ပူတင်နဲ့ ထိပ်သီးဆွေးနွေးပွဲအတွက် ကင်ဂျုံအန် ရုရှားခရီးစဉ် မြောက်ကိုရီးယားအတည်ပြု

ဆိုးလ်၊ ဧပြီ ၂၃-၂၀၁၉

မျိုးဆက် (VOM)

မြောက်ကိုရီးယားခေါင်းဆောင်း ကင်ဂျုံအန်ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ထိပ်သီးဆွေးနွေးပွဲအတွက် ရုရှားနိုင်ငံကို သွားရောက်မှာဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက အတည်ပြုလိုက်ပါတယ်။

မြောက်ကိုရီးယားအပေါ် အမေရိကန်က အရေးယူပိတ်ဆို့တွေ ဆက်လက်ထားရှိပြီး ဆွေးနွေးပွဲတွေ ရပ်တန့်တာတွေကို ဦးတည်စေခဲ့တဲ့ ဖေဖော်ဝါရီလက ဟနွိုင်းမှာပြုလုပ်တဲ့ ဒုတိယအကြိမ် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ ပျက်ပြားပြီးနောက်ပိုင်း ကင်ဂျုံအန်ဟာ ရုရှားခရီးစဉ်နဲ့အတူ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွေအတွက် နိုင်ငံခြားထောက်ခံတာတွေ ပိုမိုရရှိဖို့ လုပ်ဆောင်ဖွယ်ရှိနေပါတယ်။ ကင်ဂျုံအန်ရဲ့ ရုရှားခရီးစဉ်ဟာ မကြမီအချိန်အတွင်းသွားရောက်မှာဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက ထုတ်ပြန်ကြေညာခဲ့ပြီး အချိန်နဲ့ နေရာကိုတော့ အသေးစိတ်ဖော်ပြထားတာမရှိပါဘူး။

ပူတင်နဲ့ ကင်ဂျုံအန်ဟာ ဧပြီလအကုန်မှာတွေ့ဆုံကြမယ်လို့ ရုရှားသမ္မတအိမ်တော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က ဧပြီ ၂၂ ရက်က သတင်းထောက်တွေကိုပြောပါတယ်။ ကင်ဂျုံအန်ရဲ့ လက်ထောက်တစ်ဦးဖြစ်သူ ကင်ချန်ဆွန်းဟာ ရုရှားအရှေ့ပိုင်းက ဗလာဒီဗိုစတော့မြို့မှာ ဧပြီ ၂၁ ရက်ကရောက်ရှိနေကြောင်း တောင်ကိုရီးယားနိုင်ငံ ယွန်ဟတ်သတင်းဌာနကဖော်ပြထားပြီး ဧပြီ ၂၄ ရက်နဲ့ ၂၅ ရက်တို့မှာ အဲဒီမြို့ဝန်းကျင်းက နေရာတစ်ခုမှာ ပူတင်နဲ့ကင်ဂျုံအန်တို့ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်မယ်ဆိုတဲ့ ထင်ကြေးတွေလည်း ထွက်ပေါ်နေပါတယ်။

Ref & Photo : Reuters

#voiceofmyanmar #နိုင်ငံတကာသတင်း #ရုရှား #ပူတင် #ကင်ဂျုံအန်

Related posts

Leave a Comment

VOM News

FREE
VIEW