စစ်ကိုင်းမြို့မှာ နိဗ္ဗာန်ဈေးပွဲတော် ပြုလုပ်

စစ်ကိုင်း မတ် ၃၀-၂၀၁၉

စောပြည့်ချမ်းသာ(VOM)

စစ်ကိုင်းမြို့၊ပန်းဘဲတန်းရပ်ကွက်မှာ မဟာဒုတ်ဘုံဆွမ်းလောင်းအသင်းရဲ့(၆)နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဒီကနေ့ ညနေ (၃)နာရီ အချိန် ကနေ စတင်ပြီး ပန်းဘဲတန်းရပ်ကွက် ရွှေဘုန်းပွင့် ရွှေဘုန်းမြင့်ဘုရားရှေ့ကနေ မန္တလေးမုံရွာလမ်းမကြီးပေါ် နဲ့ ကုန်တိုက်လမ်းအတိုင်း နိဗ္ဗာန်ဈေးစတုဒီသာဆိုင်ခန်းတွေ ခင်းကျင်းပြီး နိဗ္ဗာန်ဈေးပွဲတော်ပြုလုပ်နေပါတယ်။

ပန်းဘဲတန်းရပ်ကွက် ရွှေဘုန်းပွင့် ရွှေဘုန်းမြင့် ဘုရားဂေါပကအဖွဲ့က ဦးဆောင်ပြီး မဟာဒုတ်ဘုံဆွမ်းလောင်းအသင်းကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး လက်ရှိအချိန်မှာ သက်တမ်း ၆ နှစ်ပြည့်ဖြစ်ပြီးဖြစ်တယ်လို့ သိရပါတယ်။

“ရပ်ကွက်သူ၊ရပ်ကွက်သားအလှူ ရှင်များက စေတနာအလျောက်တတ်နိုင်သလောက် လှူဒါန်းကျွေးမွေးတာပါ ၊ဒီမဟာဒုတ်ဘုံဆွမ်းလောင်းအသင်း နိဗ္ဗာန်ဈေးပွဲစတုဒီသာလှူဒါန်းကျွေးမွေးပွဲက စစ်ကိုင်းမှာအစည်ကားဆုံးနိဗ္ဗာန်ဈေးပွဲဖြစ်ပါတယ်။နေပူထဲမှာတိုးမပေါက်စည်ကားတဲ့ပွဲဖြစ်ပါတယ်။ဒီနှစ်လည်းအလှူရှင် ကုသိုလ်ရှင် ၇၀ နီးပါးကျွေးမွေးပါတယ် “ဟု ရွှေဘုန်းပွင့်ရွှေဘုန်းမြင့်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆွေကပြောပါတယ်။

စတုဒိသာကျွေးမွေးနေစဉ်

(၅)ကြိမ်မြောက်အဖြစ် ပြုလုပ်တဲ့နိဗ္ဗာန်ဈေးပွဲတော်ကိုရပ်ကွက်မိသားစုအလိုက်၊ အဖွဲ့အစည်းအလိုက်အလှူရှင် စုစုပေါင်း အလှူရှင် ၇၀ ခန့်တို့ က ကြာဆန်ကြော်၊ခေါက်ဆွဲကြော်၊မုန့်လင်မယား၊မုန့်ဟင်းခါး၊၊ကြာဆံဟင်းခါး၊ခေါက်ဆွဲသုပ်၊ကောက်ညှင်းပေါင်း၊အကြော်၊လက်ဖက်သုတ်၊ထပ်တရာ၊မုန်ကျွဲသဲ၊မုန့်လင်မယား၊သာကူပြင်၊ဖွာလူဒါ၊ရွှေရင်အေး၊ထပ်တစ်ရာ၊လက်ဖက်ရည်၊ကွမ်းယာ စတဲ့စားသောက်ဖွယ်ရာမျိုးစုံတို့နဲ့ဧည်ခံကျွေးမွေးပြီး လာရောက်စားသောက်သူတွေနဲ့စည်းကားနေပါတယ်။

 

#voiceofmyanmar #နိဗ္ဗာန်ဈေး #စတုဒီသာ #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW