ဒိုင်နိုဆောခေတ်က ကမ္ဘာဦးကင်းခြေများရုပ်ကြွင်း မြန်မာ့ပယင်းကျောက်ထဲမှာရှာတွေ့

ဆိုဖီယာ၊ မေ-၅-၂၀၁၉

မျိုးဆက် (VOM)

 

လွန်ခဲ့တဲ့ နှစ်သန်း ၉၉ သန်းက ဒိုင်နိုဆောခေတ်မှာ ရှင်သန်ခဲ့တဲ့ ကမ္ဘာဦးကင်ခြေများတစ်ကောင်ရဲ့ ရုပ်ကြွင်းတစ်ခုကို မြန်မာနိုင်ငံ မြစ်ကြီးနားမြို့က တူးဖော်ရရှိတဲ့ ပယင်းကျောက်ထဲကနေ သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

 

 

အရွယ်အစား ၀ ဒသမ ၄ လက်မဘဲရှိတဲ့ အဲဒီကင်းခြေများကို Burmano Petalum Inexpextatum လို့ရှာဖွေတွေ့ရှိခဲ့တဲ့ ဘူလ်ဂေးရီးယား သိပ္ပံပညာရှင်တွေက အမည်ပေးထားပါတယ်။

 

ဒိုင်နိုဆောတွေရှင်သန်ခဲ့ကြတဲ့ ခရီတေးစီးယပ်စ်ခေတ်အတွင်းက ရှင်သန်ခဲ့တဲ့ B.Inexpectatum ကင်းခြေများတွေဟာ Callipodida မျိုးရင်းဝင် ကင်းခြေများ မျိုးစိတ်သစ်တစ်မျိုးရဲ့ ကျောက်ဖြစ် ရုပ်ကြွင်းဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေကပြောပါတယ်။

 

တွေ့ရှိခဲ့တဲ့ ကမ္ဘာဦးကင်းခြေများမျိုးစိတ်ဟာ လက်ရှိခေတ်ကင်းခြေများတွေထက် အရွယ်အစားအလွန်သေးငယ်ကြပြီး ကင်းခြေများအုပ်စုတွေရဲ့ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ကို ဖော်ထုတ်နိုင်ဖို့ အရေးကြီးတဲ့ သဲလွန်စတွေပေးနိုင်မယ်လို့ ဘူလ်ဂေးရီးယား သိပ္ပံပညာရှင်တွေက မျှော်လင့်ထားပါတယ်။

 

မြန်မာနိုင်ငံက ပယင်းကျောက်တွေထဲကနေ ကင်းခြေများ အကောင် ၄၆၀ ကိုမိမိတို့ ရှာဖွေတွေ့ရှိထားပြီး အခုတွေ့တဲ့ B.Inexpectatum ကတော့ ကမ္ဘာဦးကင်းခြေများ မျိုးစိတ်သစ်ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

 

မြန်မာနိုင်ငံ ဟူးကောင်းချို့င့်ဝှမ်းက ထွက်ရှိတဲ့ ပယင်းကျောက်တွေထဲမှာ ယနေ့ကမ္ဘာမှာမရှိတော့တဲ့  ကမ္ဘာဦးအင်းဆက်တွေ ၊ ငှက်တွေနဲ့ တွားသွားသတ္တ၀ါတွေရဲ့ အင်္ဂါအစိတ်အပိုင်းတွေနဲ့ အပင်တွေကို တွေ့ရလေ့ရှိပါတယ်။

 

Ref : Daily Mail

Photo : Tech Time

 

Related posts

Leave a Comment

VOM News

FREE
VIEW