မင်းတုန်း ဧပြီ ၁၉ -၂၀၁၉ ဂျန်ကိုးလ် (VOM) အရှိုချင်းစာပေ သင်ကြားမယ့် ဆရာ ဆရာမတွေကို အရိုချင်းစာပေသင်ကြားရေး မွမ်းမံသင်တန်းဖွင့်ပွဲနဲ့ အရှိုချင်းအမျိုသား စာပေနှင့် ယဉ်ကျေးမှုကြီးကြပ်ရေးကော်မတီတို့ ၄ နှစ်ပြည့် တွေ့ဆုံပွဲကို မင်းတုန်းမြို့အောင်ဆန်းခန်းမမှာ ဧပြီ ၁၉ ဒီကနေ့မနက် ၉နာရီကကျင်းပခဲ့တာပါ။ ဒီပွဲကို တက်ရောက်လာတဲ့ မကွေးတိုင်းအစိုးရ အဖွဲ့ဝင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးလှထွန်း က “မနှစ်ကတော့အစိုးရအနေနဲ့ထောက်ပံပေးနိုင်ပါတယ် တစ်ယောက်ကို သောင်းဂဏန်း တော်တော်များများပေးနိုင်ပါတယ်။ ဒီနှစ်ဘတ်ဂျက်အရ ဘယ်လောက်ပေးနိုင်မလဲ တင်ထားတုန်းပါ။ ရံပုံငွေအနေနဲ့မရှိပါဘူး ဒီနှစ်တော့ နာရီ၅၀ပဲ သင်ခွင့်ရတယ်ကြားတယ်။ ကျနော်အတိအကျမသိသေးဘူး စာပေဌာကိုစာဝင်တယ်လို့ပြောတယ်မကြည့်ရသေးဘူး”လို့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှထွန်းကပြောပါတယ်။ ချင်းစာပေနဲ့ယဉ်ကျေးမှု့ကော်မတီ ၄နှစ်ပြည့် တွေ့ဆုံပွဲကိုပါတွဲဘက်ကျင်းပခဲ့တာဖြစ်ပြီး စာပေသင်တန်းကိုတော့ အင်းလည်ကုန်းကျေးရွာမှာ ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ ဦးဆောင်သူတဦးဖြစ်တဲ့ ဦးရွှေလှိုင်ကပြောပါတယ်။ “သင်တန်းကာလက၁၅ရက်ကြာမှာပါ ဆရာဆရာမလုပ်မယ့်သူနဲ့…
Read MoreDay: April 19, 2019
မန္တလေးတိုင်းမှာ ဧပြီလကုန်ထိ နေ့အပူချိန် မြင့်တက်မယ်
မန္တလေး၊ ဧပြီ ၁၉-၂၀၁၉ ဟိန်းကို(VOM) မန္တလေးတိုင်းမှာ ဧပြီလနောက်ဆုံးအပတ်ထိ ပုံမှန်နေ့အပူချိန်ထက် ပိုပြီး အပူချိန်မြင့်တက်မယ်လို့ မိုးလေဝသ နှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန အထက်မြန်မာပြည်ခွဲကနေ သိရပါတယ်။ ” မန္တလေးတိုင်းဒေသကြီးမှာ လာမယ့် ဆယ်ရက်ပတ်အတွင်း ပုံမှန်နေ့အပူချိန်ထက် ၁ ဒသမ ၅ စင်တီဂရိတ် ပိုပူနိုင်ပါတယ် ၊ ပုံမှန်အပူချိန်ထက် ပိုမိုမြင့်မားနေချိန် ပြည်သူလူထုအနေနဲ့ အပူဒဏ်လျော့ပါးရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေက အကြံပြုနှိုးဆော်သတိပေးချက်တွေအတိုင်း လိုက်နာဆောင်ရွက်ဖို့ လိုတယ်လို့ ” ဟု မိုးလေဝသ နှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန အထက်မြန်မာပြည်ခွဲ ညွန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောပါတယ်။ မန္တလေးမြို့မှာ ဧပြီလအတွင်း ပုံမှန်ဆိုရင် နေ့အပူချိန်ဟာ ၃၉ စင်တီဂရိတ်ဝန်းကျင်ရှိခဲ့ပြီး ယခုနှစ် ဧပြီလအတွင်းရဲ့ နေ့အပူချိန်က ၄၂ ဒသမ ၅ စင်တီဂရိတ်ဝန်းကျင်ထိ မြင့်တက်ခဲ့တဲ့အတွက် ပုံမှန်နေ့အပူချိန်ထက် ၃…
Read Moreရသေ့တောင်မြို့ပေါ်ကို စစ်ဘေးရှောင်တွေ ထပ်မံရောက်ရှိနေပြီး စားရေးသောက်ရေးအခက်တွေ့နေ
ရသေ့တောင်၊ ဧပြီ ၁၉-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်းက ကျေးရွာတွေမှာ ပစ်ခတ်မှုတွေရှိနေတဲ့အတွက် ဒေသခံကျေးရွာသား တွေဟာ စိုးရိမ်ကြောက်လန့်ပြီးတော့ နေ့စဉ်လိုလိုထွက်ပြေးနေကြတာကြောင့် မြို့ပေါ်ကယ်ဆယ်ရေးစခန်းတွေမှာ စစ်ဘေးရှောင်တွေ ထပ်မံရောက်ရှိခိုလှုံနေကြတာဖြစ်ပါတယ်။ အခုလို စစ်ဘေးရှောင်ကျေးရွာသားတွေ တိုးပွားလာနေတဲ့အချိန်မှာ လူမှုအဖွဲ့အစည်းတွေအနေနဲ့ စစ်ဘေးရှောင်တွေ အတွက် အလှုငွေကောက်ခံမှုတွေကို ဟန့်တားခံနေရပြီး အစိုးရအဖွဲ့ရဲ့ခွင့်ပြုချက်ရရှိမှ ကောက်ခံခွင့်ပြုမယ်လို့ စာထုတ်တားမြစ်ထားတဲ့အတွက် သူတို့တွေရဲ့အခက်အခဲတွေကို ဖြေရှင်းဖို့အတွက် အခက်အခဲဖြစ်နေတယ်လို့ စခန်းတာဝန်ရှိသူတွေကပြောပါတယ်။ #voiceofmyanmar #ရခိုင်ပြည်နယ် #ရသေ့တောင် #စစ်ဘေးရှောင်
Read Moreဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် မကေခိုင်ထွန်း အာမခံရ
ရန်ကုန်၊ ဧပြီ ၁၉-၂၀၁၉ TGH (vom) တပ်မတော်ရဲ့ တိုင်တန်းမှုကြောင့် ဒီကနေ့ နေ့လည်မှာ ဖမ်းဝရမ်းပြဖမ်းဆီးခြင်းခံခဲ့ရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် မကေခိုင်ထွန်း(သူနာပြုတက္ကသိုလ်) ကို မရမ်းကုန်းမြို့နယ်ရဲစခန်းက အာမခံပေးပြီး ပြန်လွှတ်လိုက်တယ်လို့ သံချပ်အဖွဲ့ခေါင်းဆောင် ကိုဇေယျာလွင်ကပြောပါတယ်။ မကေခိုင်ထွန်းကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဝရမ်းထုတ်ပြီး ဒီကနေ့နေ့လည် ၁၂နာရီက ရန်ကုန်ကလေးဆေးရုံကြီး(ဟယ်လ်ပင်)မှာ သူနာပြုတာဝန်ထမ်းဆောင်နေစဉ်အတွင်း မရမ်းကုန်းရဲစခန်းကနေ သွားရောက်ဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်။ “အာမခံရပါပြီ ။ ကျန်တာကို တရားရုံးကနေပဲ ဆက်ဖြေရှင်းသွားမှာဖြစ်ပါတယ်”လို့ ကိုဇေယျာလွင်ကပြောပါတယ်။ မကေခိုင်ထွန်းအပါအဝင် သင်္ကြန်ကာလတုန်းက တပ်မတော်ကို သံချပ်ထိုးဝေဖန်ခဲ့ ဒေါင်းတို့မျိုးဆက်သံချပ် အဖွဲ့ ခေါင်းဆောင်တချို့ကိုလည်း ရဲတပ်ဖွဲ့ကနေ လိုက်လံရှာဖွေနေပါတယ်။ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်း သံချပ်ဖျော်ဖြေမှုတွေအတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ထံ လည်း ဆင်ဆာတင်ပြခဲ့တာမျိုးမလုပ်ဘဲ လှည့်လည်ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။ #voiceofmyanmar #သင်္ကြန် #သံချပ် #ဒေါင်းတို့မျိုးဆက်
Read Moreရိုဟင်ဂျာတွေကို မြန်မာနိုင်ငံက ပြန်လက်ခံရေး အစည်းအဝေး မေ ၃ ရက်မှာပြုလုပ်မယ်
ဒါကာ၊ ဧပြီ ၁၉-၂၀၁၉ မျိုးဆက် (VOM) မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေ ပြန်လည်လက်ခံရေးနဲ့ ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား လေးကြိမ်မြောက်အစည်းအဝေးကို မေလ ၃ ရက်မှာ နေပြည်တော်မှာ ပြုလုပ်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၁၉ ရက်မှာပြောပါတယ်။ မြန်မာနိုင်ငံကနေထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းကမ်းရိုးတန်းရှိ ကော့ဘဇားဒေသမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာထောင်ပေါင်းများစွာ နေရပ်ပြန်ရေးရည်ရွယ်ပြီး နှစ်နိုင်ငံအကြား လေးကြိမ်မြောက်အစည်းဝေးပြုလုပ်ရတာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအေကေ အဗ္ဗဒူမိုမန်ကပြောဆိုကြောင်း ဒါကာထရီဗြွန်း သတင်းဌာနက ဖော်ပြပါတယ်။ ရိုဟင်ဂျာတွေနေရပ်ပြန်ရေး လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ထောက်ခံမှုတွေပေးဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ဟာဆီနာက သူ့ရဲ့လာမယ့် ဘရူနိုင်း ခရီးစဉ်အတွင်း တိုက်တွန်းသွားဖို့ရှိတယ်လို့လည်း မိုမန်ကပြောပါတယ်။ ပြုလုပ်ဖို့ရှိတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းဖော်ဆောင်ရေးအဖွဲ့ရဲ့ လေးကြိမ်မြောက်အစည်းအဝေးဟာ ပြီးခဲ့တဲ့နှစ်က ရိုဟင်ဂျာတွေနေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ် မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်ဆွေးနွေးပွဲဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်ကဆိုပါတယ်။…
Read Moreဒါရိုက်တာအနေနဲ့ ဒရာမာကားတွေပဲ ရိုက်ဖို့ရည်မှန်းထားတဲ့ ခင်လှိုင်
ရန်ကုန် ဧပြီ ၁၉-၂၀၁၉ သင်းသဒ္ဒါ ဟာသသရုပ်ဆောင် ခင်လှိုင် (ဥာဏ်ကြီးရှင်) ကတော့ ဒါရိုက်တာဖြစ်ရင် ဒရာမာကားတွေပဲ ရိုက်ဖို့ မှန်းထားတယ်လို့ ဆိုပါတယ်။ “ကျွန်တော်က ကိုကုသိုလ်ကို အရမ်အား ကျခဲ့ရတာ၊ သူက ဒရာမာတွေအရိုက်များတယ်၊ အောင်မြင်ခဲ့ တယ်၊ ကျွန်တော် ဒါရိုက်တာတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့အချိန်မှာ အသိန်းကလည်း ဒါရိုက်တာတစ် ယောက်ဖြစ်ဖို့ကြိုးစားနေတယ်။ နှစ်ယောက်အတူတူ ဖြတ်သန်းခဲ့ကြရင်းနဲ့ ကျွန်တော်မင်းသား သူဒါရိုက်တာ ဆိုပြီးတော့ နှစ်ယောက်အတူ ဖြတ်သန်းခဲ့ကြတဲ့ကားတွေလည်း အများကြီးရှိတယ်။ “ဝလုံးရေးဖို့ ညီလေးထိုင် ” ဇာတ်ကားဆို အကြီးအကျယ်အောင်မြင်ခဲ့တယ်။ အဲ့ဒီမှာ ကိုကုသိုလ် ဒါရိုက်တာ လိုင်စင်ရခဲ့တယ်၊ နောက် ပိုင်းမှာ သူဒရာမာတွေပဲရိုက်ခဲ့တာပါ။ အဲ့ဒီတော့ တစ်နေ့ ကိုယ်ဒါရိုက်တာဖြစ် လာရင်လည်း ဒရာမာကားတွေပဲ ရိုက်ချင်တယ်၊ ရိုက်မယ်လို့ ရည်မှန်းထားပြီးသားပါ”လို့ ဆိုပါတယ်။ သူကတော့ ဒါရိုက်တာအနေနဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်တဲ့…
Read Moreဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေအပေါ် တရားစွဲထားတာ ရုပ်သိမ်းပေးဖို့ HRW တိုက်တွန်း
ရန်ကုန်၊ ဧပြီ-၁၉၊ ၂၀၁၉ မျိုးဆက် (VOM) တပ်မတော်ကို ဝေဖန်ခဲ့လို့ ဖမ်းဆီးထိန်းသိမ်းခံ ထားရတဲ့ ဒေါင်းတို့မျိုးဆက် သင်္ကြန်သံချပ်အဖွဲ့ဝင်တွေနဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးတို့အပေါ် စွဲဆိုထားတဲ့ စွဲချက်တွေကို ပြန်လည်ရုပ်သိမ်းပေးဖို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW)က မြန်မာတာဝန်ရှိသူတွေကို ဧပြီ ၁၈ ရက်က တိုက်တွန်းလိုက်ပါတယ်။ မြန်မာနှစ်သစ်ကူ သင်္ကြန်ကာလအတွင်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်အပေါ်မှာ သံချပ်ထိုးပွဲ ထုတ်လွှင့်ခဲ့ပြီးနောက် ဒေါင်းတို့မျိုးဆက်သံချပ် အဖွဲ့ဝင်လေးဦးကို ရဲတပ်ဖွဲ့က ဧပြီ ၁၅ ရက်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဒီသံချပ်အဖွဲ့က ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကနေ ထုတ်လွှင့်ခဲ့တဲ့ သံချပ်မှာ နိုင်ငံရေးလောကမှာ တပ်မတော်ပါဝင်မှုကို ဝေဖန်ထားပြီး နိုင်ငံရေးကနေ ထွက်ခွာဖို့အချိန်တန်ပြီလို့ သံချပ်ထိုးခဲ့ကြပါတယ်ဖြစ်ပါတယ်။ မြန်မာတာဝန်ရှိသူတွေဟာ သရော်တဲ့ပုံစံနဲ့ ဝေဖန်တာကိုတောင် သည်းမခံဘူးဆိုတဲ့အချက်ကို သံချပ်အဖွဲ့ဝင် တွေကို ဖမ်းဆီးပြီး ပြသလိုက်တာဖြစ်တယ်လို့ HRW ရဲ့ အာရှဆိုင်ရာ ဥပဒေအကြံပေး Linda Lakhdhir ကကြေညာချက်မှာ…
Read Moreမာလီနိုင်ငံမှာ အကြမ်းဖက်မှုတွေကို မထိန်းချုပ်နိုင်လို့ ၀န်ကြီးချုပ်နဲ့ အစိုးရတစ်ဖွဲ့လုံး ရာထူးနှုတ်ထွက်
ဘာမာကို ၊ ဧပြီ၁၉-၂၀၁၉ မျိုးဆက် (VOM) မာလီနိုင်ငံမှာ အကြမ်းဖက်မှုတွေ အကြီးအကျယ်ဖြစ်ပွားခဲ့ပြီးနောက် ဒီကိစ္စကိုမထိန်းချုပ်နိုင်တဲ့အတွက် မာလီဝန်ကြီးချုပ်နဲ့ သူ့ရဲ့ အစိုးရတစ်ဖွဲ့လုံး ရာထူးကနေ နှုတ်ထွက်လိုက်ကြပါတယ်။ ဒီလို မငြိမ်မသက်ဖြစ်ပွားနေတာတွေကို ကိုင်တွယ်ဖို့ ပျက်ကွက်မှုအတွက် ၀န်ကြီးချုပ် ဆိုမီလူဘိုဘီယီမိုင်ဂါကို လွှတ်တော်အမတ်တွေက အပြစ်တင်ကြပြီး အယုံအကြည်မရှိ အဆိုတစ်ရပ်ကို ဧပြီ ၁၇ ရက်ကတင်သွင်းခဲ့ကြပါတယ်။ ပြီးခဲ့တဲ့လကလည်း မာလီနိုင်ငံရှိမျိုးနွယ်စုတွေအကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာကြောင့် သေဆုံးသူအရေအတွက် မြင့်တက်ခဲ့ပါတယ်။ ၀န်ကြီးချုပ် မိုင်ဂါနဲ့ သူ့ရဲ့အစိုးရအဖွဲ့ဝန်ကြီးတွေ နှုတ်ထွက်တာကို လက်ခံခဲ့တယ်လို့ မာလီသမ္မတ အီဘရာဟင်ဘူဘာကာကီတာက ကြေညာချက်တစ်ရပ်ထုတ်ပြန်ပါတယ်။ နိုင်ငံရေးအင်အားစုအားလုံးနဲ့ ညှိနှိုင်းပြီးနောက် ၀န်ကြီးချုပ်တစ်ဦးကို အမြန်ဆုံးခန့်ထားပြီး အစိုးရအဖွဲ့အသစ်ကို ဖွဲ့စည်းသွားမယ်လို့ သူ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ၂၀၁၂ ခုနှစ်က မာလီနိုင်ငံမြောက်ပိုင်း သဲကန္တာရမှာ အယ်ခိုင်ဒါအဖွဲ့နဲ့ ဆက်နွယ်နေတဲ့ အစ္စလာမ္မစ်အစွန်းရောက်တွေ အခြေချပြီးကတည်းက မာလီနိုင်ငံမှာ…
Read Moreဇာတ်ကားတွေကို ပရိသတ်က ဝေဖန်သုံးသပ်တတ်လာလို့ စိုးရိမ်မိတယ်ဆိုတဲ့ ကျော်ထက်အောင်
ရန်ကုန် ဧပြီ ၁၉-၂၀၁၉ သင်းသဒ္ဒါ Myanmar Idol သီချင်းဆိုပြိုင်ပွဲ စီစဉ်တင်တက်ဆက်သူကနေ သရုပ်ဆောင်ဘက်ကို ရောက်လာခဲ့တဲ့ သရုပ်ဆောင် ကျော်ထက်အောင်ကတော့ ဇာတ်ကားတွေကို ပရိသတ်က ဝေဖန်သုံးသပ်တတ်လာလို့ စိုးရိမ်မိ တယ်လို့ဆိုပါတယ်။ ” မေ ၃၀ ရက်ဆိုရင် “စရိုက်” ရုပ်ရှင်ကားရုံတင်တော့မယ်။ ရင်ခုန်တာ ထက် ခုနောက်ပိုင်း ပရိသတ်တွေက ဇာတ်ကား တွေ အရမ်းဝေဖန်သုံးသပ်တတ်လာတော့ စိုးရိမ်မိပါတယ်။ ဘယ်လိုကားမျိုးတွေကို ရွေးချယ် ကြည့်မလဲ။ ကျွန်တော်တို့က အရည်အသွေးကို အဓိကထားပြီး ရိုက်ကူးတာမို့ ပိုစတာကို ကြည့်ပြီးတော့ မဆုံး ဖြတ်စေချင်ပါဘူး”လို့ ဆိုပါတယ်။ သူကတော့ လွန်ခဲ့တဲ့ ၂ နှစ်က “စရိုက်” ဆိုတဲ့ ဇာတ်ကားကို ကြိုးကြိုးစားစားရိုက်ထားခဲ့သလို အဲတုန်းက သိတဲ့တတ်တဲ့ ပညာနဲ့တော့ အစွမ်းကုန်ကြိုးစားထားပါတယ် ၊ သာမာန်လူတန်းစားဘ၀ရပ်တည်မှုတစ်ခုကို အခြေခံရိုက်ကူးခဲ့တဲ့ ဇာတ်လို့လည်း…
Read Moreလေပြင်းကြောင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်လေးမြို့နယ်က အိမ်ခြေ ၅၀၀ ဝန်ကျင် ထိခိုက် ပျက်စီး
မုံရွာ ဧပြီ ၁၉-၂၀၁၉ မောင်တာရာ(VOM) စစ်ကိုင်းတိုင်းမှာ ဧပြီလ ၁၈ ရက်နေ့ ညနေ့ပိုင်းအချိန်က တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် စစ်ကိုင်းတိုင်းအတွင် မြို့နယ် လေးမြို့နယ်ကအိမ်ခြေ ၅၀၀ ဝန်ကျင် ထိခိုက်ပျက်စီးခဲ့ပါတယ်။ မနေ့ညနေ့က တိုက်ခတ်တဲ့ လေပြင်းကြောင့် ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာ (၃)ရွာက အိမ် ခြေ၂၁၈ လုံး၊အရာတော်မြို့နယ်ရှိ ကျေးရွာ (၄)ရွာက အိမ်ခြေ ၂၀၀ ဝန်းကျင်၊ဝက်လက်မြို့နယ်မှာ အိမ်ခြေ ၆၀ ကျော် နဲ့ မုံရွာမြို့နယ်မှာ အိမ်ခြေ လေးလုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်ကိုင်းတိုင်းဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့် က ပြောပါတယ်။ ဒါ့အပြင် အရာတော်မြို့နယ်မှာ လျှပ်စစ်ဓါတ်မီးတိုင် ၂၀ ကျော်နဲ့ ကွမ်းခြံတွေ အများအပြား ပျက်စီးခဲ့တဲ့ အပြင် စေတီတော်တစ်ဆူ ထီးတော် မြေခခဲ့မှုလည်း…
Read More