ဇာတ်ကားအတူရိုက်ဖို့ နေတိုးကို ရှိန်နေတယ်ဆိုတဲ့ နေခြည်ဦး

ရန်ကုန် မေ ၃- ၂၀၁၉

 

သင်းသဒ္ဒါ (VOM)

 

 

Beauty Blogger တယောက်ကနေ သရုပ်ဆောင်တစ်ယောက်ဖြစ်လာတဲ့ နေခြည်ဦးကတော့ ရို့မန့်ဇာတ်ကားရိုက်ဖို့ နေတိုးကို ရှိန်နေတယ်လို့ ဆိုပါတယ်။

 

”ဒီဇာတ်ကားမရိုက်ခင် ကိုနေတိုးနဲ့တွဲသရုပ်ဆောင်ရမယ် ဆိုတော့ ဟုတ်ရောဟုတ်ရဲ့လားပေါ့။ နေခြည်လို အသစ်တစ်ယောက်ကို လက်ခံရိုက်ကူးမယ်ဆိုတော့ ကိုယ့်လိုအသစ်တစ်ယောက်အတွက် ဇာတ်လမ်းအတွက် လိုအပ်ချက်တွေရှိနေရင် စိတ်များငြိုငြင်မလားပေါ့။ စွယ်စုံရမင်းသားတစ်ယောက်လို့ နေခြည်က သတ်မှတ်ထားတယ်။ ဒီရို့မန့်ကားဆိုတော့ နေခြည်က ကိုနေတိုးကို နည်းနည်းတော့ရှိန်ပါတယ်။ သူ့က ကိုယ့်ကိုအရမ်း ချစ်ပြရမှာလေ။ ကိုယ့်အရမ်းလေးကြိုက်တဲ့မင်းသား၊ အရမ်းလေးစားရတဲ့ မင်းသားရိုက်ရမှာ ကာရိုက်တာထဲ မုဒ်မ ရောက်မှာနေခြည် စိတ်ပူပါတယ်”လို့ဆိုပါတယ်။

 

 

သူမကတော့ဒါရိုက်တာ ( အာရုဏ်ဦး)  ပွင့်သိဂီဇော် က ရိုက်ကူးမယ့် ”အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားမှာတော့ နေရွှေသွေးအောင်က ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်ပြီးတော့  နေတိုး ၊ ရဲအောင် ၊ သူရိယ ၊ တိုင်ရွန် ၊ စိုးမြတ်သူဇာ  ၊ မေဘရဏီသော် နဲ့ အနုပညာရှင်များစွာပါဝင်မှာ ဖြစ်ပါတယ်။

 

 

”ကိုနေတိုးက သူ့ဆင်းန်မပါလည်း သရုပ်ဆောင်သစ်တွေကို အများကြီး သင်ပေးတဲ့အတွက် နေခြည်အတွက် ပညာတွေလည်း အများကြီးရမယ်လို့ ထင်ပါတယ်။ ဖန်စီရို့မန့်ဆိုပေမယ့် တကယ်ကို ရို့မန့်စစ်စစ်ကို ချပြမှာဖြစ်လို့ ကိုနေတိုးနဲ့ နေခြည်က အချစ်ကာရိုက်တာလေး ဖြစ်မှာပါ။ နေခြည်တို့ ၂ယောက် က Levelမတူကြဘူး။ ကိုနေတိုးရဲ့ ရုံးမှာနေခြည်အလုပ်လုပ်ရတယ်။ နေခြည် ရှင်သန်ရတဲ့ဘဝက အစ်ကိုဖြစ်တဲ့ ကိုရဲအောင်ရဲ့သွန်သင်ဆုံးမမှုအောက်ကြောင့် ယောက်ျားလေးတစ်ယောက်ကို ဘယ်လိုပြောင်းလဲရမလဲဆိုတာ သိနေတယ်”လို့ဆိုပါတယ်။

အဆိုပါကားကိုတော့ မေ ၁၅ ရက်တွင် ရန်ကုန် နဲ့ အင်းလေးတို့မှာ ပုံဖော် ရိုက်ကူးပုံဖော်မယ်လို့သိရပါတယ်။

 

ဓာတ်ပုံ – သင်းသဒ္ဒါ

 

#voiceofmyanmar #နေတိုး #နေခြည်ဦး

 

Related posts

Leave a Comment

VOM News

FREE
VIEW