နိုင်ငံခြားကုမ္ပဏီတွေရဲ့ တက္ကစီယာဉ်မောင်းတွေအနေနဲ့ အခက်အခဲတွေရှိနေ

ရန်ကုန် ၊ဧပြီ ၅

TGH (VOM)

တက္ကစီ ယာဉ်မောင်းတွေအတွက် စာချုပ်ပါ အချက်အလက်တွေက ပြည့်စုံမှုမရှိတဲ့အပြင် ကော်မရှင်နှုန်းထားခကလည်း တည်ငြိမ်မှုမရှိသလို ပြဿနာတစ်စုံတလည်းတစ်ရာဖြစ်ခဲ့ပါကလည်း ကိုယ်နိုင်ငံအတွင်းထဲမှာပင် တရားစွဲဆိုလို့မရတာကြောင့်  အခက်အခဲတွေရှိနေတယ်လို့ ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေး လုပ်သားများသမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်ဦးက ပြောပါတယ်။

 

 

” မြန်မာနိုင်ငံမှာ လာလုပ်ရင် ဒီနိုင်ငံကဥပဒေကိုတော့ လိုက်နာရမယ်။ ခုကအဲ့လိုမဟုတတ်ဘူး သူတို့ကို တရားစွဲမယ်ဆိုရင် စင်ကာပူမှာ သွားပြီးတရားစွဲရမှာဆိုတော့ ကျွန်တော်မေးချင်တယ်  သူတို့က ဘယ်မှာပိုက်ဆံလာရှာနေလဲပေါ့ ။ သူတို့ကုမ္ပဏီအခြေစိုက်တဲ့နိုင်ငံမှာ သွားတရားစွဲရမယ်ဆိုတာ ဟုတ်တော့ မဟုတ်သေးဘူး။ လုံခြုံရေးအပိုင်းမှာ တက္ကစီယာဉ်မောင်းတွေနဲ့ အက်ပလီကေးရှင်း ကုမ္ပဏီတွေ ကြားထဲမှာ ပြဿနာတစ်ခုခုဖြစ်လာခဲ့ရင် ချက်ချင်းထိန်းသိမ်းနိုင်ဖို့ လိုပါတယ်”လို့ ရန်ကုန်တိုင်းသယ်ယူ ပို့ဆောင်ရေး လုပ်သားများသမဂ္ဂရဲ့ အတွင်းရေးမှူး ဦးချိုဝင်းက ပြောပါတယ်။

 

 

တစ်ချို့ ကုမ္ပဏီတွေရဲ့ စာချုပ်တွေမှာ ရေးသားတာဖော်ပြထားတဲ့ ပြဿနာတစ်စုံတရာရှိခဲ့ရင် ကုမ္ပဏီအခြေစိုက်တဲ့ နိုင်ငံမှာ သာတရားစွဲနိုင်တယ်’ ဆိုတာနဲ့ပတ်သက်လို့ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။

 

လက်ရှိ မြန်မာနိုင်ငံမှာ လာရောက်လုပ်ကိုင်နေတဲ့ အငှားယာဉ်ဝန်ဆောင်မှုလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေအနေနဲ့ Oway၊  Grab တက်စီ ၊ GetRide ၊ Hello Cub ၊ True အပါအဝင် တခြားကုမ္ပဏီ တချို့လည်းရှိနေပါတယ်။ဒီကုမ္ပဏီတွေထဲမှာဆိုရင် Grab Taxi က ရန်ကုန်မြို့နေပြည်သူတွေ ငှားရမ်းစီးနင်းမှုအများဆုံးဖြစ်တဲ့ အက်ပလီကေးရှင်းတစ်ခုဖြစ်သလို ခရီးသည်နဲ့ယာဉ်မောင်းအကြား ပြဿနာတက်တာမျိုးလည်းရှိနေပါတယ်။

 

ဒါနဲ့ပတ်သက်လို့ အငှားယာဉ်မောင်းတစ်ဦးဖြစ်တဲ့ ဦိးမင်းမောင်က ” ဂရပ်က စပေါ်တုန်းကပဲကောင်းတယ်ပြောရမယ်။ခုနောက်ပိုင်းကျ ခရီးသည်တစ်ဘက်တည်းကိုပဲကြည့်သလို ဖြစ်လာတယ်။ ခုဆို ကော်မရှင်ကလည်း ၂၀ ရာခိုင်နှုန်းလို့ကြားတယ်။သူ့လုပ်ကျွေးနေသလိုပဲ။ကျွန်တော်တော့မကြိုက်ဘူး။ဘာကြောင့်ဆို ကျွန်တော်တို့က ခရီးစဉ်လည်းကြိုမသိရဘူး။ ခရီးသည်အချက်အလက်လည်း မသိရဘူး။ ကျွန်တော်တို့ အချက်အလက်ကိုကျ ခရီးသည်ကအကုန်ကြိုသိနေတယ်။ လုပ်ငန်းလုပ်တယ်ဆိုလည်း နှစ်ဖက်ကို မျှတအောင်ကြည့်ဖို့လိုအပ်တယ် ဒါအဓိကအချက်ပဲ”လို့ ပြောပါတယ်။

 

လတ်တလောအခြေအနေအရ ရန်ကုန်မြို့နေပြည်သူအများစုက ဂရပ် အက်ပလီကေးရှင်းကတဆင့် အငှားယာဉ်ငှားရမ်းစီးနင်မှုအများဆုံးဖြစ်နေပါတယ်။ဒီထဲမှာ စီးနင်းသူအများစုက အမျိုးသမီးတွေဖြစ်ပါ တယ်။

 

#voiceofmyanamr #အငှားယာဉ်မောင်း #Grab #တက္ကစီ

Related posts

Leave a Comment

VOM News

FREE
VIEW