ပေါ်တူဂီမှာ ကမ္ဘာ့လှည့်ခရီးသည်ဘတ်စ်ကားတစ်စီး တိမ်းမှောက် လူ ၂၉ ဦးသေဆုံး

 

လစ္စဘွန်း၊ ဧပြီ၁၈-၂၀၁၉

မျိုးဆက် (VOM)

ပေါ်တူဂီနိုင်ငံပိုင် မာဒီယာကျွန်းမှာ ဂျာမန်ကမ္ဘာလှည့်ခရီးသွားတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီး တိမ်းမှောက်သွားလို့လူ ၂၉ ဦးထက်မနည်းသေဆုံးသွားပါတယ်။ ကာနီဆိုမြို့အနီးဖြစ်ပွားခဲ့တဲ့ အဲဒီ မတော်တဆမှုမှာ အခြားလူ ၂၇ ဦးလည်း ထိခိုက်ဒါဏ်ရာရရှိခဲ့ပါတယ်။

ဘတ်စ်ကားမတော်မဆမှုဟာ ဒေသစံတော်ချိန် ညနေ ၆ နာရီ ၃၀ မိနစ်တွင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ကားမောင်းသူဟာ လမ်းဆုံတစ်ခုမှာ ကားကိုမထိန်းချုပ်နိုင်တော့ဘဲ တိမ်းမှောက်သွားတာဖြစ်တယ်လို့ ပေါ်တူဂီနိုင်ငံ အခြေစိုက် လူဆာသတင်းဌာနက ဖော်ပြပါတယ်။

တိမ်းမှာက်သွားတဲ့ ဘတ်စ်ကားဟာ နောက်ဆုံးမှာ အိမ်ခေါင်မိုးတစ်ခုပေါ်မှာ တင်ကျန်ပြီး ရပ်တန့်သွားပါတယ်။ ဒီမတော်တဆမှုအတွက် ၀မ်းနည်းကြောင်းဘယ်လို ပုံဖော်ပြောရမယ်ဆိုတာကိုတောင် မသိဘူးလို့ ဒေသဆိုင်ရာ မြို့တော်ဝန် ဖိလစ်ဆော့ဆာက ပြောပါတယ်။

ဘတ်စ်ကားပေါ်မှာ လိုက်ပါလာတဲ့ ကမ္ဘာ့လှည့်ခရီးသွားအားလုံးဟာ ဂျာမန်လူမျိုးတွေပြီး သေဆုံးဒါဏ်ရာရရှိသူတွေထဲမှာ ဒေသခံတွေပါဝင်နိုင်တယ်လို့ သူကပြောပါတယ်။ သေဆုံးသူများထဲက ၁၁ ဦးက အမျိုးသားများဖြစ်ပြီး ၁၇ ဦးကတော့ အမျိုးသမီးတွေဖြစ်ပါတယ်။ နောက်ထပ်အမျိုးသမီးတစ်ဦးမှာ ရရှိထားတဲ့ ဒါဏ်ရာတွေကြောင့် ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ အဲဒီ ဘတ်စ်ကားဟာ ကားမောင်းသူနဲ့ ဧည့်လမ်းညွှန်တစ်ဦးအပါအ၀င် ခရီးသည် ၅၅ ဦးကို တင်ဆောင်လာခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

Ref: BBC Photo : Reuters

#voiceofmyanmr #ပေါ်တူဂီ #ဘတ်စ်ကား #တိမ်းမှောက်

Related posts

Leave a Comment

VOM News

FREE
VIEW