အမှတ်(၂) သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီး

နေပြည်တော် ဧပြီလ ၁-၂၀၁၉

ကိုထွန်း နေပြည်တော်

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်က အမှတ်(၂)သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်ပိုင် မြေကွက်မှာ မြေဖို့လုပ်ငန်းဆောင်ရွက်ပေးရတာ၊ အဲ့ဒီ မြေကွက်မှာ အိမ်ဆောက်လုပ်တဲ့ အင်ဂျင်နီယာကို ငွေပေးဖို့အတွက် ဖုန်းနဲ့ဆက်သွယ်တောင်းခံတဲ့အတွက် သူရဲ့ Bank Accountထဲကို ငွေထည့်သွင်းပေးခဲ့ရပြီး ဝန်ကြီးဌာနနှင့် ကုမ္ပဏီတို့အကြား အငြင်းပွားမှု ဖြစ်ပေါ်တဲ့အခါမှာသာ ပြန်လည်ပေးအပ်ခဲ့တာတွေကိုအရေးယူပေးဖို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ၂၀၁၄ ခုနှစ်အတွင်းက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ပဒုမ္မာလမ်း၊ သုန္ဒရီ(၂)လမ်းနှင့် (၃)လမ်းကြားက သူပိုင်ဆိုင်တဲ့ အမှတ်(A064)မှာ မြေညှိ မြေဖို့တဲ့ လုပ်ငန်းကို ဆောင်ရွက်စေပြီး ကုန်ကျငွေကျပ် ၃,၂၇၂,၀၀ဝိ/-ကို ကုမ္ပဏီသို့ ပေးချေခိုင်းခဲ့သလို၊ ၂၀၁၆ ခုနှစ် သင်္ကြန်ရုံးပိတ်ရက် ကာလအတွင်း သူ့ရဲ့မိသားစုနဲ့အတူ ငပလီကမ်းခြေ အပန်းဖြေခရီး သွားရောက်ရာမှာလည်း ဟိုတယ်အခန်းခ ငွေကျပ် ၄,၂၁၆,၉၀၅/-ကို ကုမ္ပဏီကို ပေးချေခိုင်းခြင်းခဲ့ပြီး ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး ဝန်ဆောင်ခနဲ့ တရားမဝင်တဲ့ အခြားအကျိုးခံစားခွင့်တွေကို ရယူခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့တဲ့အတွက် အမှတ်(၂)သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင် အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့မရဲစခန်းမှည ၁-၄-၂၀၁၉ ရက်နေ့မှည ပထမသတင်းပေးတိုင်ကြားချက်ဖွင့်လှစ်ပြီး တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ အဂတိ တိုက်ဖျက်ရေးကော်မရှင်ကထုတ်ပြန်ထားပါတယ်။

 

ရဲစခန်းက​တော့ရဲလုပ်​ငန်းစဉ်​အတိုင်းအမှုဖွင့်​​ပေးတာ​ပေါ့​နော်​..ပ/၅၆/၂၀၁၉.ပ/၅၇./၂၀၁၉.နဲ့ဖွင့်​​ပေးလိုက်​ပါတယ်​ လို့အမှတ်​.၁.မြို့မရဲစခန်း​ခေတ္တစခန်းမှူးရဲအုပ်​တင်​မိုးထွန်းက​ပြောပါတယ်။

 

#voiceofmyanmar # အဂတိတိုက်ဖျက်ရေးကော်မရှင် #ဦးသံဒိုင်

Related posts

Leave a Comment

VOM News

FREE
VIEW