လက်မထပ်ရသေးခင် ချစ်သူကို ထုတ်မပြဘူးဆိုတဲ့ မအေးသောင်း

ရန်ကန် မေ ၁၀ -၂၀၁၉

သင်းသဒ္ဒါ (VOM)

 

ပရိသတ်အချစ်တော် အေးဝတ်ရည်သောင်းကတော့ လက်မထပ်ရသေးခင် ချစ်သူကို ထုတ်မပြဘူးလို့ဆိုပါတယ်။

 

”ချစ်သူဘ၀မှာတော့  ပေါက်စီအနေနဲ့ ပရိသတ်ကို ချပြဖို့တော့ အစီအစဉ်မရှိပါဘူး။ ပေါက်စီက ပြဿနာ မရှိပေမယ့် သူကတော့ မနေတတ်ဘူး။ သူများတွေရဲ့ ကိုယ့်အကြောင်း တစ်ခုခုလာပြောရင် ဒီ ပြောဆိုမှုတွေအ တွက် စိတ်ဖိစီးမှုတွေဖြစ်မှာ ကြောက်တယ်လေ။ပေါက်စီရဲ့ ချစ်သူမှန်းသိလို့ နေရခက်စိုးလို့ ဘယ်သူဆိုတာ ထုတ်မပြတာပါ။လူတွေ မသိလေ ပိုကြိုက်လေပေါ့။သူက ပေါက်စီထက် ပိုရှက်တတ်နေပါတယ်”လို့ဆိုပါတယ်။

 

သူမကတော့  မေ ၂၄ ရက်နေ့စပြမယ့် ဒါရိုက်တာ သားညီ ရိုက်ကူးပေးတဲ့ အချစ်ဒရာမာ ဇာတ်လမ်းဖြစ်တဲ့ ”ရင်ခွင်ရှင်းတမ်း” ရုပ်သံဇာတ်လမ်းတွဲမှာတော့ ဟိန်းဝေယံ ၊အုပ်သာကျော် ၊ ငြိမ်းသော် ၊ သွန်းဆက် ၊ ဟန်လေး၊ သီရိစိုးနဲ့ ခေးလရောင် စတဲ့ အနုပညာရှင်တွေနဲ့ တွဲဖက်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

 

”ပေါက်စီရဲ့ ချစ်သူက ၀၀ပြည့်ပြည့်လေးဆိုတော့ အရမ်းကို အားကိုးရပါတယ်။ အိမ်ထောင်ရေးက အတွက် ထူးထူးခြားခြားတော့ မစဉ်းစားရသေးပါဘူး။ တကယ်လို့ ကိုယ်တွေ မခွဲနိုင်မခွာဖြစ်နေရင်တော့ ဒီနှစ်ထဲ မှာပဲ ယူဖြစ်သွားမှာပေါ့။ မနက်ဖန် အိမ်ထောင်ပြုဖို့ ဖြစ်နိုင်သလို နောက်ရက်လည်း ဖြစ်နိုင်တာပါပဲ”လို့ဆိုပါတယ်။

 

ဓာတ်ပုံ – သင်းသဒ္ဒါ

 

#voiceofmyanmar  #မအေးသောင်း

Related posts

Leave a Comment

VOM News

FREE
VIEW