ကနီမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၁၀၀၀ ခန့် ပျက်စီး

စစ်ကိုင်း။ မေ ၁၄၊ ၂၀၁၉ ရန်နိုင်စိုး   စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ မေလ ၁၃ ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၁၀၀၀ နီးပါး ပျက်စီးသွားပါတယ်။   အဲ့ဒီနေ့ညနေက လေပြင်းဟာ ရုတ်တရက်ဆိုသလို ဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်သလို လေပြင်းနဲ့အတူ မိုးလဲရွာသွန်းခဲ့တာပါ။ အိမ်ခြေ ၁၀၀၀ ထက်တောင် ကျော်နိုင်တယ်ဗျ။ ရွာတစ်ရွာမှာကို အိမ်ခြေရာ ၁၀၀ ကျော် ၃၀၀ မက ပျက်စီးသွားကြတာ။ အခု ဝန်ကြီးချုပ်နဲ့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေလည်း ရောက်နေပါတယ်”လို့ ကနီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။   ပျက်စီးသွားတဲ့အထဲမှာတော့ အိမ်ခြေတွေအပြင် ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေအများပြား ပါရှိပါတယ်။   “အိမ်တွေ စာသင်ကျောင်းတွေ တော်တော်များများ အမိုးလန်သွားတာလဲရှိတယ်။ တချို့ အိမ်တွေနဲ့ တဲတွေဆို ပြိုကုန်တယ်။ ကျနော့်ရွာတရွာတည်းမှာကို…

Read More

အလုပ်ရပ်စဲတာကို နစ်နာကြေးမပေးတဲ့အတွက် အလုပ်သမားများက ပိုင်ရှင်ကို တရားစွဲ

စစ်ကိုင်း၊မေ ၁၃-၂၀၁၉ စောပြည့်ချမ်းသာ(VOM)     အလုပ်ရပ်စဲတာကို နစ်နာကြေးမပေးတဲ့အတွက် စစ်ကိုင်းစက်မှုဇုန်၊ ရွှေအင်းဝ သံရည်ကျိုစက်ရုံပိုင်ရှင်ကို မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တရားရုံးမှာ အလုပ်သမားများက တရားစွဲဆိုခဲ့ပါတယ်။   စစ်ကိုင်းစက်မှုဇုန် ရွှေအင်းဝသံရည်ကျိုစက်ရုံပိုင်ရှင်က စက်ရုံအတွင်း အလုပ်လုပ်ကိုင်နေတဲ့ စက်ရုံအလုပ်သမားများကို ကြိုတင်အကြောင်းကြားစာ (နို့တစ်စာ) ထုတ်ပြန်ခြင်းမရှိဘဲ အခုနှစ်မတ်လ ၃၀ မှာစက်ရုံကိုပိတ်သိမ်းခဲ့ပြီး စက်ရုံပိတ်သိမ်းလိုက်တဲ့အတွက်စက်ရုံအလုပ်သမား ၉ဦးက အလုပ်သမားရပိုင်ခွင့် အခွင့်အရေးများ ဆုံးရှုံးခဲ့တာအပေါ် စက်ရုံပိုင်ရှင်ကိုအခုလ မေ ၁၃မှာ တရားရုံးကို ဦးတိုက်လျှောက်ထား တရားစွဲခဲ့တာဖြစ်ပါတယ်။   ” ဒီစက်ရုံမှာလုပ်နေတာ သုံးနှစ်ကျော်ပါပြီ။ စက်ရုံပိတ်တော့မယ်လို့ အသံကြားတော့ ကျွန်တော်တို့က ပိုင်ရှင်ကိုမေးပါတယ်။ ပိတ်ရင်လည်းကြိုပြောပါလို့။ ဒါကို ဘာမှ ကြိုတင်အကြောင်းကြားစာ မပို့ပဲ ပိတ်ခဲ့တယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ ဆုံးရှုံးလို့ မြို့နယ်အလုပ်သမားရုံးကို တင်ပြခဲ့တယ်။ အလုပ်သမားရုံးက နှစ်ကြိမ်…

Read More

ကျွဲအုပ်​မောင်းလာတဲ့ စပါးထားရွာသား မိုင်းပေါက်​ကွဲပြီး ဒဏ်​ရာရ

ဘူးသီးတောင်​၊ မေ ၁၃-၂၀၁၉ ခိုင်​လင်းစံ(VOM)   ရခိုင်​ပြည်​နယ်​ ဘူးသီးတောင်​မြို့နယ်​ စပါးထားကျေးရွာသား ဦးမောင်​စိန်​ထွန်းဟာ ယနေ့ ညနေ ၅နာရီခွဲခန့်အချိန်​တွင်​ ကျွဲအုပ်​အား ရွာဘက်​သို့ မောင်းလာစဉ်​ ပေါက်​ကွဲမှုဖြစ်​ပြီး ထိခိုက်​ဒဏ်​ရာရရှိခဲ့ပါတယ်။   အဲ့ဒီပေါက်​ကွဲမှုမှာ ကျေးရွာနားသို့အရောက်​မှာ ဖြစ်​ပွားခဲ့တာဖြစ်​ပြီး လက်​နက်​ကြီးကျည်​ ဒါမှမဟုတ်​ မိုင်းတစ်​ခုခု ပေါက်​ကွဲတာဖြစ်​နိုင်​တယ်​လို့ ရွာသားတစ်​ဦးကပြောပါတယ်​။   “ဦးမောင်​စိန်​ထွန်းက အသက်​ကြီးပါပြီ။ ၆၆ နှစ်​ရှိနေပါပြီ။ သူ့ကျွဲတွေကို ရွာကိုမောင်းလာတဲ့အချိန်​မှာ အဲ့ဒီကွင်းပြင်​က ထပေါက်​တယ်​လို့ပြောတယ်​။ ဒဏ်​ရာတွေရသွားတာပေါ့။ အခုတော့ ဆေးရုံပို့ထားလိုက်​ပြီ။”လို့ အဲ့ဒီရွာသားက ပြောပါတယ်​။   ပေါက်​ကွဲမှုဖြစ်​စဉ်​ကြောင့်​ ဦးမောင်​စိန်​ထွန်းမှာ ဘယ်​ဘက်​ ခါးမှာတစ်​နေရာ။ ခြေသလုံးမှာတစ်​နေရာ။ ညာဘက်​ပေါင်​မှာတစ်​နေရာ စုစုပေါင်းဒဏ်​ရာ သုံးခုရရှိခဲ့ပြီး ခါးကဒဏ်​ရာမှာ စိုးရိမ်​ရတယ်​လို့ သူကပြောပါတယ်​။   “လူနာကတော့ လောလောဆယ်​ ဒီဆေးရုံမှာပဲရှိနေတယ်​။ ခွဲစိပ်​ကုသမှုတွေလုပ်​ရမယ်​။ စစ်​တွေကို ပို့ဆောင်​ဖို့အတွက်​လုပ်​နေတာ နောက်​ကျသွားလို့…

Read More

မုန်တိုင်းဒဏ်ခံ အဆောက်အဦးများဟာ ဒေသတွင်းလူဦးရေ အချိုးအစားကို အပြည့်အ၀ လုံခြုံမှုမပေးနိုင်သေး

နေပြည်တော်၊ မေလ၊ ၁၅၊ ၂၀၁၉ ဒီပ(နေပြည်တော်)   ကမ်းရိုးတန်းဒေသများမှာရှိတဲ့ မုန်တိုင်းဒဏ်ခံ အဆောက်အဦးများဟာ ဒေသတွင်းရှိ လူဦးရေအချိုးအစားကို အပြည့်အ၀ မပေးနိုင်သေးဘူးလို့ ဒီကနေ့ ညနေပိုင်းက ပြန်ကြားရေးဝန်ကြီးဌာန အစိုးရရဲ့ တတိယတစ်နှစ်တာကာလ ဆောင်ရွက်ခဲ့မှုများနဲ့ ပတ်သက်ပြီးတော့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့ပါတယ်။   “ဒီဘေးဒဏ်ခံ အဆောက်အဦးတစ်ခု တည်ဆောက်လိုက်တာနဲ့ အဲ့ဒီဒေသမှာရှိတဲ့ လူတွေအားလုံးအတွက် (ကာဗာ) အပြည့်အ၀တော့ မဖြစ်သွားဘူး ဒါပေမယ့် အတော်အသင့် ၀င်ဆန့်နိုင်တယ် ဘုန်ကြီးကျောင်းတို့ စာသင်ကျောင်းတို့က လိုအပ်နေသေးတယ် အတိအကျ လူဦးရေနဲ့ ဆောက်မယ်ဆိုရင်တော့ လိုအပ်နေသေးတယ်”လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။   ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော်တောင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုင်ကလုံးမုန်တိုင်းကြောင့် အိန္ဒိယနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ့်နိုင်ငံတို့မှ ကြိုတင်ကာကွယ်မှုအပိုင်းမှာ ပြင်ဆင်နိုင်ခဲ့တာကြောင့် လူဦးရေ အသေအပျောက်နှုန်းနဲ့ ပျက်စီးမှုအပိုင်းမှာ…

