တောင်ကြီး (၄)လောင်းပြိုင်လူသတ်မှု အဓိကတရားခံ သေဆုံး

ရန်ကုန်၊ မေ ၄ -၂၀၁၉

သိင်္ဂီ (VOM)

 

 

တောင်ကြီး ၄ လောင်းပြိုင်လူသတ်မှု အဓိကကြိုးကိုင် စီမံကျူးလွန်သူ တရားခံ တင်အုန်းဟာ  ဒီနေ့ နေ့လယ်ပိုင်းက သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့ဆီကသိရပါတယ်။

 

 

“သေ သွားတာကြားတယ်။ခုက ဆရာတို့က အပြင်ရောက်နေတယ်။ သေချာသိဖို့ဆိုရင် စခန်းကိုလှမ်းမေးပြီးမှသိရမယ်” လို့ တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်နိုင်က အတည်ပြုပြောကြားပါတယ်။

 

တရားခံတင်အုန်းက မြင်းဖြူနှစ်ကောင်တိုင်းရင်းဆေးတိုက်ပိုင်ရှင် ဒေါ်အေးရွှေနဲ့ မောင်နှမဝမ်းကွဲတော်စပ်သူဖြစ်ပါတယ်။ တရားခံကို ၂၉ ရက်နေ့ကတည်းက သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

 

တရားခံကို လူသတ်မှုနဲ့ ပတ်သက်ပြီး တောင်ကြီးမြို့မရဲစခန်းမှာ (ပ)၇၉၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၂၀/၃၉၄ အမှုနဲ့ဖမ်းဆီးအရေးယူထားတာဖြစ်ပါတယ်။

 

လတ်တလောမှာတော့ တရားခံသေဆုံးသွားတဲ့အခြေနေကိုသာ အတည်ပြုနိုင်သေးပြီး စစ်ဆေးမေးမြန်းရင်းသေဆုံးတာဟုတ်မဟုတ်၊ ရောဂါကြောင့်သေဆုံးတာဟုတ်မဟုတ် အတည်ပြုထုတ်ပြန်ပြောကြားတာမျိုးမရှိသေးပါဘူး။

 

#voiceofmyanmar   #တောင်ကြီး #လေးလောင်းပြိုင်လူသတ်မှု  #မြင်းဖြူနှစ်ကောင်ဆေးတိုက်

Related posts

Leave a Comment

VOM News

FREE
VIEW