ချင်းပြည်နယ်လွှတ်တော် ဒုဥက္ကဌ ရာထူးက နုတ်ထွက်မှု ပြည်သူလူထုကို ရှင်းလင်း

မင်းတပ် မတ် ၃၀-၂၀၁၉

မိုင်ချယ်ရီ(VOM)
ချင်းပြည်နယ် လွှတ်တော် ဒုဥက္ကဌ ဦးအောင်သန်း လွှတ်တော် ဒုဥက္ကဌ ရာထူးမှ နုတ်ထွက်ရ တာနဲ့ ပတ်သတ်လို့ ပြည်သူလူထုကို ရှင်းလင်းပြတဲ့ အခမ်းအနားကို မင်းတပ်မြို့ အ.ထ.က(၁) ခန်းမ မှာ  မတ်လ ၃၀ ရက်နေ့ မနက်ပိုင်းက မင်းတပ်မြို့နယ် မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီပွဲမှာ ဦးအောင်သန်း က အခုလို တာဝန်ကနေ နုတ်ထွက်ရခြင်းမှယ မင်းတပ်မြို့တွင်း လမ်းတာချဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မင်းတပ်မြို့က ပြည်သူတွေက တိုင်စာပို့ရာမှာ အဲ့ဒီကိစ္စ ကို စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဆီမှာသွားရောက် ရှင်းလင်းပြခြင်း မရှိတဲ့အတွက် ဖြစ်တယ်လို့  သူက အခုလို ပြောပါတယ်။