Read More

မုံရွာမြို့ အလုံတိုက်နယ်တွင် အပူရှောင်စခန်းဖွင့်လှစ်

မုံရွာ၊ မေ ၁၃၊ ၂၀၁၉ ရန်နိုင်စိုး   ရာသီဥတု ပူပြင်းတဲ့အတွက် မုံရွာမြို့ အလုံတိုက်နယ်အတွင်းမှာရှိတဲ့ ခံတောရပ်ကွက် ရတနာပုံကျောင်းတိုက်မှာ နွေရာသီအပူရှောင်စခန်းကို မေလ ၈ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါမှာတော့ အနီးနားဝန်းကျင်က ဒေသခံများ လာရောက်ခိုလှုံကြရာ အများစုကတော့ သက်ကြီးရွယ်အိုများဖြစ်ကြပါတယ်။   ” ကျနော်တို့အနေနဲ့ ဒီစခန်းဖွင့်လှစ်ဖို့ အရင်ဆုံး ဒီကျောင်ထိုင်ဆရာတော်နဲ့ တိုင်ပင်ကြည့်တယ်။ ဆရာတော်ကလဲ ခွင့်ပြုတော့ စလုပ်ဖြစ်တာ။ စခန်းဖွင့်ရတဲ့ ရည်ရွယ်ချက်ကတော့ အများပြည်သူတွေအနေနဲ့ အခုအပူချိန်ကို တော်တော်ရင်ဆိုင်နေရတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ ၊ မကျန်းမာတဲ့လူတွေနဲ့ ကလေးသူငယ်တွေက ပိုဆိုးတယ်။ အဲ့တော့ အားလုံးကို အပူဒဏ်ခံနိုင်ရည်ရှိအောင် အခုလိုစီစဉ်ရတာပါ ” လို့ အလုံတိုက်နယ် ခံတောရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးခိုင်ဆွေမြတ်က ပြောပါတယ်။   အပူရှောင်စခန်းကို အဆိုပါကျောင်းတိုက်အတွင်းက ဓမ္မာရုံမှဖွင့်လှစ်ထားရှိပြီး လျှပ်စစ်မီးမလာတဲ့…

Read More

၂၀၁၈မှာ အရက်ကြောင့်သေဆုံးခဲ့သူ ၆၀၀၀ နီးပါးရှိခဲ့

ရန်ကုန် ၊ မေ ၁၃ – ၂၀၁၉ သိင်္ဂီ (VOM)   မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က အရက်ကြောင့် သေဆုံးခဲ့သူပေါင်း ၆၀၀၀ နီးပါး ရှိခဲ့တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တတိယတစ်နှစ်တာ ကာလ ထုတ်ပြန်မှုစာရင်းတွေအရ သိရပါတယ်။   “အရက်က ပြီးခဲ့တဲ့ ၂၀၁၃ ကနေ ၂၀၁၈ ထိဆိုရင် အရက်ကြောင့် ဖြစ်တဲ့ရောဂါ၊ ပြဿနာတွေက ၂ ဆခွဲလောက်ထိ ဖြစ်လာတယ်။ အရက်သောက်ပြီး ကားမောင်း မတော်တဆမှုဖြစ်၊ ပိုက်ဆံတွေကုန် ၊ လူထိခိုက် ၊ ပိုက်ဆံတွေမကုန်သင့်ပဲ ကုန်တာဖြစ်တယ်၊ ဒီလိုတွေမဖြစ်ဘူးဆိုရင် ပိုက်ဆံတွေလည်း ပိုထွက်မယ် တိုင်းပြည်အတွက်လည်း အကျိုးရှိမယ်၊ ခုတော့ အရက်ကိစ္စက စိတ်မကောင်းစရာပါ။ တိုင်းပြည်ရဲ့ပြဿနာလည်းဖြစ်တယ်”လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။   မြန်မာနိုင်ငံမှာ …

Read More

အမျိုးသားစာပေဆုရ “ရိုးမပေါ်ကျတဲ့ မျက်ရည် ” ၀တ္တုကို ရုပ်ရှင်ရိုက်မယ်

ရန်ကုန် မေ ၁၃- ၂၀၁၉ သင်းသဒ္ဒါ   မြန်မာနိုင်ငံရဲ့ ရောင်းအားအကောင်းဆုံး၊ အမျိုးသားစာပေဆုရ စာရေးဆရာတင်ညွှန့်ရဲ့ ” ရိုးမပေါ်ကျတဲ့ မျက်ရည် ” ၀တ္တုကို ရုပ်ရှင်ရိုက်မယ်လို့ သိရပါတယ်။   ” ပထမတော့ ဒီဝတ္ထုဇာတ်ကားအဖြစ် ဖန်တီးဖို့ကို လက်ခံခဲ့ကြဘူး။ ဆင်ဆာတွေကလည်း ရှိနေတယ်။ ကျွန်တော့်အနေနဲ့ တော်တော်လေးရှင်းပြခဲ့ရတယ်။ ဒီဝတ္ထုက စာရေးဆရာတင်ညွှန့်ရဲ့ “ရိုးမပေါ်ကျတဲ့ မျက်ရည်”က  မြန်မာနိုင်ငံရဲ့ ရောင်းအားအကောင်းဆုံး အမျိုးသားစာပေဆုရထားတာပါ။  ခုခေတ်မှာ ပွင့်လင်းမြင်သာမှုလည်း ရှိနေပြီလေ။ ကျောင်းဆရာတစ်ယောက် Life ပါသလို မဆလခေတ် အခြေခံထားတယ်”လို့ ဒါရိုက်တာ ကိုပေါက်ကဆိုပါတယ်။   ဒီရုပ်ရှင်ကို Bo Bo Film ထုတ်လုပ်ရေးကနေ ဖြစ်ရပ်မှန်ရုပ်ရှင်ကားအဖြစ် “ဇာတ်လိုက်” နာမည်နဲ့ ရိုက်ကူးမှာဖြစ်ပြီး၊ သရုပ်ဆောင် မြင့်မြတ် ၊ထူးအောင် ၊အောင်ရေချမ်း ၊ကောင်းမြတ်စံ ၊လင်းအောင်ခေတ်…

Read More

သီရိလင်္ကာမှာ Facebook အပါအ၀င် လူမှုတွေရက်အသုံးပြုတာတွေ ပိတ်ပင်

ကိုလံဘို၊ မေ-၁၃-၂၀၁၉ မျိုးဆက် (VOM)   သီရိလင်္ကာနိုင်ငံ အီစတာပွဲတော်ကာလမှာ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုအပြီး ဗလီတွေနဲ့ မွတ်ဆလင်တွေပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ တိုက်ခိုက်ခံရပြီးနောက် Facebook နဲ့ WhatsApp အပါအ၀င် လူမှုကွန်ရက်အချို့ကို အသုံးပြုလို့မရအောင် ပိတ်ပင်လိုက်တယ်လို့ မေ ၁၃ ရက်မှာ သီရိလင်္ကာ တာဝန်ရှိသူတွေက ထုတ်ပြန်လိုက်ပါတယ်။   Facebook မှာစတင်ခဲ့တဲ့ အငြင်းပွားမှုတစ်ခုကြောင့် အနောက်ဘက်ကမ်းရိုးတန်းမှာရှိတဲ့ ခရစ်ယာန်အများစုနေထိုင်ရာ ချီလောမြို့က ဗလီတွေနဲ့ မွတ်ဆလင်တွေပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို လူဒါဇင်ပေါင်းများစွာက ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြတယ်လို့ သတင်းရင်းမြစ်တွေက ရိုက်တာသတင်းဌာနကကိုပြောပါတယ်။   တစ်နေ့နေ့မှာ မင်းတို့ငိုရလိမ့်မယ်လို့ ပြသနာစတင်ဖြစ်ပွားစေတဲ့ ပို့စ်ကို Facebook မှာရေးတင်ခဲ့သူ အသက် ၃၈ နှစ်အရွယ် အဗ္ဗဒူဟာမိမိုဟာမက် ဟတ်စ်မာကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။   အဲဒီလို မှတ်ချက်ပြုရေးသားတာဟာ ခြိမ်းခြောက်အကြမ်းဖက်မှုအဖြစ်…

Read More

ကုလသမဂ္ဂလက်ထောက် အထွေထွေအတွင်းရေးမှူး မစ္စအာရ်ဆူလာမြူလာ စစ်ဘေးရှောင်စခန်းတွေကို သွားခွင့်မရ

