စစ်ကိုင်းတိုင်းမှာ တစ်ပတ်အတွင်း လေပြင်းတိုက်လို့ လူနေအိမ် ၁ထောင်ကျော် ပျက်စီးခဲ့

မုံရွာ ဧပြီ ၂၀-၂၀၁၉

(မိုင်ချယ်ရီ)

 

သင်္ကြန်အကျနေ့ကနေ စတင်ပြီးတော့ တစ်ပတ်တာ ကာလအတွင်း တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ လူနေအိမ် ၁ထောင်ကျော် ပျက်စီးခဲ့တယ်လို့ စစ်ကိုင်းတိုင်းဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနက သိရပါတယ်။

 

ဧပြီလ ၁၄ ရက်နေ့ သင်္ကြန်အကျနေ့မှာ တစ်ကြိမ် ဧပြီလ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့မှာ တစ်ကြိမ်နဲ့ ဧပြီလ ၁၈ ရက်နေ့ က စစ်ကိုင်းတိုင်းအတွင်းမှာ ရှိတဲ့ မြို့နယ် (၁၄)မြို့နယ် မှာ လေပြင်းတွေ တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို တိုက်ခတ်ခဲ့တဲ့ လေပြင်းတွေကြောင့် ဖောင်းပြင်မြို့နယ်မှာ အမျိုးသားတစ်ဦး သစ်ပင်ပိ သေဆုံးခဲ့ပြီး အင်းတော်မြို့နယ်မှာတော့ နေအိမ်ပြိုကျလို့ ထုတ်တန်းပိပြီး ဇနီးမောင်နှံ နှစ်ဦး ဒဏ်ရာ ရရှိတာတွေဖြစ်ပွားခဲ့တာအပြင် လူနေအိမ် အပါအ၀င် အဆောက်အဦး ၁၀၉၂ လုံး ပျက်စီးခဲ့တယ်လို့ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနရုံး ကနေ သိရပါတယ်။

 

သဘာဝဘေးနဲ့ ပတ်သတ်လို့ ကူညီထောက်ပံ့တာတွေ လုပ်ဆောင်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနရုံးက တိုင်းဦးစီးမှူး ဦးစ၀ီလီဖရန့် က

 

“သင်္ကြန်ရက် အတွင်း ဖြစ်တာတွေကတော့ ထောက်ပံ့တာတွေ လုပ်ပြီးပြီ။တစ်နေ့က မှ ဖြစ်တာတွေကတော့ မနက်ဖြန်မှာ ကူညီထောက်ပံ့တာတွ လုပ်သွားမယ်။တစ်ပတ်အတွင်း ထောက်ပံ့တာ အားလုံးဆိုရင် ငွေကြီးပဲ သိန်း ၄၀၀ နီးပါး ရှိသွားပြီ”လို့ ပြောပါတယ်။

 

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှာ မတ်လ ၁၈ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် လူနေအိမ်အပါအ၀င် အဆောက်အဦး ၆၉ လုံး မတ်လ ၃၁ ရက်နေ့မှာ တိုက်ခတ်ခဲ့တဲ့လေပြင်းကြောင့် လူနေအိမ်အပါအ၀င် အဆောက်အဦး အလုံ ၇၀ ကျော် နဲ့ ဧပြီလ ၆ ရက်နေ့ မှာ တိုက်ခတ်ခဲ့တဲ့လေပြင်းကြောင့် လူနေအိမ် အပါအ၀င် အဆောက်အဦး အလုံး ၇၀ ကျော် ပျက်စီးခဲ့ပါတယ်။

 

#voiceofmyanmar #စစ်ကိုင်းတိုင်း #လေပြင်းတိုက်

Related posts

Leave a Comment

VOM News

FREE
VIEW