နေပြည်တော် ဇေယျာသီရိ ကုန်ပဒေသာတိုက်မီးလောင်မှုဟာ ဝါယာရှော့ကြောင့်ဖြစ်

နေပြည်တော်၊ ဧပြီ – ၁၅-၂၀၁၉

ကိုထွန်း (နေပြည်တော်)

 

နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ဇေယျာသီရိ ကုန်ပဒေသာတိုက် အတွင်းရှိ စားသောက်ဆိုင်တန်းမှာ မနေ့ညနေက လောင်တဲ့မီးဟာ ၀ါယာရှော့ဖြစ်ပြီး လောင်တာလို့  သက်ဆိုင်ရာက ပြောပါတယ်။

 

မီးလောင်မှုဖြစ်ပွားရာနေရာကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စခန်းမှူးရုံးနှင့် နယ်မြေခံတပ်များမှ မီးသတ် ယာဉ် ၈ စီး၊ ရေသယ်ယာဉ် ၅ စီး၊ နေပြည်တော်ကောင်စီ နယ်မြေမီးသတ်တပ်ဖွဲ့များမှ မီးသတိယာဉ် ၂၀ စီး၊ အုပ်ချုပ်မှုယာဉ် ၁၀ စီး တို့ဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၁၅ မိနစ်အတွင်း မီးညွှန့်ကျိုးသွားပြီး ညနေ ၃နာရီ ခွဲ ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ ။

 

အဲဒီမီးလောင်ကျွမ်းရာနေရာသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နှင့် အရာရှိကြီးများလည်း အချိန်မှီရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူပေါင်းညှိနိုင်း၍ မီးအမြန်ငြိမ်း သတ်နိုင်ရေးဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။

 

မီးငြိမ်းသတ်တုန်းမှာ မှန်ကွဲစ ထိမှန်လို့  ဒဏ်ရာရရှိသူ ၂ ဦးရှိခဲ့ပြီး မစိုးရိမ်ရရဘူးလို့သိရပါတယ်။ ပဏာမစစ်ဆေးချက်များအရ မီးလောင်မှုမှာ ၀ါယာရှော့ကြောင့် မီးလောင်ကျွမ်းခြင်းဖြစ်ပြီး မီးသတ်ဦးစီဌာန မှ မီးလောင်ကျွမ်းမှု Level 2 အဆင့်သတ်မှတ်ကာ မီးငြိမ်းသတ်ခဲ့ရတယ်လို့ထုတ်ပြန်ထားပါတယ်။  မီးကြွင်း မီးကျန်များမရှိစေဖို့နဲ့  ကျန်အဆောက်အဦးတွေ မီးအန္တရာယ်ကင်းရှင်းစေဖို့ ဆက်လက်ဆောင်ရွက် လျက်ရှိတယ်လို့ သက်ဆိုင်ရာက သိရပါတယ်။

 

ကိုထွန်း

Related posts

Leave a Comment

VOM News

FREE
VIEW