ကမ္ဘောဇဘဏ်မှာလုပ်ထားတဲ့ စုငွေဘဏ်စာအုပ်မှာ သိန်းငါးရာဝန်းကျင် စာရင်းလျော့နေလို့ ရှင်းလင်းပွဲပြုလုပ်

မုံရွာ၊ မေ ၂၇ – ၂၀၁၉ ရန်နိုင်စိုး(VOM)   မုံရွာမြို့ ကမ္ဘောဘဏ်မှာ ဘဏ်စာအုပ်နဲ့ အပ်နှံထားတဲ့ ငွေပမာဏထဲက သိန်းငါးရာ ဝန်းကျင် စာရင်းလျော့နည်းသွားတဲ့အပေါ် ဘဏ်စာအုပ်ပိုင်ရှင်ဟာ ဒီနေ့မနက်က မုံရွာမြို့ ချင်းတွင်းအင်စတီကျူ့ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။   ဘဏ်စာအုပ်ပိုင်ရှင်ဟာ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် မုံသွင်ကျေးရွာနေထိုင်သူ ဦးကိုဦး ဆိုသူဖြစ်ပြီး ဘဏ်ငွေစုစာအုပ်ထဲမှာ ၅ ကြိမ်တိတိငွေသွင်းခဲ့ရာ စုငွေ ငွေသားအရင်း သိန်း ၈၉၀ ကျော်နဲ့ ဘဏ်တိုးပါပေါင်းရင် သိန်း ၉၀၀ ကျော် ရှိရမှာဖြစ်ပေမယ့် ယခုအခါ ၄၂၂ သိန်းကျော်သာ ကျန်ရှိနေတဲ့အတွက် နစ်နာမှုအပေါ် သတင်းစာရှင်းလင်းပွဲပြုလုပ်တာလို့ ဆိုပါတယ်။   “ဧပြီလက သွင်းဖို့ထုတ်ဖို့ ပြန်ကြည့်လိုက်တဲ့အခါမှာ ငွေသိန်း ၅၀၀ ကျော် ခင်ဗျားထုတ်ထားပါတယ်လို့ ပြောတယ်။ အဲ့ဒီအချိန်ကျမှ ကျနော် မထုတ်ဘဲနဲ့…

Read More

ကောင်းမှုတော်ဘုရားကြီးက မေတ္တာကန် အကြီးစားပြန်လည်ပြင်ဆင်မှု သုံးဆယ် ရာခိုင်နှုန်းပြီးစီး

စစ်ကိုင်း၊မေ ၂၇ စောပြည့်ချမ်းသာ(VOM)   စစ်ကိုင်းမြို့မှာရှိတဲ့ သမိုင်းဝင် ရာဇမဏိစူဠာကောင်းမှုတော်ဘုရားကြီးက မေတ္တာကန်ကို အကြီးစားပြန်လည်ပြင်ဆင်မှု  ၃၀ ရာခိုင်နှုန်းပြီးစီးပြီလို့ အဲဒီဘုရားဂေါပကအဖွဲ့က သိရပါတယ်။   “ကန်အရှေ့ဘက်ခြမ်းပျက်စီးမှုကို ခိုင်ခန့်တဲ့အထိ လုပ်ပြီးပြီ။ အခုပြင်တဲ့နည်းကို မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းရဲ့လမ်းညွှန်မှုအတိုင်း လုပ်တာပါ။ ရာခိုင်နှုန်းအားဖြင့် သုံးဆယ်ရာခိုင်နှုန်းပဲ ပြီးပါသေးတယ်။ ကုန်ကျငွေဘယ်လောက်ရှိမယ်ဆိုတာတော့ ပြောမရသေးပါဘူး။” လို့ ကောင်းမှုတော်စေတီဂေါပကအဖွဲ့ ဒုဥက္ကဌ ဦးနီတင်က ပြောပါတယ်။   အရင်ဂေါပကလက်ထက်က တတ်နိုင်သလောက်အားနဲ့ ပြင်ခဲ့ပေမယ့် အကုန်ပြီးစီးအောင် မပြင်နိုင်တဲ့အခါ  မပြင်ရသေးတဲ့နေရာတွေက အက်ကွဲလာပြီး ရာသီဥတုဒဏ်ကိုမခံနိုင်တော့ပဲ ကန်ထဲကို လျှောက်လမ်းကပြိုကျမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။   ဒါကြောင့် ၂၀၁၈ ခုနှစ် ဇွန်လက လွှဲပြောင်းတာဝန်ယူခဲ့တဲ့ လက်ရှိဂေါပကအဖွဲ့အနေနဲ့ မေတ္တာကန်ကို ဒီလ ၇ ရက်ကစပြီး ပြုပြင်မှုတွေ ဆောင်ရွက်ခဲ့တာပါ။ ဒါ့အပြင် အရင်က မေတ္တာကန်ဘေးပတ်ပတ်လည်မှာ စောင်းတန်းမရှိခဲ့ပေမယ့်…

Read More

မိဘစိတ်တိုင်းကျတဲ့ သူကိုပဲ အိမ်ထောင်ဘက်အဖြစ် ရွေးမယ်ဆိုတဲ့ ရတနာမိုင်

ရန်ကုန်၊ မေ ၂၇-၂၀၁၉ သင်းသဒ္ဒါ(VOM)   အသံချိုချိုလေးနဲ့ ပရိသတ်ကို စွဲဆောင်ခဲ့တဲ့ အဆိုတော် ရတနာမိုင်ကတော့ မိဘစိတ်တိုင်းကျတဲ့ သူကိုပဲ အိမ်ထောင်ဘက်အဖြစ် ရွေးမယ်လို့ဆိုပါတယ်။   ”ညီမက ကိုယ်ချစ်ရတဲ့ ယောက်ျားတော့ ရွေးချယ်ဖြစ်မယ်မထင်ဘူး။ မိဘတွေစိတ်တိုင်းကျ သဘောကျတဲ့ သူမျိုးကိုပဲ ရွေးချယ်ဖြစ်မှာပါ။”လို့ ဆိုပါတယ်။   သူမကတော့ မိခင် မိုင်နဲ့ အတူ  Two Lady Show လုပ်မယ်ပြောပြီး မလုပ်ဖြစ်သေးတာကြောင့် ပရိသတ်တွေကို ကတိပျက် သလိုဖြစ်နေရကြောင်းနဲ့  ဒီနှစ်မှာတော့ သေချာပေါက် ကျင်းပဖြစ်မယ်လို့ ဆိုပါတယ်။   ဒါပေမယ့် Two Lady Show ထက်  မိခင်ဖြစ်သူ မိုင် ဖြစ်စေချင်တဲ့ သူမအမေရဲ့ သီချင်းလေးတွေကို ပိုပြီးအမှတ်ရသွားအောင် အခွေထုတ်ပေးဖို့ အရင် ဆုံးကြိုးစားဖြစ်နေတယ်လို့ သိရပါတယ်။   ပြီးတော့ ရတနာမိုင်က…

Read More

နိုင်သူရေးသမိုင်း ၊ ကွန်ဖြူးရှပ်နဲ့ မွန် ၂၆၂ နှစ်

စိုင်းထွန်းအောင်လွင်   (က) ကွန်ဖြူးရှပ် အဆုံးအမထဲက သာတူညီမျှ အကွာအဝေး ကွန်ဖြူးရှပ်ရဲ့ အဆုံးအမတွေထဲမှာ လူတိုင်းကို သာတူညီမျှ ကြောင်းကျိုးညီညွတ်စွာနဲ့ လေးစားမှု ရှိရမယ်။ လိမ္မာတဲ့ အကွာအဝေးတခုမှ လွတ်လွတ်လပ်လပ်နေစေ ထားရှိစေပြီး လူအချင်းချင်း ကျန်းခမ်းသာ မာပါစ လွတ်လပ်ပေါ့ပါးစွာ အသက်ရှူသွင်း၊ ရှူထုတ်နိုင်အောင် နေရာချန်ထားပေးရမယ်လို့ လမ်းညွှန်ချက် တရပ် ပါရှိပါတယ်။   ဒီစာပိုဒ်ရဲ့ အဓိက ရည်ရွယ်မှုဟာ မိမိနဲ့ နီးစပ်သူတွေ၊ မိတ်ဆွေတွေအပေါ် ဘယ်လို ဆက်ဆံသင့်သလဲဆိုတဲ့ ကိစ္စရပ်အပေါ် ရည်ညွှန်းခဲ့တာပါ။ သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစုဝင်တွေနဲ့ ဆက်ဆံရာမှာ မည်မျှပင် ရင်းနှီးသည်ဖြစ်စေ စည်းတခုနဲ့ သူတို့ရပ်တည်ခွင့်၊ သူတို့ရဲ့ ကိုယ့်ဘာသာကိုယ်ရပ်နိုင်တဲ့ စွမ်းအားအပေါ် အသိအမှတ်ပြုပြီး လူ့ဂုဏ်သိက္ခာနဲ့အညီ ဆက်ဆံကြဖို့က အရေးကြီးတဲ့ အကြောင်းအရာပါ။   ဒီနေ့ ခေတ်လူတွေရဲ့ အပြန်အလှန်ဆက်ဆံရေးမှာ အရေးကြီးတာက…

Read More

သွေးထွက်သံယိုမှုတွေ ရပ်စဲပြီးတော့ အားလုံးစားပွဲပေါ်ရောက်နိုင်ဖို့ လိုလားကြောင်း ရခိုင်အမျိုးသမီးအစည်းအရုံး ညီလာခံက တောင်းဆို

စစ်တွေ၊ မေ ၂၆-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်အမျိုးသမီးအစည်းအရုံးရဲ့ ပဉ္စမအကြိမ်မြောက် ညီလာခံကို မေလ ၂၆ ရက်က စတင်ပြီးတော့ မေလ ၂၈ ရက်အထိ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကျင်းပပြုလုပ်နေတာ ဖြစ်ပါတယ်။   ရခိုင်ပြည်နယ်အတွင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် စစ်ကိုစစ်နဲ့မဖြေရှင်းဘဲ သွေးထွက်သံယိုမှုတွေကို ရပ်စဲပြီးတော့ အားလုံးစားပွဲပေါ်ရောက်လာဖို့ လိုလားကြောင်း ရခိုင်အမျိုးသမီးအစည်းအရုံး (RWU) ရဲ့ ဥက္ကဌ စောမြရာဇာလင်းက အဲ့ဒီညီလာခံပထမနေ့မှာ တောင်းဆိုလိုက်ပါတယ်။   “ပြည်သူတရပ်လုံးရဲ့ စစ်ကိုစစ်နဲ့ဖြေရှင်းတယ်ဆိုတဲ့ အတွေးအခ်ါကနေ နိုင်ငံရေးယဉ်ကျေးမှုသစ်တွေနဲ့ ဘယ်လို တက်လှမ်းနိုင်မလဲဆိုတဲ့ စဉ်းစားချက်တွေကို ဒီညီလာခံမှာ ဆွေးနွေးသွားဖို့ ရှိနေပါတယ်။ တိုင်းပြည်အေးချမ်းတာကို မြင်ချင်တယ်။ သွေးထွက်သံယိုမှုတွေ ရပ်စဲပြီးတော့မှ အားလုံးအဖွဲ့ဝင်များ စားပွဲပေါ်ရောက်ရေးကို ကျမတို့ လိုလားပါတယ်။”လို့ စောမြရာဇာလင်းက ပြောပါတယ်။   အဲ့ဒီညီလာခံကနေ…

Read More
VOM News

FREE
VIEW