လေပြင်းတိုက်ခိုက်ခတ်မှုကြောင့် ပအို့ဝ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအချို့ လူနေအိမ်အများအပြား ပျက်စီး

နေပြည်တော်၊ဧပြီ ၁၈-၂၀၁၉

ဒီပ(နေပြည်တော်)

ဧပြီလ(၁၇)ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုးသက်လေပြင်းကြောင့် ရှမ်းပြည်တောင်ပိုင်း ပအို့ဝ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအချို့မှာတော့  လူနေအိမ်အများအပြား ပျက်စီးခဲ့ရတယ်လို့ ဒေသခံအချို့ထံကနေ သိရှိရပါတယ်။

“အခုလို လေပြင်းတိုက်ခတ်သွားတာ ပထမဆုံးအကြိမ်ပဲ စုစုပေါင်း(၄၆)အိမ် ပျက်စီးသွားတယ် ဘုန်ကြီးကျောင်းလဲ ပျက်စီးသွားတယ် လူတွေကတော့ မပျက်စီးပဲ ကျန်နေတဲ့အိမ်တွေမှာ ခိုလှုံနေကြတယ် လေတိုက်တာကတော့ မနေ့ကနေ့လည် (၂)နာရီလောက်မှာ စပြီးတော့တိုက်တာပဲ ဒီကနေ့မှာတော့ လွှတ်တော်ကိုယ်စားလှယ်နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက အပျက်အစီးစာရင်း လာပြီးကောက်နေတယ်”လို့ နောင်လုံရွာ(မ) ဒေသခံ ဦးပညာက ပြောပါတယ်။

ယင်းကျေးရွာသည် ဆီဆိုင်မြို့ရဲ့မြောက်ဖက် မိုင်(၂၀)ခန့်အကွာမှာ တည်ရှိပြီး ပါလောပါကယ် ကျေးရွာအုပ်စုမှာပါဝင်ပြီး အိမ်ခြေစုစုပေါင်း(၉၆)အိမ် ရှိတယ်လို့ သိရပါတယ်။

ထို့ပြင် ရှမ်းပြည်နယ်တောင်ပိုင်း ပအို့ဝ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် သပြေကုန်းအုပ်စု ကသောင်းကျေးရွာတို့တွင်လည်း ဧပြီလ(၁၇)ရက်နေ့မှာတော့  မိုးသက်လေပြင်းနဲ့အတူ မိုးသီးများကြွေကျကာ လူနေအိမ်အပျက်စီးရှိခဲ့ကြောင်းလည်း ကျေးရွာအုပ်ချုပ်ရေးမှုး ဦးသက်ဆွေက ပြောကြားခဲ့ပါတယ်။

“ညနေ(၄)နာရီကျော်မှာ လေပြင်းစတိုက်တယ် လူနေအိမ်(၆)လုံး ပျက်စီးခဲ့တယ် မိုးသီးတွေလည်းကျတယ် သက်ဆိုင်ရာကိုတော့ စာရင်းတင်လိုက်ပြီ”လို့ အုပ်ချုပ်ရေးမှုးက ဆိုခဲ့ပါတယ်။

မိုးလေ၀သပညာရှင် ဦးထွန်းလွင်မှ ၂၀၁၉ခုနှစ်အစ မိုးကြိုကာလမှာ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီးတော့ သတိထားရမှာဖြစ်တယ်လို့ ကြိုတင်သတိပေးမှုများ ရှိခဲ့ပါတယ်။

ကမ္ဘာအနှံ့ ဆယ်စုနှစ်ကာလ(သို့) ရာစုနှစ်ချီပြီးတော့  ပြောင်းလဲသွားတဲ့ ရာသီဥတုဖြစ်စဉ် (Climate Change)ကြောင့် မြန်မာနိုင်ငံရဲ့ အသားတင်ရငွေ ၂ဒသမ၅၅ရာခိုင်နှုန်းဟာ ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနေရတယ်လို့  မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းအဖွဲ့(MCCA)ရဲ့ လေ့လာမှတ်တမ်းများအရ သိရှိရပါတယ်။

၂၀၀၆ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံဟာ အပူချိန်မြင့်တက်လာသည်နဲ့အမျှ ရာသီဥတုလွန်ကဲတဲ့ ဖြစ်စဉ်များ ကြောင့် ဆိုင်ကလုံးများ၊ရေကြီးမှုများနဲ့ မိုးခေါင်ရေရှားဖြစ်စဉ်များ ကြုံတွေ့လာရသလို မူမမှန်တဲ့ ရာသီဥတု ဖြစ်စဉ်တွေကြောင့် လူနဲ့တိရိစ္ဆာန်များ အသက်ဆုံးရှုံးခဲ့ရပြီး ကမ္ဘာပေါ်မှာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု ကြောင့် ထိခိုက်လွယ်ဆုံးနိုင်ငံများအနက် မြန်မာနိုင်ငံဟာ ဒုတိယမြောက်ဖြစ်ကြောင်း ပညာရှင်များက ထောက်ပြထားပါတယ်။

#voiceofmyanmar  #ပအို့စ် #ဆီဆိုင် #လေပြင်းကျ

ဓာတ်ပုံ – khun robert

 

 

Related posts

Leave a Comment

VOM News

FREE
VIEW