နှစ်အနည်းငယ်အတွင်း အီရန်နဲ့ စစ်ဖြစ်မယ်လို့ အမေရိကန်နိုင်ငံသား ထက်ဝက်ကျော် ယုံကြည်နေ

ဝါရှင်တန်၊ မေ-၂၂-၂၀၁၉

မျိုးဆက် (VOM)

 

လာမယ့် နှစ်အနည်းငယ်အတွင်းမှာ အမေရိကန်နဲ့ အီရန်စစ်ဖြစ်လိမ့်မယ်လို့ အမေရိကန်နိုင်ငံသား ထက်ဝက်က ယုံကြည်နေကြောင်း ရိုက်တာသတင်းဌာနနဲ့  သုတေသန ကုမ္ပဏီ Ipsos ရဲ့ မေ ၁၇ ရက်နေ ၂၀ ရက်အထိပြုလုပ်တဲ့  ပြည်သူ့သဘောထား စစ်တမ်းတစ်ရပ်ကို မေ ၂၂ က ထုတ်ပြန်ရာမှာ ဖော်ပြထားပါတယ်။

 

စစ်တမ်းဖြေဆိုသူ ၅၁ ရာခိုင်နှုန်းက လာမယ့် နှစ်အနည်းငယ်အတွင်း အမေရိကန်နဲ့ အီရန်တို့ စစ်ဖြစ်မယ်လို့ မျှော်လင့်ထားရာမှာ  ၂၀ ရာခိုင်နှုန်းကတော့ အီရန်၏ ခြိမ်းခြောက်မှုအတွက် စစ်ရေးကြိုတင် အသာစီးရယူဖို့ ထောက်ခံပြီး ၆၀ ရာခိုင်နှုန်းက ဆန့်ကျင်နေကြပါတယ်။

 

ဒါပေမယ့်  အီရန်က စတင်တိုက်ခိုက်လာမယ်ဆိုရင် အပြည့်အ၀ ဒါမှမဟုတ် ကန့်သတ်ထားတဲ့  စစ်ရေးပုံစံနဲ့ အမေရိကန်စစ်ဘက်က တုံ့ပြန်သင့်တယ်လို့ စစ်တမ်းဖြေဆိုသူ ၇၉ ရာခိုင်နှုန်းက ပြောဆိုပါတယ်။

 

အီရန်နိုင်ငံနဲ့ ပတ်သက်တဲ့ ပြသနာအပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ကိုင်တွယ်ပုံကို စစ်တမ်းဖြေဆိုသူ ၄၉ ရာခိုင်းနှုန်းက သဘောမကျကြဘဲ  ၃၉ ရာခိုင်နှုန်းကျော်ကသာ ထောက်ခံနေတယ်လို့ ဆိုပါတယ်။

 

ရီပတ်ဘလီကန်ထောက်ခံသူတွေထဲမှာ ၇၈ ရာခိုင်နှုန်းက သမ္မတ ဒေါ်နယ်ထရန့်ရဲ့  မူဝါဒကို ထောက်ခံတယ်လို့ ပြောဆိုပြီး ၁၄ ရာခိုင်နှုန်းကတော့ သမ္မတရဲ့ မူဝါဒကို  မထောက်ခံဘူးလို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

Ref : Reuters & NHK

Photo : Reuters

 

#voiceofmyanmar #နှစ်အနည်းငယ်မှာအီရန်နဲ့စစ်ဖြစ်မယ်လို့ယုံကြည်နေ # အမေရိကန်နိုင်ငံသားထက်ဝက်ကျော် # အမေရိကန်  #၀ါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW