ပြဿနာဖြစ်နေတဲ့နေရာတွေကို ကပ်ဘိနပ်အဖွဲ့က ရောက်မလာတဲ့အတွက် စစ်ဘေးရှောင်တွေရဲ့လိုအပ်ချက်ကို မသိတာလို့ လွှတ်တော်ကိုယ်စားလှယ်ပြော

 

စစ်တွေ၊ ဧပြီ ၄-၂၀၁၉

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ဒေသခံကျေးရွာအများအပြားက ကျေးရွာသား နှစ်သောင်းကျော်တို့ဟာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပြီးတော့ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းတွေကို ရောက်ရှိခိုလှုံနေကြတာဖြစ်ပြီး အခုလိုမျိုး ပြဿနာဖြစ်ပွာနေတဲ့ ဒေသတွေကို ကပ်ဘိနပ်အဖွဲ့ဝင်တွေ သွားရောက်လေ့လာမှုမရှိတဲ့အတွက် စစ်ဘေးရှောင်တွေရဲ့ လိုအပ်ချက်တွေကို မသိတာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။

ဒါ့အပြင် ရသေ့တောင်မြို့နယ်အတွင်းမှာလည်း နေရပ်စွန့်ခွာထွက်ပြေးနေကြသူ ၁၅၀၀ လောက်ရှိနေပြီးတော့ အဲ့ဒီလူတွေဟာ ကျေးရွာတွေကို တိုက်ခိုက်ပစ်ခတ်ခံရတဲ့အတွက် စိုးရိမ်ကြောက်လန့်ပြီး ထွက်ပြေးနေကြရတာဖြစ်ကြောင်းနဲ့ သူတို့ရဲ့အခက်အခဲတွေကို လစ်လျူရှုနေတဲ့ အစိုးရကိုတင်ပြတောင်းဆိုစရာမရှိဘူးလို့ စစ်ဘေးရှောင်တွေကပြောပါတယ်။

 

#voiceofmyanmar #ရခိုင်ပြည်နယ် #စစ်ဘေးရှောင်

Related posts

Leave a Comment

VOM News

FREE
VIEW