တရုတ်နိုင်ငံအတွက် သူလျှိုလုပ်တဲ့ စီအိုင်အေအရာရှိဟောင်းကို ထောင်နှစ် ၂၀ ချ

ဝါရှင်တန်၊ မေ-၁၈-၂၀၁၉

မျိုးဆက် (VOM)

 

အမေရိကန်စစ်ဘက်ဆိုင်ရာ လျှို့ဝှက်အချက်အလက်တွေ တရုတ်ထောက်လှမ်းရေးတစ်ဦးကို ပေးခဲ့တဲ့ စီအိုင်အေ အရာရှိဟောင်းတစ်ဦးကို ထောင်နှစ် ၂၀ ချမှတ်လိုက်တယ်လို့ အမေရိကန်တရားရေးဌာနက ပြောပါတယ်။

 

ပြီးခဲ့တဲ့  ဇွန်လအတွင်းက ရုံးတင်စစ်ဆေးပြီးနောက် အသက် ၆၂ နှစ်အရွယ်  စီအိုင်အေအရာရှိဟောင်း ကီဗင်မာလိုရီကို ထောက်လှမ်းရေးဆိုင်ရာ ပြစ်မှု သုံး၊လေးခုနဲ့ပတ်သက်ပြီး အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။

 

သူဟာ ထိပ်တန်းအဆင့်ရှိ လုံခြုံရေးအချက်အလက်တွေနဲ့ အရေးကြီးစာရွက်စာတမ်းတွေကို ဒေါ်လာ ၂၅၀၀၀ နဲ့  တရုတ်နိုင်ငံကို လျှို့ဝှက်ရောင်းချခဲ့တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ထောင်ဒဏ်ချမှတ်ခံရတဲ့ ကီဗင်မာလိုရီဟာ  ၂၀၁၇ ခုနှစ် မတ်လနဲ့ မေလတွေအတွင်းက တရုတ်ထောက်လှမ်းရေးတစ်ဦးနဲ့ တွေ့ဆုံဖို့ ရှန်ဟိုင်းကို သွားရောက်ခဲ့တယ်လို့ အမေရိကန်တရားရေးဌာနက ပြောပါတယ်။

 

ဒီဖြစ်စဉ်ဟာ အမေရိကန်ထောက်လှမ်းရေးအရာရှိဟောင်းတွေကို တရုတ်နိုင်ငံက ပစ်မှတ်ထားနေတယ်ဆိုတာနဲ့ ထောက်လှမ်းရေးဟောင်းတွေဟာ  နိုင်ငံနဲ့ လုပ်ဖော်ကိုင်ဖက်တွေအပေါ် သစ္စာဖောက်နိုင်တာနဲ့ ပတ်သက်လို့ သတိပေးချက်တစ်ခုဖြစ်တယ်လို့ အမေရိကန် လက်ထောက်ရှေ့နေချုပ်ဂျွန်ဒီမားစ်က စီရင်ချက်ချမှတ်အပြီးမှာ သုံးသပ်ပြောဆိုပါတယ်။

 

Ref : BBC

Photo : ALEXANDRIA SHERIFF’S OFFICE

 

#voiceofmyanmar #တရုတ်သူလျှို #စီအိုင်အေအရာရှိဟောင်း #အမေရိကန် #၀ါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW