အဓိဌာန်ပဲပင်ပျိုးအိုးတွေအောင်မြင်လို့ တောင်သူလယ်သမားတွေဆန်ရည်စပါးပေါကြွယ်ဝမယ်လို့ယူဆ

 

မတ်၃၀-၂၀၁၉

လမင်း (VOM)

ဟိန္ဒူလူမျိုးတို့ရဲ့ရိုးရာယဉ်ကျေးမှု အယူဆအရကျင်းပပြုလုပ်တဲ့ ကာရိယမ္မာန်မယ်တော်ကြီးဘုရားပွဲကို ပြည်မြို့ ၊ မူလတက္ကသိုလ်ကျောင်းလမ်းမှာရှိတဲ့ မယ်တော်ကြီးဘုရားကျောင်းမှာ မတ်လ ၁၉ ရက်နေ့ကနေ မတ်လ ၂၈ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပါတယ် ။

ကာရိယမ္မာန်မယ်တော်ကြီးဘုရားပွဲတော်မှာ ဆယ်ရက်တိတိ အဓိဌာန်ပဲပင်ပေါက်အိုးပင်တွေကိုပျိုးပြီး ပဲပင်ပေါက်ပင်တွေရှင်သန်ကြီးထွားလာတဲ့အချိန်မှာ ပွဲတော်ကိုအောင်မြင်စွာကျင်းပနိုင်ခဲ့တာကြောင့် အောင်ပွဲအထိမ်းအမှတ်အနေနဲ့ ပဲပင်ပေါက်ပျိုးအိုးတွေကို ဧရာဝတီမြစ်ထဲမှာသွားရောက်ရေမျောကြတာဖြစ်ပါတယ် ။

” အခုလိုပဲပင်ပေါက်တွေရှင်သန်ကြီးထွားလာတဲ့အတွက် တောင်သူလယ်သမားတွေကြီးပွားတိုးတက်ပြီး ဆန်ရည်စပါးပေါများမှာဖြစ်တယ်ဆိုပြီး ယူဆတယ် “လို့ စရိကာရိယမ္မာန်ဘုရားကျောင်းမှ စူပရာမန်းနီး ဘာသာရေးဆရာတော်မှဟြေပါတယ် ။

ဘုရားပွဲတော်ကို မူလတက္ကသိုလ်ကျောင်းလမ်းမှာရှိတဲ့ စရိကာရိယမ္မာန်ဘုရားကျောင်းမှာ ၁၀ ရက်တိတိကျင်းပပြုလုပ်ခဲ့ပြီး နေ့စဉ် ပူဇော်ပွဲတွေပြုလုပ်ခဲ့ကာလာရောက်ကြတဲ့ဧည့်သည်တွေနဲ့ဟိန္ဒူဘာသာဝင်တွေကို နံနက်ခင်းစာအာလူးပူတီ နှင့် နေ့လည်စာသတ်သတ်လွတ်ထမင်းတို့ကျွေးမွေးခဲ့ကြပါတယ် ။

” မယ်တော်ကြီးရဲ့ပွဲတော်ဖြစ်တဲ့အတွက် ဒီလိုပဲပင်ပေါက်ကိုမထည့်ဘဲနဲ့မြို့ထဲလှည့်လည်လို့မရဘူး အဲ့ဒါကြောင့်ပဲပင်ပေါက်ထည့်ရတာ ” လို့ ဘုရားပွဲမှာ လာရောက်ဆင်နွဲသူ ဒေါ်ခင်ခင်မြင့်ကဟြေပါတယ် ။

ပဲပင်ပေါက်ရေမျောပွဲကို မတ်လ ၂၈ ရက်နေ့ညက စတင်ကျင်းပခဲ့ပြီး ဟိန္ဒူဘာသာဝင်အမျိုးသမီးများက ပဲပင်ပေါက်အိုးတွေကို ခေါင်းပေါ်ရွက်ပြီး မူလတက္ကသိုလ်ကျောင်းလမ်း ၊ လမ်းမတော်လမ်း ၊ ကန်လမ်း (ရုပ်ရှင်ရုံလမ်း) ၊ ကမ်းနားလမ်းအတိုင်း စီတန်းလမ်းလျောက်ခဲ့ကြပြီး ပြည်မြို့ ဧရာဝတီမြစ်ကမ်းတွင် ရေမျောခဲ့ကြပါတယ် ။

#voiceofmyanmar #ဟိန္ဒူ #ကာရိယမ္မာန်မယ်တော် #ပဲပင်ပေါက်အိုး #ဘာသာရေး

Related posts

Leave a Comment

VOM News

FREE
VIEW