” ကိုယ့်မြို့နယ်က ဒီလောက်ပဲ ရလို့ ဒီလောက် လုပ်တဲ့ နေရာမှာတော့ မြို့လူထုက အားလုံးပါဝင်သင့်တယ်လို့ ယူဆလို့ လုပ်တဲ့ ကိစ္စမှာ တိုင်တယ်။တိုင်တဲ့ ကိစ္စမှာလည်း နိုင်ငံတော်ဘတ်ဂျတ်ငွေ အလွဲသုံးစားလို့လည်း မဟုတ်ဘူး လာဘ်ပေးလာဘ်ယူကိစ္စလည်း မဟုတ်ဘူး။ လူမှုရေး ကိစ္စလည်း မဟုတ်ဘူး။ဗဟိုကလည်း ပြောပြီးသား ဒေါက်တာဇော်မြင့်မောင်က လဲ ပြောတယ် ဘာမှ ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူးတဲ့ ။ဒါပေမယ့် စည်းကမ်းထိန်းသိမ်းရေးက ကျွန်တော်က သွားမဖြေရှင်းလို့ပါ ဆိုတဲ့ အချက်နဲ့ ကျွန်တော့်ကို ထွက်ခိုင်းတာ။ကျွန်တော့်ကို သွားပြီးတော့ မဖြေရှင်းဘူးလို့ ပြောတဲ့ နေရာမှာ ဒေါက်တာမေ၀င်းမြင့်က ဒီကိစ္စတွေကို ကိုင်တယ်။တိုင်စာတွေကို ကိုင်တဲ့ အခါကျတော့ ခင်ဗျားလမ်းတာချဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ အတိုင်ခံရတယ် ဆိုပြီး ကျွန်တော့်ကို ဟားခါးမှာ ပြောပြီးတော့မှ  ခင်ဗျား ပြုပြင်မယ်ဆိုရင် အချိန်ရှိသေးတယ်ဆိုပြီး သူပြောပြီးပြီလေ။ပြုပြင်ဖို့ အချိန်ရှိသေးတယ်ဆိုတာက နှုတ်ထွက်ဖို့ မလိုဘူးပေါ့ အဲ့လိုပဲ ကျွန်တော်နားလည်တယ် ဒီအတိုင်း နေလာတာ။အဲ့တာကို နေပြည်တော်ကို ပြန်ရောက်ပြီးမှ ကျွန်တော့်ကို စောင့်နေတယ်တဲ့ သူက။အဲ့ဒီမှာ ကျွန်တော် သွားမရှင်းဘူး။ရှင်းရမှန်းလဲ  မသိဘူး။ကျွန်တော့်ကို လာရှင်းပါလို့ စာနဲ့လည်း မခေါ်ဘူး။တယ်လီဖုန်းနဲ့လည်း မဆက်ဘူး။တရာဝင် စာနဲ့လည်း မခေါ်ဘူး တယ်လီဖုန်းနဲ့လည်း မဆက်ဘူး။မဆက်တော့ ဟားခါးမှာ ပြောတာက ပြင်ဆင်မယ်ဆိုရင် အချိန်ရှိသေးတယ် ပြောတဲ့ အတွက်ကြောင့် ကျွန်တော်သည် ရှေ့လျှောက်ပြီးမှ လုပ်တာ ကိုင်တာ သတိထားရမယ်လို့ပဲ ယူဆ တဲ့ အတွက်ကြောင့် သွားမရှင်းတာဖြစ်တယ်။အဲ့ဒါကို သူ့ကို သွားမရှင်းလို့ မထီလေးစား လုပ်ပါတယ်ဆိုပြီးတော့မှ နှုတ်ထွက်သင့်ပါတယ်လို့ အစီရင်ခံစာရေးတာ ဖြစ်ပါတယ်။ဒါ ဒီမှာ ရှင်းရှင်းလေး ကျွန်တော်ပြောမယ်။ဒါကြောင့် အဲ့လို သူတို့ CEC က ဆုံးဖြတ်ပြီးသား ဖြစ်တဲ့အတွက်ကြောင့် သူတို့ လုပ်တာက မှားမှား မှန်မှန် ပြန်မပြင် ချင်တဲ့ ဆန္ဒ သူတို့မှာ ရှိပါတယ်။ပါတီရဲ့ သိက္ခာ။ဒါကြောင့် ကျွန်တော်က ဖြေရှင်းခွင့်ပေးပါလို့ တင်ပြတယ်။အဲ့ဒါတော့ ဒေါက်တာမေ၀င်းမြင့် လာတုန်းက ဖြေရှင်းခွင့် မရတဲ့ ဟာ မခေါ်လို့ မဖြေရှင်းရတဲ့ ဟာ ဖြစ်လို့ ဖြေရှင်းခွင့်ပေးပါလို့ တင်ပြတဲ့ အခါကျတော့ ဖြေရှင်းခွင့်တော့ ပေးပါတယ်။ဖြေရှင်းပါတဲ့။ဒါပေမယ့် ပါတီက ပြောတဲ့ အတိုင်းတော့ အမိန့်ကိုတော့ ခင်ဗျား နာခံဖို့တော့ လုပ်ပေးပါအုံး တဲ့ ။ပါတီရဲ့ အမိန့် မနာခံရင် ပါတီဝင်ကနေ ပါ ထုတ်ပယ်မှာနော်။ထုတ်မှာ ပါတီကနေပါ ထုတ်မှာ သူတို့။အဲဒါကြောင့် ကျွန်တော်လည်း ပါတီစည်းကမ်းလိုက်နာသော အားဖြင့် နှုတ်ထွက်စာတင်ပြီးပြီ”လို့ ပြောပါတယ်။
လွှတ်တော် ဒုဥက္ကဌ ဦးအောင်သန်း ဟာဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ၀င်တစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ မင်းတပ်မြို့နယ် ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁) ကနေ ရွေးချယ်ခံခဲ့ပြီး လွှတ်တော်ကိုယ်စာလှယ်ဖြစ်လာပြီးနောက် လွှတ်တော် ဒုဥက္ကဌတာဝန်ကို ထမ်းဆောင်နေသူဖြစ်သည်။သူဟာဆိုရင် ပါတီဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်များ၏ ရာထူးမှ နုတ်ထွက်ရမည်ဆိုသည့် ညွန်ကြားချက် ထွက်ပေါ်လာပြီးနောက်ပိုင်း မတ်လ ၂၆ ရက်နေ့မှာ စတင် ကျင်းပတဲ့ ပြည်နယ်လွှတ်တော်ပုံမှန်အစည်းအဝေးမှာ ဒုဥက္ကဌရာထူးကနေ နုတ်ထွက်စာတင်ပြီး နုတ်ထွက်ခဲ့သူ ဖြစ်သည်။

#voiceofmyanmar #ချင်းပြည်နယ်လွှတ်တော် #ဒေါက်တာဇော်မြင့်မောင် #ဦးအောင်သန်း

Related posts

Leave a Comment

VOM News

FREE
VIEW