ဂျပန်နိုင်ငံမှာ ကလေးမွေးဖွားနှုန်းမြင့်လာဖို့  မူကြိုနဲ့ နေ့ကလေးထိန်းကျောင်းတွေ အခမဲ့တက်ခွင့်ပြု

တိုကျို၊ မေ-၁၂-၂၀၁၉

မျိုးဆက် (VOM)

 

 

ဂျပန်နိုင်ငံရဲ့ ကျဆင်းနေတဲ့  ကလေးမွေးဖွားမှုနှုန်းကို မြှင့်တင်ဖို့ ရည်ရွယ်ပြီး ၀န်ကြီးချုပ် ရှင်ဇိုအဘေးရဲ့ မဟာဗျူဟာ အစိတ်အပိုင်းတစ်ရပ်အဖြစ် ကလေးငယ်အားလုံးကို မူကြိုကျောင်းတွေ၊ နေ့ကလေးထိန်းကျောင်းတွေမှာ အခမဲ့ တက်ရောက်ခွင့်ပြုတဲ့ ဥပဒေတစ်ရပ်ကို ဂျပန်နိုင်ငံမှာ  ပြဌာန်းလိုက်ပါတယ်။

 

အဲဒီ မဟာဗျူဟာအရ ကလေးငယ်တွေကို  ကျွေးမွေးပြုစုရတဲ့ ကုန်ကျစရိတ်ကို လျှော့ချဖို့ ရည်ရွယ်ထားပြီး ၂၀၁၇ ခုနှစ်အတွင်းက ကလေးမွေးဖွားမှုနှုန်း စံချိန်တင်ကျဆင်းခဲ့တာကို မြင့်တက်ဖို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မျှော်လင့်ထားပါတယ်။

 

 

ပြဌာန်းလိုက်တဲ့ ဥပဒေအရ အသက် ၃ နှစ်မှ ၅ နှစ်အကြား ကလေးငယ်တွေအားလုံးအတွက် မူကြိုကျောင်းကုန်ကျစရိတ်တွေကို ပေးဆောင်ဖို့ မလိုတော့ပါဘူး။ ဒါ့အပြင် ၀င်ငွေနည်းမိသားစုတွေအတွက် အသက်နှစ်နှစ်အောက်ကလေးငယ်တွေကို နေ့ကလေးထိန်းကျောင်း အခမဲ့တက်ရောက်ခွင့်လည်း ရရှိမည်ဖြစ်ပါတယ်။ဒီအစီအစဉ်ကို အောက်တိုဘာလမှာ စတင်အကောင်အထည်ဖော်မှာဖြစ်ပါတယ်။

 

 

အခမဲ့အဖြစ် အစိုးရက ခွင့်ပြုမထားတဲ့ မူကြိုကျောင်းတွေမှာ ကလေးငယ်တွေကို ကျောင်းတက်ခိုင်းတဲ့ မိဘတွေကိုလည်း တစ်လကို ဒေါ်လာ ၃၈၃ ကျော်ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

 

နိုင်ငံရဲ့ ကြွေးမြီဟာ သုံးနှစ်ဆက်တိုက်စံချိန်တင်မြင့်တက်ပြီး ဒေါ်လာ ၁၀ ထရီလီယံရှိနေတယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာထားပေမယ့်လည်း ဥပေဒကို ဂျပန်လွှတ်တော်အမတ်တွေက အတည်ပြုခဲ့ကြတာဖြစ်ပါတယ်။

 

 

Ref : UPI

Photo : Kyodo

 

 

Related posts

Leave a Comment

VOM News

FREE
VIEW