သားဖြစ်သူကို ​ဒါရိုက်​တာအဖြစ်​နဲ့ပဲ ​အောင်​မြင်​​စေချင်​တဲ့ ​မေသန်းနု

ရန်ကုန် မတ် ၂၉- ၂၀၁၉

သင်းသဒ္ဒါ

နာမည်ကြီး အနုပညာရှင် အကယ်​ဒမီ​မေသန်းနုကတော့ တစ်​ဦးတည်း​သောသား မင်းသန့်​​မောင်​​မောင်​ကို ဒါရိုက်​တာပဲဖြစ်​​စေချင်​တယ်​လို့ ဆိုပါတယ်​။

“သားသားကဒီတစ်​​​ခေါက်​ အပြီးပြန်​လာတာဆို​တော့ သူ့အ​ဖေအလုပ်​​တွေ ဝိုင်းလုပ်​ဖို့ရှိတယ်​။ အဓိက​တော့ သူ့အ​ဖေရဲ့အစီအစဉ်​​အောက်​မှာ​ပေါ့​နော်​။သူ့အ​ဖေက​တော့ အ​ကောင်းဆုံးဖြစ်​​အောင်​စီစဉ်​​နေတာပဲ။အဓိက​တော့ ဒါရိုက်​တာလိုင်း​ပေါ့။သူကအမေရိကန်မှာ အဲဒါနဲ့​ကျောင်းပြီးထားတာဆို​တော့​လေ။ ဒါရိုက်​တာလိုင်းမှာ​အောင်​မြင်​တဲ့ဒါရိုက်​တာတစ်​ဦးဖြစ်​ရမယ်​ဆိုတဲ့ ရည်​ရွယ်​ချက်​နဲ့ မိဘနှစ်​ဦးစလုံးက သူ့ကိုစဉ်းစားထားပါတယ်​။အ​ဖေကလည်းသူ့ကိုအားကိုးတယ်​။က​လေးကလည်းဒီတစ်​​ယောက်​ထဲရှိ​တဲ့အတွက်​ ​အောင်​မြင်​တဲ့ဒါရိုက်​တာဖြစ်​​စေချင်​တယ်​။မဆင့်​ကလည်း ဒါရိုက်​တာဖြစ်​ဖို့ကို အား​ပေးမယ်​။က​လေးကလည်း ဝါသနာပါတယ်​​လေ။အ​ကောင်းဆုံးဖြစ်​​အောင်​​တော့ ပံ့ပိုးမှာပဲ”လို့ ဆိုပါတယ်။

သူကတော့ ဖခင်ဖြစ်သူ စင်ရော်မောင်မောင် နဲ့အတူ ဇာတ်ညွှန်းမိုးနီလွင်ရဲ့ “တစ်​ခါ က ဆောင်း” ဇာတ်ကားကို ကိုရီးယား အနုပညာရှင်တွေနဲ့အတူ တွဲဖက်ရိုက်ကူးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

တက်သစ်စဒါရိုက်တာ ​အသစ်​တစ်​​ယောက်​အ​နေနဲ့ မြန်​မာပရိသတ်​နဲ့ အံဝင်​​ဖို့ ပတ်သက်ပြီး “သူကလည်းလူငယ်​ဆို​တော့ လူငယ်​ကာရိုက်​တာနဲ့ လူငယ်​ပရိသတ်​က မစိမ်းဘူး​ပေါ့​နော်​။လူငယ်​အမြင်​အတွက်​ လူငယ်​ကသတ်​သတ်​ရှိ​နေမှာပဲ။ဒါ​ပေမယ့်​ လူငယ်​ရိုက်​တာကို လူကြီးက​ဝေဖန်​တာ​တော့ သိပ်​မဟုတ်​ဘူး​လေ။သူ့​ခေတ်​နဲ့ သူ့အခါ​တော့ အံဝင်​တယ်​လို့ မဆင့်​တို့ကထင်​တယ်​​လေ။အဓိက သူ့ရဲ့စဉ်းစားတဲ့ idea ​ပေါ့​နော်​။သူ့အ​ဖေရဲ့ guide line လည်းရှိမယ်​။အ​မေရဲ့ guide line လည်းရှိမယ်​။သူဖြစ်​သင့်​၊မဖြစ်​သင့်​။ကောင်း၊မ​ကောင်းဆိုတာကို​ဘေးက​နေအား​ပေးမယ့်​သူ​တွေလည်း ရှိ​နေ​တော့ ​ဘေးကို​ချော်​ထွက်​မသွားနိုင်​ဘူး​ပေါ့။ဇဏ်​ခီတို့ကျ​တော့ စွန့်ရတာ​လေ။အချိန်​​တွေလည်း အများကြီးပဲ။သူတို့ရဲ့အနုပညာ​တွေ နစ်​နာတာ​ပေါ့။ဒါ​ပေမယ့်​ သူတို့ရဲ့​အောင်​မြင်​မှုက နစ်​နာရကျိုးနပ်​သွားတာ​ပေါ့​နော်​။ဒါကိုကြည့်​ခြင်းအားဖြင့်​ ပရိသတ်​က အသစ်​​တွေ ၊အငယ်​​တွေကိုအား​ပေးတာသိသာ​နေပါတယ်​။ကြိုးစားရကျိုးနပ်​တာ​ပေါ့” ​လို့ဆိုပါတယ်။

ဓာတ်ပုံ – စင်ရော်မောင်မောင် facebook

#voiceofmyanmar #အနုပညာ #မေသန်းနု #ဒါရိုက်တာ

Related posts

Leave a Comment

VOM News

FREE
VIEW