စစ်တွေ၊ မေ ၁၃-၂၀၁၉ ခိုင်လင်းစံ (VOM)   လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂလက်ထောက် အထွေထွေအတွင်းရေးမှူးနှင့် အရေးပေါ်ကယ်ဆယ်တုံ့ပြန်ရေး ဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူး မစ္စအာရ်ဆူလာမြူလာဟာ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေကို သွားရောက်ဖို့စီစဉ်ထားပေမယ့် ခွင့်ပြုချက်မရခဲ့ဘူးလို့ ဆိုပါတယ်။   သူတို့အဖွဲ့ဟာ မေလ ၁၂ ရက်နေ့ညနေပိုင်းမှာ စစ်တွေမြို့ကိုရောက်ရှိလာခဲ့ကြတာဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်တွေနေထိုင်နေကြတဲ့ ကယ်ဆယ်ရေးခစန်းတွေကို သွားရောက်လေ့လာဖို့အတွက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို နှစ်ရက်အကြာရောက်ရှိနေတာဖြစ်ပါတယ်။     “အထူးသဖြင့် ရခိုင်ပြည်နယ်အလယ်ပိုင်းမှာရှိတဲ့ AA နဲ့ တပ်မတော်တို့တိုက်ပွဲအကြားမှာရှိတဲ့ နေရပ်စွန့်ခွာတိမ်းရှောင်သူတွေဆီကို သွားဖို့အတွက် အထူးပဲစိတ်ဝင်စားပါတယ်။ ဒါပေမယ့် သွားဖို့အတွက်လည်း သွားလာခွင့်ကို တင်ပြခဲ့တယ်။ ခွင့်ပြုချက်မရခဲ့ဘူး။ လုံခြုံရေးအခြေအနေအရသွားခွင့်မပြုဘူးလို့ပြောပါတယ်။ ဒါကြောင့် ခွင့်ပြုချက်ရတဲ့နေရာတွေကိုပဲ သွားခဲ့တာပါ။”လို့ ဒါးပိုင်ကယ်ဆယ်ရေးစခန်းက အပြန်မှာ သတင်းထောက်တွေကို မစ္စအာရ်ဆူလာမြူလာကပြောကြားခဲ့ပါတယ်။   ခရီးစဉ်မှာပါရှိတဲ့…

Read More

ဒေါ်နယ်ထရန့်ကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်သူ ထောင်နှစ် ၁၄၀ ကျခံရဖွယ်ရှိ

ဝါရှင်တန်၊ မေ-၁၃-၂၀၁၉ မျိုးဆက် (VOM)   အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို သတ်မယ်လို့ခြိမ်းခြောက်ပြီး အခြားသူတွေဆီကိုလည်း ဗုံးခြိမ်းခြောက်တာတွေနဲ့ သံသယဖြစ်ဖွယ် အဖြူရောင်အမှုန့်ပါတဲ့ စာအိတ်တွေ ပေးပို့ခဲ့သူ အမျိုးသားတစ်ဦးကို စွဲချက်တင်လိုက်ပြီဖြစ်ပါတယ်။   အသက် ၅၁ နှစ်အရွယ် ဂရေးဂရာဗီလီကို အဖြူရောင်အမှုန့်တွေပါတဲ့ စာအိပ်တစ်ခုမှာ သင်သေလိမ့်မယ်လို့ လက်ရေးနဲ့ရေးထားတဲ့ စာတစ်စောင်ကိုပေးပို့ပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာလမှယ သမ္မတ ဒေါ်နယ်ထရန့်ကို ခြိမ်းခြောက်ခဲ့တာကြောင့် တရားရုံး ၁၆ ခုမှာ စွဲချက်တင်ထားတာဖြစ်ပါတယ်။   သူဟာ ဘုရားကျောင်းတစ်ခု၊ ဗလီတစ်ခုနဲ့ အဖွဲ့အစည်းတစ်ခုဆီကိုလည်း အလားတူစာအိတ်တွေ ပေးပို့ခဲ့တယ်လို့ တရားရုံးကစာရွက်စာတမ်းတွေအရသိရပါတယ်။ ဒါပေမယ့် စာအိပ်မှာပါတဲ့ အဖြူရောင်အမှုန့်တွေဟာ အန္တရာယ်တော့ မရှိဘူးလို့ ဆိုပါတယ်။   စွဲချက်တင်ခံထားရတဲ့ ဂရာဗီလီဟာ အစိုးရအဆောက်အဦတွေ၊ စိတ်ကျန်းမာရေး ဆေးရုံတစ်ရုံအပါအ၀င် ဗားမောင့်၊ ၀ါရှင်တန်နဲ့ အခြားနေရာ အတော်များများမှာ…

Read More
VOM News

FREE
VIEW