ဇီးကုန်း နတ္တလင်းမှာ လေပြင်းကြောင့် ကားလမ်း ရထားလမ်း ယာယီပိတ်

ဇီးကုန်း မေလ ၄-၂၀၁၉

မိုးယံ ( VOM)

မေ ၄ရက် ဒီ​နေ့ည​နေ ၅နာရီခွဲ အချိန်​ခန့်​က တိုက်​ခတ်​သွားတဲ့​ လေပြင်း​ကြောင့်​ ဇီးကုန်းမြို့နတ္တလင်းမြို့နား ရန်​ကုန်​-ပြည်​ ကားလမ်းတစ်​​လျောက်​နဲ့ မီးရထားလမ်းတစ်​​လျောက်​ သစ်​ပင်​ကြီးတွေပြိုလဲပြီး  လမ်းတွေပိတ်​ဆို့​နေလို့ ကားလမ်းလည်းပိတ်နေသလို ရန်​ကုန်​-ပြည်​ အမြန်​ရထားလည်း သွားဖို့ခက်ခဲနေတာကြောင်ရ့ပ်ထားရပါတယ်။

 

ပဲခူးတိုင်း သာယာဝတီခရိုင်​ ဇီးကုန်းမြို့နယ်နဲ့ နတ္တလင်းမြို့နယ်​ထဲက  ရန်​ကုန်​-ပြည်​ ကားလမ်း တစ်​​လျောက်​၊ ရထားလမ်းတစ်​​လျောက်​မှာ တိုက်​ခတ်​ခဲ့တဲ့မုန်​တိုင်း​ကြောင့်​ နတ္တလင်းမြို့ မှ ကြိုဆိုပါ၏ ဆိုတဲ့ဆိုင်းဘုတ်​နားမှာ ဒီနေ့​ ည​နေ ၆ နာရီ ပြည်​ကိုထွက်မယ့် ရန်ကုန်-ပြည် အမြန်ရထား ထွက်မရဖြစ်နေပါတယ်။    ဗီအိုအမ်က ဇီးကုန်းဘူတာ ရုံပိုင်လေး ဦးအောင်နိုင်ထွန်းကို ညဦးပိုင်း ၈ နာရီဝန်းကျင်က မေးကြည့်တော့

 

`သစ်​ပင်​က ၁၀ ပင်​​လောက်​ရထားလမ်း​ပေါ် လဲကျ​နေတာ ကျွန်​​တော်​တို့ ဒီကဝန်​ထမ်း​တွေ သွားရှင်း​နေကြတယ်​ အခုထိ​တော့ ရထားထွက်​မရ​သေးဘူး ရပ်​ထားရတယ်လို့  “ပြောပါတယ်​။

 

ဒီလို တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် ဇီးကုန်းနဲ့ နတ္တလင်းမြို့နယ်မှာ နေအိမ်တွေ အမိုးလန်တာ ပြိုကျတာတွေရှိခဲ့တာကြောင့် သက်ဆိုင်ရာက လိုက်လံစာရင်းကောက်ယူနေဆဲဖြစ်ပါတယ်။

 

#voiceofmyanmar  #ဇီးကုန်း #နတ္တလင်း #လေပြင်းတိုက်

 

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW