အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မွေးနေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သစ်ပင် (၁၃)သန်းကျော် စိုက်မယ်

နေပြည်တော်၊ မေ  – ၂၂ – ၂၀၁၉

ဒီပ(နေပြည်တော်)

 

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မွေးနေ့မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သစ်ပင်ပျိုးပင်မျိုးစုံ (၁၃)သန်းကျော်ကို စိုက်ပျိုးသွားမယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညီညီကျော်က ပြောပါတယ်။

 

လာမယ့် ဇွန် ၁၉ ရက်မှာ ကျရောက်မယ့် အသက် ၇၄ နှစ်မြောက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ စိုက်ပျိုးကြမှာ ဖြစ်ပါတယ်။

 

မနေ့ ညနေပိုင်းက ပြန်ကြားရေးဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အစိုးရရဲ့ပြည်သူ့အတွက် တတိယတစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ပွဲမှာ VOM သတင်းဌာန သတင်းထောက်တစ်ဦးကနေ သစ်တောပြုန်းတီးမှုကြောင့် ရာသီဥတုဖောက်ပြန်မှု ရေရှားပါးမှု ပြဿနာတွေ လတ်တလော ရင်ဆိုင်နေရခြင်းအပြင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သစ်ပင်စိုက်ပျိုးရေး ကိစ္စများကို အစိုးရအနေနဲ့ ဘယ်လိုဆောင်ရွက်မလဲ မေးခွန်းအပေါ် ခုလိုဖြေကြားခဲ့တာပါ။

 

“ဒီနှစ်မှာတော့ ထူးထူးခြားခြား ရာသီဥတုတွေပူပြင်းတာ၊ ရေခမ်းခြောက်တာတွေ ရှိခဲ့ပါတယ်။ ဒါကြောင့်မို့ အခုလာမယ့်မိုးရာသီ ဇွန်လ(၁၉)ရက်နေ့မှာတောြ့ပည်သူအားလုံး ပါဝင်ပြီးတော့ မြို့နယ်အသီးသီးမှာ ပျိုးပင်မျိုးစုံ (၁၃)သန်းကျော်ကို ပျိုးထောင် စိုက်ပျိုးမှာပါ။တိုင်းဒေသကြီး/ပြည်နယ် အစိုးရများရဲ့ ကြီးကြပ်မှုနဲ့ တစ်ရက်ထဲမှာ စိုက်ပျိုးကြဖို့ ဆောင်ရွက်နေပါတယ်။”လို့ ဆိုပါတယ်။

 

လက်ရှိမှာ ၀န်ကြီးဌာနရဲ့ ကြီးကြပ်မှုနဲ့နှစ်စဉ် သစ်ပင်စိုက်ပျိုးမှုတွေလုပ်ဆောင်နေပြီး  သစ်တောစိုက်ခင်းတွေ အပါအ၀င် သစ်မာနဲ့အခြား အပင်မျိုးစုံအတွက် အပင်ပေါင်း ၆၇ ဒသမ ၅သန်း ပျိုးထောင်ထားတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ တိုင်းတာချက်များအရ မြန်မာတစ်ပြည်လုံးရဲ့ သစ်တောဧရိယာဖုံးလွှမ်းမှုဟာ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းမျှသာရှိတဲ့အတွက် ကုန်ခမ်းသွားတဲ့ ကွက်လပ်နေရာများမှာ စိုက်ပျိုးဖို့ ၂၀၂၇ ခုနှစ်အထိဆယ်နှစ်စီမံကိန်းကို ချမှတ်ဆောင်ရွက်နေတယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက သိရပါတယ်။

 

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သစ်တောပြုန်းတီးမှု  တတိယအများဆုံးနိုင်ငံဖြစ်ပြီး ရာသီဥတုပြောင်းလဲမှု အကျိုးဆက်အနေနဲ့ ဒုတိယအမြင့်ဆုံး ခံစားနေရတဲ့နိုင်ငံထဲမှာ ပါဝင်နေကြောင်း မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ (MCCA) ရဲ့ မှတ်တမ်းများအရ သိရပါတယ်။

 

လက်ရှိအချိန်မှာတြော့မို့နယ်အများအပြားက လူမှုအဖွဲ့အစည်းနဲ့ သစ်ပင်ချစ်သူများက စတေကာကမ်ပိန်းပြုလုပ်နေမှုနဲ့အတူ သစ်ပင်များထိန်းသိမ်း စိုက်ပျိုးရန် နှိုးဆော်မှုတွေရှိပါတယ်။

 

#voiceofmyanmar #အတိုင်ပင်ခံပုဂ္ဂိုလ်မွေးနေ့ #သစ်ပင်စိုက်မယ် #နေပြည်တော်

Related posts

Leave a Comment

VOM News

FREE
VIEW