတွင်း က တိုက်ပွဲတွေကိုရပ်ပေးဖို့အတွက် နှစ်ဖက်အဖွဲ့အစည်းတွေကိုတောင်းဆိုတဲ့ တစ်ကိုယ်တော်လမ်းလျှောက်ဆန္ဒထုတ်ဖော် မှုတစ်ခုကို သံဃာတော်တစ်ပါးကပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီဆန္ဒထုတ်တော်မှုကိုပြုလုပ်ရတာဟာ လက်ရှိရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့်အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေနဲ့ ရင်ဆိုင်နေကြရတာကြောင့် အပစ်အခတ်ရပ်စဲပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ဆက်လက် ပြုလုပ်ကြဖို့အတွက် ရည်ရွယ်ပြီးဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။ “ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားနေတယ်။ အဲ့ဒီတိုက်ပွဲတွေကိုရပ်စဲပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်ပေးကြဖို့အတွက် တောင်းဆိုတဲ့အနေနဲ့ ဆန္ဒထုတ်ဖော်ရတာဖြစ်ပါတယ်။”လို့ လမ်းလျှောက်ဆန္ဒပြတောင်းဆိုခဲ့သည့် အရှင်စက္ကိန္ဒက မိန့်ပါတယ်။ ဒါ့အပြင် ကျေးရွာတွေတိုက်ခိုက်ခံနေရတာတွေနဲ့ မြို့တွင်းပစ်ခတ်မှုတွေကိုပြုလုပ်နေကြတဲ့အတွက် အရပ်သားပြည်သူတွေ နေအိမ်တွေမှာနေထိုင်ရင်း သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းတွေနဲ့ ကြုံတွေ့နေကြရတာကြောင့် မြို့ပေါ်တွေမှာတောင် ဈေးဆိုင်တွေဖွင့်ပြီးညမဘက်မရောင်းရဲကြတော့တဲ့အတွက် အားလုံးကိုထိခိုက်လာနေတယ်လို့ ဆိုပါတယ်။ “စစ်တွေမြို့လိုနေရာမှာတောင် ညနေပိုင်းဆိုရင် ဈေးမရောင်းကြတော့ဘူး။ လူတွေအသွားအလာမရှိတော့ဘူး။ ခြောက်ကပ်ပြီးတော့ဖြစ်လာနေတယ်။…

Read More

စာရေးဆရာမကြီးဒေါ်ခင်ဆွေဦး ကွယ်လွန်

ရန်ကုန် မတ် ၂၈- ၂၀၁၉ သင်းသဒ္ဒါ စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦး အသက် (၈၇)နှစ်ကတော့ လူကြီးရောဂါနဲ့ မတ်၂၇ ရက် ညပိုင်း ၁၀နာရီ ၁၅မိနစ်အချိန်က ဆည်းဆာရိပ်ဂိလာန ဘိုးဘွားရိပ်သာမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ”ဆရာမကြီးကတော့ လူကြီးရောဂါနဲ့ ညက ဆုံးသွားတာပါ။ လူကြီးရောဂါ ဖြစ်နေတာကတော့ ၅ လကျော် ၆ လလောက်ရှိပါပြီ ။ကျွန်မတို့  မြန်မာနိုင်ငံမှာက စာရေးဆရာကြီးကတော့ ဘယ်လိုမှတန်ဖိုးဖြတ်လို့ မရပါဘူး။ သူ့ရဲ့ စာဖတ်ပရိသတ်တွေအတွက် စာကောင်းပေကောင်းတွေလည်း အများကြီးပေးခဲ့ပါတယ်။ဒေါ်ခင်ဆွေဦး ပတ်သက်ပြီး လူတိုင်းက နှမြောတသ ယူကြုံးမရတော့ ဖြစ်ကြတာပေါ့။ခေတ်အဆက်ဆက်မှာလည်း ခေတ် ရဲ့ ပုံရိပ်တွေကို ထင်ဟပ်စေတဲ့ စာတွေရေးဖွဲ့ ခဲ့တယ်။သူရဲ့ နဂိုစိတ်အနေအထားကလည်း အတော်ကို အေးချမ်းပါတယ်။အရာရာကိုလည်း အကောင်းမြင်ဝါဒနဲ့ ကြည့်တတ်ပါတယ်။ အင်မတန် တန်ဖိုးဖြတ်မရတဲ့ ဆုံးရှုံးမှုပါပဲ”လို့ စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ဆိုပါတယ်။…

Read More

လစ်ဗျားကမ်းလွန်မှာ ကုန်တင်သင်္ဘောတစ်စင်းကို ရွှေ့ပြောင်းနေထိုင်သူတွေ ပြန်ပေးဆွဲ

ထရီပိုလီ ၊ မတ်၂၈-၂၀၁၉ မျိုးဆက်(VOM) လစ်ဗျားကမ်းလွန်မှာ ရွှေ့ပြောင်းနေထိုင်တွေကို ကယ်ဆယ်လိုက်တဲ့ ကုန်တင်သင်္ဘောတစ်စင်းကို ပြန်ပေးဆွဲပြီး မော်လ်တာနိုင်ငံသို့ ဦးတည်ခုတ်မောင်းဖို့ သင်္ဘောမှုထမ်းများကို အမိန့်ပေးစေ ခိုင်းလိုက်ကြပါတယ်။ သူတို့ကို ကယ်ဆယ်ပြီး လစ်ဗျားနိုင်ငံကို ပြန်လည်ပို့ဆောင်မယ်လို့ သင်္ဘောအမှုထမ်းတွေက ပြောဆိုပြီးနောက် သင်္ဘောကိုပြန်ပေးဆွဲလိုက်ကြတာလို့ သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကပြောပါတယ်။ အဲဒီသင်္ဘောပေါ်မှာတော့ ရွှေ့ပြောင်းနေထိုင်သူ ၁၀၀ကျော်လိုက်ပါသွားကြပါတယ်။ မော်လ်တာနိုင်ငံက သူတို့ရဲ့ ရေပိုင်နက်အတွင်း အဲဒီသင်္ဘောကို ၀င်ရောက်ခွင့်ပြုမှာမဟုတ်ဘူးလို့ မော်လ်တာစစ်ဘက်ကပြောပါတယ်။ သင်္ဘောပြန်ပေးဆွဲသူတွေကို ပင်လယ်ဓါးပြတွေအဖြစ် အီတလီ ဒုတိယ၀န်ကြီးချုပ် မာတီအိုဆယ်ဗီနီ ကဝေဖန်ပြောဆိုလိုက်ပါတယ်။ မြေထဲပင်လယ်အတွင်း ရေတပ်ကင်းလှည့်တာတွေကို ဥရောပသမဂ္ဂက အဆုံးသတ်ဖို့ လုပ်ဆောင် နေချိန်မှာဘဲ ဒီလို ပြန်ပေးဆွဲမှုဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒီလို ရေတပ်ကင်းလှည့်တဲ့ စစ်ဆင်ရေးကို အီတလီနိုင်ငံရဲ့ တောင်းဆိုလို့ စက်တင်ဘာလအတွင်းက ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာလို့ ဥရောပသမဂ္ဂက ဆိုပါတယ်။ ဒီစစ်ဆင်ရေးဟာ လူမှောင်ခိုမှုတွေကို တားဆီးဖို့နဲ့…

Read More

အခြေခံစပါးဈေးနှုန်းအသစ်ကို ဧပြီလဆန်းပိုင်းမှာ ထုတ်ပြန်ကြေငြာပေးမယ်

ရန်ကုန် ၊ မတ် ၂၈ VOM(TGH) စပါးတွေ ပေါ်ချိန်ရောက်ခါနီးပြီဖြစ်တဲ့အတွက် အခြေခံစပါးဈေးနှုန်းအသစ်ကို လာမယ့် ဧပြီလဆန်းပိုင်းမှာ ထုတ်ပြန်ပေးသွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ကနေသိရပါတယ်။ ဒီလိုဈေးနှုန်းသတ်မှတ်ရာမှာ   တောင်သူလယ်သမားတွေရဲ့  စိုက်ပျိုးထုတ်လုပ်တဲ့ကုန်ကျစရိတ် ၊ နိုင်ငံတကာဈေးနှုန်း ၊ ငွေလဲလှယ်ဈေးနှုန်း စတာတွေနဲ့  တွက်ချက်ပြီး အားလုံး အဆင်ပြေမယ့် အခြေခံစပါးဈေးနှုန်းကို သတ်မှတ်ထုတ်ပြန်တာဖြစ်ပါတယ်။ ဒီနှစ်အတွက် စပါးဈေးနှုန်းအသစ်ကိုလည်း မကြာခင်ကြေငြာပေးနိုင်ဖို့အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာနကနေ တရားဝင်စာတင်ပြထားပြီးဖြစ်တယ်လို့သိရပါတယ်။ “နိုင်ငံတော်ဘက်ကိုတော့တင်ပြထားတယ်။နောက်ဆုံးအဆင့်တော့ရောက်ပြီ။ တောင်သူလယ်သမားတွေအကျိုးစီးပွားဖြစ်အာင် ၊ ကုန်သည်တွေလည်းမနစ်နာအောင် ချိန်ဆနေရ တယ်။ အကုန်လုံးတွက်ချက်ရတယ်။ အားလုံးတော့တင်ပြထားတယ်။သူတို့က ထုတ်ပြန်ပါ ဆိုတာနဲ့ထုတ်ပြန် ရမှာဖြစ်ပါတယ်။ဘယ်လောက်နှုန်းထားဖြစ်မလဲဆိုတာကတော့ တင်ပြထားဆဲဖြစ်လို့ ပြောဖို့အဆင်မပြေ သေးဘူး။ထုတ်ပြန်မှပဲ တရားဝင်ကြေငြာပေးပါမယ်။ဒီလို ဈေးနှုန်းထပ်ပြီးမကြေငြာခင်မှာ  တချို့ကလည်း မထုတ်ပြန်နိုင်သေးဘူးလာဆိုပြီးမေးတယ် တချို့ကလည်း ဈေးကိုဆွဲချချင် လို့မထုတ်ပြန်သေးတဲ့အပေါ် ကောလဟာလွင့်တယ်။ဈေးနှုန်းက နှစ်အတွင်းသတ်မှတ်ထားတာမဟုတ်ပေမယ့်လည်း သီးနှံရာသီပြည့်နေတဲ့အချိန် မထုတ်ပြန်နိုင်သေးတဲ့အချိန်တွင်းမှာ ထုတ်ပြန်ထားပြီးသား အခြေခံဈေးနှုန်းလေးအတိုင်းဆက်ဝယ်ပေးဖို့ ထုတ်ပြန်ထားပါတယ်”လို့ …

Read More

ပြည်တွင်းမွေးမြူရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်ကစိတ်ဝင်စားမှုအားနည်းနေ

  ရန်ကုန် ၊ မတ် ၂၇ TGH(VOM)   နိုင်ငံတော်အနေနဲ့ ပြည်တွင်းမွေးမြူရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ စိတ်ဝင်စားမှုအားနည်းနေတာကြောင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ အများကြီးအားယူရမဲ့အခြေနေဖြစ်နေတယ်လို့ ဧရာဝတီတိုင်း  ပုဇွန်မွေးမြူရေးနဲ့ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်ဇော်ကပြောပါတယ်။   “၂၀၁၅ လောက်မှာ နိုင်ငံတော်သမ္မတအပါ တိုင်းဝန်ကြီးချုပ်ထိပါ အစီရင်ခံစာတင်ပြဖူးတယ်။တွေ့လည်းတွေ့ခဲ့တယ်။ထုတ်ကုန်အမယ်အသစ် နိုင်ငံခြားဝင်ငွေရှာလို့ရတာမျိုးပေါ့ ရေလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးကြီးတဲ့အကြောင်းအရာကိုတင်ပြတယ်။ဒါပေမဲ့နိုင်ငံတော်ကစိတ်ဝင်စားမှုအားနည်းတယ်။အဆောက်အဦးဆောက်ဖို့လောက်ပဲ စိတ်ဝင်စားနေတယ်။အမှန်ကရေလုပ်ငန်းဖွံ့ဖြိုးရင် နိုင်ငံခြားဝင်ငွေက ရှာလို့အကောင်းဆုံးပဲ။အများကြီးရှာလို့ရတယ်။ဥပမာ အာတီးမီးယားနဲ့ပတ်သက်လို့တက္ကသိုလ်တွေကိုမေးမယ်ဆိုရင် မသိတာကဆိုးတယ်။နိုင်ငံတော်ကမပံပိုးပေးနိုင်သေးဘူး။အခွန်ပဲကောက်ပြီး ပံ့ပိုးမှုကြဘာမှမရှိတော့ ကြာတော့စိတ်ဓာတ်ကျမိတယ်”လို့ ပြောပါတယ်။   စိုက်ပျိုးရေးလုပ်ငန်းထက် မွေးမြူရေးလုပ်ငန်းတွေကသာ ဝင်ငွေအများဆုံးရှာနိုင်တာဖြစ်တာကြောင့် ပြည်တွင်းမွေးမြူရေးကဏ္ဍဖွံ့ဖြိုးဖို့မှာ နိုင်ငံတော်ကနေ ပံပိုးမှုအဖြစ် သက်သာတဲ့ဈေးနူန်းတွေနဲ့ စက်ယန္တရားတွေကိုငှါးရမ်းပေးဖို့လိုအပ်နေတယ်လို့ ပြောပါတယ်။   လပွတ္တာ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ရဲ့ ဦးစီးဌာနမှူး ဦးသက်ဦး(ယာယီ တွဲဖက်)”နိုင်ငံတကာက အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေးနေပါတယ်။နိုင်ငံတော်အနေနဲ့က ဘတ်ဂျက်က မလုပ်ပေးနိုင်သေးဘူးပေါ့။နည်းပညာတွေ အရင်းအနှီးတွေ လိုအပ်ချက်တွေရှိနေသေးတယ်”လို့ ပြောပါတယ်။   မြန်မာနိုင်ရဲ့ ရေထွက်ပစ္စည်း…

Read More
VOM News

FREE
VIEW