အုတ်​ဖိုမြို့နယ်​တွင်​ အမျိုးသား တစ်​ဦး ကြိုးဆွဲချ ​သေဆုံး

 

အုတ်​ဖို ​မေ ၈-၂၀၁၉

မိုးယံ(VOM)

 

သာယာဝတီခရိုင်​ အုတ်​ဖို မြို့နယ်​မှာ ​မေလ ၈ရက်​  နံနက်​က အသက်​ ၄၁ နှစ်​ အရွယ်​အမျိုးသား တဦး ကြိုးဆွဲချ ​သေဆုံးသွားတယ်​လို့ အုတ်​ဖို မြို့မ ရဲစခန်းကသိရပါတယ်​။

 

ဖြစ်​စဉ်​မှာ ကင်​ပွန်းခြုံ​ကျေးရွာက လူတယောက် ကြိုးဆွဲချသေဆုံး​နေ​ကြောင်း ​ကျေးရွာ​အုပ်​စု အုပ်​ချုပ်​​ရေးမှူး ဦးမျိုးညွန့်​​အောင်​က ရဲစခန်းသို့ဖုန်းဆက်​အ​ကြောင်းကြားလို့ သွား​ရောက်​ စစ်​​ဆေးခဲ့ရာမှာ ​နေအိမ်​အလယ်​ရှိ ဝါးပိုးဝါးတိုင်​မှာ အဖြူ​ရောင်​နိုင်​လွန်​ကြိုးချည်​လျက်​ ဒူး​ကွေးပြီး ​သေဆုံး​နေတယ်​လို့်​ ရဲမှတ်​တမ်းမှာ ​ဖော်​ပြထားပါတယ်​။

 

သေဆုံးသူ ရဲ့အ​မေဖြစ်​သူ ​ဒေါ်ညှက်​က “ကျွန်မသားက ​မိသားစုစားဝတ်​​နေ​ရေးအတွက်​ကြုံရာကျဘမ်းလုပ်​ကိုင်​စား​သောက်​​နေတာပါ။ ပင်​ပန်းကြီးစွာဘယ်​​လောက်​လုပ်​လုပ်​ စီးပွား​ရေး ​ပြေလည်​မှုမရှိလို့ စိတ်​ညစ်​ပြီး အိမ်​မှာတစ်​​ယောက်​တည်းရှိတဲ့အချိန်​ အခုလိုဆွဲကြိုးချသေသွားတာပါ။ “လို့်​ ရဲစခန်း မှာ ထွက်​ဆိုထားပါတယ်​။

 

အမှုကို အုတ်​ဖို မြို့မရဲစခန်းမှ ​သေမှု​သေခင်း အမှတ်​စဉ်​ (၂/၁၉)နဲ့ အမှုဖွင့်​လက်​ခံထားပြီး ရဲလုပ်​ငန်းများ ဆက်​လက်​လုပ်​​ဆောင်​​ နေတယ်​လို့ နယ်​​မြေစခန်းမှူး ရဲအုပ်​ဇော်​ဝင်းက ​ပြောပါတယ်​။

 

 

 

#voiceofmyanmar #ကြိုးဆွဲချသေဆုံး #အုတ်ဖို

 

Related posts

Leave a Comment

VOM News

FREE
VIEW