ဂေါတမ မြတ်စွာဘုရားပုံစံတုပ၀တ်ဆင်ထားသူကို ဖမ်းဆီးမယ်ဆိုတဲ့ကိစ္စ သာသနာရေးဌာနက ထုတ်ပြန်ထားတာမဟုတ်

 

ရန်ကုန် ၊ ဧပြီ ၇

TGH (VOM)

ဂေါတမမြတ်စွာ ဘုရားပုံစံ တုပ၀တ်ဆင်ပြီး သာသနာညှိုးနွမ်းအောင် လုပ်ဆောင်နေတဲ့  Saw Seven အမည်ရှိ ဖေ့စ်ဘုတ်အကောင့်ပိုင်ရှင်ကို ထိန်းသိမ်းအရေးယူဖို့ဆိုတဲ့ ညွှန်ကြားချက်တစ်စောင် လူမှုကွန်ယက်မှာပြန့်နှံ့နေပေမယ့် ဒီညွှန်ကြားချက်ဟာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့ မသိရှိကြောင်း ၊ ထုတ်ပြန်ထားတာမျိုးလည်းမရှိဘူးလို့ ပြည်တွင်းပြည်ပဆက်ဆံရေးနှင့်သတင်းပြန်ကြားရေး ဌာနခွဲ( သာသနာရေး)ညွှန်ကြားရေးမှူးဦးအောင်ဆန်းဝင်းကပြောပါတယ်။

” ဘာညွှန်ကြားချက်မှ ထုတ်ထားတာမရှိဘူး။ တကယ်လို့ ခုပြောတဲ့ကိစ္စက အမှန်ဆိုရင် ဘယ်နေရာမှာလဲ ဘယ်သူလဲ အတိအကျကို ကျွန်တော်တို့ကို ပြောပြပါ။ ဒီလိုဆိုရင် ထိထိရောက်ရောက် လုပ်သွားပါမယ်။”လို့ ပြောပါတယ်။

လူမှုကွန်ယက်မှာ ထွက်ပေါ်လာတဲ့ ညွှန်ကြားချက်မှာရေးသားဖော်ပြထားတာက လူမှုကွန်ယက်အမည် saw seven ( ဦးကျော်စွာအောင် အသက် ၃၅ ) ဟာ ဗုဒွမြတ်စွာဘုရားပုံစံ တုပ၀တ်ဆင်ပြီး သာသနာညှိုးနွမ်းအော် ဆောင်ရွက်ခဲ့ကြောင်း ၀န်ကြီးဌာနသို့တိုင်ကြားစာများလက်ခံရရှိခဲ့ပါတယ်။သူဟာ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ၊ စက်မှုကွက်သစ်လမ်း သီတာရေစင် ၁ လမ်းမှာ နေထိုင်တယ်လို့ ပါရှိပါတယ်။

ဒါကြောင့် သူ့ကို သာသနာညှိုးနွမ်းအောင် ဆောင်ရွက်မှု ပုဒ်မ ၁၇၇ သာ/ညှိုး အရ အမှုတင်ပို့စွဲဆိုနိုင်ရေးအတွက် ဖမ်းဝရမ်းထုတ်ဆင့်ကာ ထိန်းသိမ်းပေးဖို့ ညှိနှိုင်းမေတ္တာရပ်ခံပါတယ် ဆိုပြီး ပြည်ထဲရေးဝန်ကြီးဌာန ကိုလိပ်မူထားတာတွေ့ရှိရပါတယ်။အောက်ဆုံးမှာတော့ ပြည်ထောင်စုဝန်ကြီး(ကိုယ်စား) မြင့်နိုင် ခေတ္တညွှန်ကြားရေးမှူးချုပ် ၊ လက်မှတ်သင်္ကေတရေထိုးထားပါတယ်။

Saw Seven ဖေ့စ်ဘုတ်အကောင့်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကမှ လူမှုကွန်ယက်စာမျက်နှာမှာ ပေါ်ထွက်လာခဲ့တာဖြစ်ပေမယ့် ပြည်သူတွေအကြား ဝေဖန်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။သူရဲ့ အကောင့်မှာ  ဘာသာရေးနဲ့ပတ်သက်လို့ ” ချမ်းသာခြင်း”အကျွန်ုပ်ဟာ သင်တို့အားလုံးထက် ချမ်းသာတယ် သင်တို့အားလုံးဟာဆင်းရဲသား ဆင်းရဲသူတွေပဲ ကဲဒီတော့ အကျွန်ုပ်ဆီမှာ ကောင်းအီးလာယူစေ မြတ်စွာဘုရား”ဆိုပြီး တင်ထားခဲ့တာဖြစ်ပါတယ်။

 

#voiceofmyanmar #သာသနာရေး #မြတ်စွာဘုရား #sawseven

Related posts

Leave a Comment

VOM News

FREE
VIEW