လင်မယားချင်း စကားများပြီး  ဇနီး နဲ့ သမီးကို  သတ်

ကသာ ၊ မေ ၄ -၂၀၁၉

နိုင်ကြီး – ကသာ (VOM)

 

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် မြင့်ဒူးကျေးရွာမှာ မေလ ၃ ရက်နေ့ နေ့လည်ပိုင်း အချိန်က လင်မယားချင်း ရန်ဖြစ်  စကားများရာကနေ ယောက်ျားဖြစ်သူက မိန်းမ နဲ့ သမီးကို ပွဲချင်းပြီးသေဆုံးအောင် သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ် ။

 

လင်မယားချင်း စကားများရာ ကနေ ဒေါသ မထိန်းနိုင်ပဲ အရိုးသွား ၂၅ လက်မခန့်ရှိ ငှက်ကြီးတောင်ဓါးနဲ့ ခုတ်ခဲ့တဲ့အတွက် ဇနှီးဖြစ်သူ မခင်ထက်ထက်လှိုင် (၃၅ နှစ်) မှာ လည်ပင်း ဖြတ်လုနီးပါး ဒဏ်ရာ ၁ ချက်၊ ပါးစောင် ယာဘက် ၅ လက်မခန့် ပြတ်ရှဒဏ်ရာ ၁ ချက်၊ ရင်ညွှန့် တည့်တည့်မှာ ထိုးသွင်းဒါဏ်ရာ ၁ ချက် ရရှိပြီး သေဆုံးခဲ့ပါတယ် ။

 

ဒါ့အပြင် အသက် (၇) လ အရွယ် သမီးဖြစ်သူကိုပါ သတ်ဖြတ်ခဲ့တဲ့အတွက် လည်ပင်း ပြတ်လုနီးပါး ဒဏ်ရာ ၁ ချက်၊ ညာဘက်လက်ပြင် ပြတ်လုနီးပါး ဒဏ်ရာ ၁ ချက်၊ ရင်ဘတ်မှာ ထိုးသွင်း ဒဏ်ရာ ၁ ချက်၊ ယာဘက် ပုခုံး တစ်လက်မခန့် ပြတ်ရှဒဏ်ရာ ၁ ချက် ရရှိပြီး  မိခင်ရော သမီးပါ နှစ်ဦးစလုံး ပွဲချင်းပြီး သေဆုံးခဲ့တာပဲဖြစ်ပါတယ် ။

 

လက်ရှိမှာ ကောလင်းမြို့မရဲစခန်းက လူသတ်မှု ကျူးလွန်ခဲ့သူ မင်းမင်အောင်ကို (ပ)၁၅၂/၂၀၁၉  ပြစ်မှုပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ် လို့ သိရပါတယ် ။

 

#voiceofmyanmar #ကသာ #လူသတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW