ပြည် ၊ မေ ၄ – ၂၀၁၉ ဂျန်ကိုးလ် ပဲခူးတိုင်းပြည်မြို့ နယ်ဝက်ထီးကန်မှာရှိတဲ့ ယခင်ဘိန်းဖြတ်စခန်းလို့ လူသိများတဲ့ လူမှူဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပိုင်ပြန်လည်ထူထောင်ရေးစခန်းမှာ ရှိတဲ့အဆောက်အဦတချို့ဖျက်စီးခိုးယူခံခဲ့ရတာနဲ့ပတ်သက်ပြီး ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေနဲ့အမှု့ဖွင့်ထားတယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီးဝက်ထီးကန်နယ်မြေရဲစခန်းက (ပ)၂၈-၂၀၁၉ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့် ရှောက်ရေးဥပဒေပုဒ်မ၆(၁)နဲ့အမှု့ဖွင့်လက်ခံခဲ့ပြီး တရားခံတွေကို ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေတယ်လို့သိရပါတယ်။ ပြန်လည်ထူထောင်ရေးစခန်းအတွင်းက အဆောင်၅ခုမှာရှိတဲ့ သစ်ချောင်းရေ ၂၁၂ ချောင်း၊ သွပ် ၃၀၀ ချပ်ခန့် ကာလတန်ဖိုး ၁၉ သိန်း ကျော် ရှိတယ်လို့ဆိုပါတယ်။ ”အဆောက်အဦးတွေက လူနေဆောင်တော့မဟုတ်ဘူး၊ နွားခြံနဲ့ ဆိတ်မွေးမြူရေးခြံ၅လုံး အဟောင်းတော့ အဟောင်း၊ ဒါပေမယ့် ယိုယွင်းနေတာမဟုတ်ဘူး၊ သင်္ကြန်မတိုင်ခင်က ရေတိုင်ကီ သွားသယ်ခိုင်းတုန်းက ရှိသေးတယ်၊ နောက်ပိုင်းမှဖျက်စီးခိုးယူခံရတာ ဖြစ်တယ်။” လို့ ပြန်လည်ထူထောင်ရေးစခန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်းကပြောပါတယ်။ ဒီပြန်လည်ထူထောင်ရေးစခန်းဟာ အရင်ကပြည်ထဲရေးဝန်ကြီးဌာန…
Read MoreMonth: May 2019
ခရီးသည် ၁၃၆ ဦးတင်ဆောင်လာတဲ့ လေယာဉ်တစ်စင်း ပြေးလမ်းချော်ပြီး မြစ်အတွင်းကျ
ဖေလော်ရီဒါ၊ မေ-၄-၂၀၁၉ မျိုးဆက်(VOM) ခရီးသည် ၁၃၆ ဦးတင်ဆောင်လာတဲ့ ဘိုးအင်း ၇၃၇ လေယာဉ်တစ်စင်းဟာ မေ ၃ ရက်က လေယာဉ်ကွင်းမှာ ဆင်းသက်ရန်ကြိုးစားရာကနေ ပြေးလမ်းချော်ပြီး ဖလော်ရီဒါနယ်ပြည် ဂျက်ဆန်ဗီလီအနီးရှိ စိန့်ဂျွန်မြစ်အတွင်းကို ထိုးဆင်းသွားခဲ့တယ်လို့ ဂျက်ဆန်ဗီလီလေကြောင်းထိန်းသိမ်းရေးစခန်းမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောပါတယ်။ ထိခိုက်ဒါဏ်ရာရရှိသူအရေအတွက်နဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်တာမရှိသေးပေမယ့် ခရီးသည်၂၁ ဦး အသေးစားဒါဏ်ရာရရှိခဲ့ပြီး လေယာဉ်ဟာ မိုးကြိုးအကြီးအကျယ်ပစ်နေစဉ်အတွင်း ဆင်းသက်ဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့ ဒေသခံ ရုပ်မြင်သံကြားသတင်းဌာနတစ်ခုက ဖော်ပြထားပါတယ်။ လေယာဉ်ဟာ ဂွမ်တာနာမိုရေတပ်စခန်းကနေ ရောက်ရှိလာပြီး ဒေသစံတော်ချိန်ည ၉နာရီ ၄၀ မိနစ်အချိန်မှာ လေယာဉ်ပြေးလမ်းအဆုံးရှိ မြစ်အတွင်းကို ထိုးကျခဲ့တာလို့ လေကြောင်းထိန်းချုပ်ရေးစခန်း တာဝန်ရှိသူတွေက ပြောပါတယ်။ လေယောဉ်ပေါ်လိုက်ပါလာသူအားလုံး အသက်ရှင်လျက်ရှိကြောင်း၊ ဒါပေမယ့် လေယာဉ်မှလောင်စာဆီတွေ မြစ်အတွင်းကျဆင်းနေတာကို ထိန်းချုပ်ဖို့ လေယာဉ်အမှုထမ်းတွေက လုပ်ဆောင်နေတယ်လို့…
Read Moreရုပ်ရှင် ဇာတ်ကားနှစ်ကား ပြိုင်ပြီးရုံတင်နေတဲ့အပေါ် စိုးရိမ်နေတဲ့ နေတိုး
ရန်ကုန် မေ ၄ -၂၀၁၉ သင်းသဒ္ဒါ စွယ်စုံရမင်းသားတစ်ယောက်အဖြစ် ပရိသတ်အသိအမှတ်ပြုထားခံရတဲ့ အကယ်ဒမီနေတိုးကတော့ သူရိုက်ထားတဲ့ဇာတ်ကားနှစ်ကားပြိုင်ရုံတင်နေတာနဲ့ပတ်သက်ပြီး စိုးရိမ်နေတယ်လို့ ဆိုပါတယ်။ “ရုပ်ရှင်ရေစီးကြောင်းက နှစ်ကားပြိုင်တူ ရုံတင်လိုက်တော့ ဇာတ်လမ်း၊ ဇာတ်အိမ်မတူတာ ကံကောင်းတယ်လို့ ပြောလို့ရတာပေါ့။အရသာမတူတော့ ပရိသတ်ကမျှပြီး ကြည့်လို့ရတာပေါ့။ကျွန်တော် အနေနဲ့လည်း ဇာတ်ကားတွေ တိုက်တဲ့အတွက် တော်တော်လေးကို အန္တရာယ်များပါတယ်။ ဗီဒီိယိုတောင် တ ပြိုင်တည်း ရုံတင်ရင် သွားတာပဲလေ။တော်တော်လေးကို ပြောင်းလဲနိုင်အောင် လုပ်မှရမှာပါ။ ဒီလိုသာဆက် တိုက်ဖြစ်လာရင် ကျွန်တော့်အနေနဲ့လည်း စိုးရိမ်မိပါတယ်”လို့ ဆိုပါတယ်။ လက်ရှိမှာ နေတိုးရဲ့ မဟူရာရုပ်ရှင်ရုံ ဇာတ်ကား၊ ပြုံးရွှင်ရေ…ပျော်ရဲ့လား ဇာတ်ကားနှစ်ကား တပြိုင် တည်းရုံတင်နေထားသလို မကြာခင်မှာ ပြဿနာ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ဆက်လက် ရုံတင်ဖို့ လည်း ရှိနေပါတယ်။ “ဒီဇာတ်ကားတွေအတွက် အခြေအနေကို ခဏခဏလှမ်းမေးရတယ်။…
Read Moreမလေးရှားသွားမယ့်ဘင်္ဂါလီလူမျိုး ၃ ဦး တမူးနယ်စပ်မှာ ဖမ်းဆီးရမိ
တမူး ၊ မေ ၄ – ၂၀၁၉ သစ်တော်(VOM) တမူးနယ်စပ်ကနေ ဖြတ်ပြီးမလေးရှားသွားမယ့်ဘင်္ဂါလီလူမျိုး(၃)ဦးကို တမူးခရိုင်ခါမ်းပါတ်မြို့နန်း ကတိတ်ကျေးရွာ၊ အမကကျောင်းအနီးမှာ မေလ ၃ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ တမူးမြို့ မြို့မ စခန်းက သိရပါတယ် ဖြစ်စဉ်က ဘင်္ဂါလီ ၃ ဦးကို တမူးမြို့ ကနေ ကလေးမြို့ဘက်ကိုမောင်းနှင်လာတဲ့ တမူးမြို့နယ် မြို့မ(၁၄)ရပ်ကွက်နေ ရန်ခိုလင်း(၂၁)နှစ်နဲ့ လွန်ကျင်ဟောက် (၂၃)တို့ မောင်းနှင်လာတဲ့ ဆိုင်ကယ် နှစ်စီးပေါ်ကနေ ဖမ်းမိခဲ့တာဖြစ်ပါတယ်။ဖမ်းဆီးရမိခဲ့တဲ့ ဘင်္ဂလီတွေက ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်နေ အနာမူရာ(ကျား)(၁၇)နှစ် ၊အာဂျီတန်(မ)(၁၆)နှစ်နဲ့အမ်ဂျူးမာ(မ)(၁၇)နှ စ် တို့ဖြစ်တယ်လို့သိရပါတယ်။ ”မြန်မာနိုင်ငံတမူးနယ်စပ်ကနေ ဖြတ်ပြီး မလေးရှားသွားမယ်လို့သိရပါတယ် ၊နယ်စပ်စည်းရိုးမလုံခြုံသေးတော့ ဖမ်းမိတာလဲရှိသလို၊ မသိလိုက်တာလဲရှိနိုင်တယ် ”လို့ တမူးမြို့ မြို့မ စခန်းမှူးကိုဇော်ထွန်းရှင်းက ပြောပါတယ်။ တရားခံတွေကို…
Read Moreလင်မယားချင်း စကားများပြီး ဇနီး နဲ့ သမီးကို သတ်
ကသာ ၊ မေ ၄ -၂၀၁၉ နိုင်ကြီး – ကသာ (VOM) စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် မြင့်ဒူးကျေးရွာမှာ မေလ ၃ ရက်နေ့ နေ့လည်ပိုင်း အချိန်က လင်မယားချင်း ရန်ဖြစ် စကားများရာကနေ ယောက်ျားဖြစ်သူက မိန်းမ နဲ့ သမီးကို ပွဲချင်းပြီးသေဆုံးအောင် သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ် ။ လင်မယားချင်း စကားများရာ ကနေ ဒေါသ မထိန်းနိုင်ပဲ အရိုးသွား ၂၅ လက်မခန့်ရှိ ငှက်ကြီးတောင်ဓါးနဲ့ ခုတ်ခဲ့တဲ့အတွက် ဇနှီးဖြစ်သူ မခင်ထက်ထက်လှိုင် (၃၅ နှစ်) မှာ လည်ပင်း ဖြတ်လုနီးပါး ဒဏ်ရာ ၁ ချက်၊ ပါးစောင် ယာဘက် ၅ လက်မခန့် ပြတ်ရှဒဏ်ရာ ၁ ချက်၊ ရင်ညွှန့် တည့်တည့်မှာ ထိုးသွင်းဒါဏ်ရာ…
Read Moreတောင်ကြီး (၄)လောင်းပြိုင်လူသတ်မှု အဓိကတရားခံ သေဆုံး
ရန်ကုန်၊ မေ ၄ -၂၀၁၉ သိင်္ဂီ (VOM) တောင်ကြီး ၄ လောင်းပြိုင်လူသတ်မှု အဓိကကြိုးကိုင် စီမံကျူးလွန်သူ တရားခံ တင်အုန်းဟာ ဒီနေ့ နေ့လယ်ပိုင်းက သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့ဆီကသိရပါတယ်။ “သေ သွားတာကြားတယ်။ခုက ဆရာတို့က အပြင်ရောက်နေတယ်။ သေချာသိဖို့ဆိုရင် စခန်းကိုလှမ်းမေးပြီးမှသိရမယ်” လို့ တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်နိုင်က အတည်ပြုပြောကြားပါတယ်။ တရားခံတင်အုန်းက မြင်းဖြူနှစ်ကောင်တိုင်းရင်းဆေးတိုက်ပိုင်ရှင် ဒေါ်အေးရွှေနဲ့ မောင်နှမဝမ်းကွဲတော်စပ်သူဖြစ်ပါတယ်။ တရားခံကို ၂၉ ရက်နေ့ကတည်းက သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ တရားခံကို လူသတ်မှုနဲ့ ပတ်သက်ပြီး တောင်ကြီးမြို့မရဲစခန်းမှာ (ပ)၇၉၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၂၀/၃၉၄ အမှုနဲ့ဖမ်းဆီးအရေးယူထားတာဖြစ်ပါတယ်။ လတ်တလောမှာတော့ တရားခံသေဆုံးသွားတဲ့အခြေနေကိုသာ အတည်ပြုနိုင်သေးပြီး စစ်ဆေးမေးမြန်းရင်းသေဆုံးတာဟုတ်မဟုတ်၊ ရောဂါကြောင့်သေဆုံးတာဟုတ်မဟုတ် အတည်ပြုထုတ်ပြန်ပြောကြားတာမျိုးမရှိသေးပါဘူး။ #voiceofmyanmar…
Read Moreနတ္တလင်းမှာ ယာဉ်တိုက်မှု ဖြစ်လို့ စာရင်းအင်းဦးစီးဌာန လက်ထောက်ဦးစီးမှူးသေဆုံး
နတ္တလင်း မေ ၃ -၂၀၁၉ မိုးယံ (ဇီးကုန်း) ပြည်ခရိုင် နတ္တလင်းမြို့ နယ် ရွာသာကုန်းရွာနဲ့ ဂေါက်ကွင်းကြား ရန်ကုန်-ပြည် ကားလမ်းမှာ မေလ ၂ရက် ည ၂နာရီခန့် က ဆိုင်ကယ်နဲ့ ကားမျက်နှာချင်းဆိုင် တိုက်မိလို့ သာယာဝတီခရိုင် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန လက်ထောက်ဦးစီးမှူး သေဆုံးသွားတယ်လို့ နတ္တလင်းမြို့ မရဲစခန်း က သိရပါတယ်။ ရန်ကုန်-ပြည် လမ်းအတိုင်း ရန်ကုန်ကနေ ပြည်ဘက်ကို လက်ထောက်ဦးစီးမှူး ဦးဘိုဘိုအောင် စီးနင်းလာတဲ့ ၅၉ ယ /၇၁၆၀ Loujia110 ကျောက်စိမ်းရောင်ဆိုင်ကယ်နဲ့ ပြည်ကနေ ရန်ကုန်ကို မောင်းလာတဲ့ YGN 6J / Probox အဖြူရောင်ကားဟာ မျက်နှာချင်းဆိုင် တိုက်မိလို့ ဦးဘိုဘိုအောင်ကို ဒဏ်ရာတွေနဲ့ နတ္တလင်းမြို့ ပြည်သူ့ဆေးရုံပို့ပြီး ဆေးကုသစဉ်မှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။…
Read Moreပုသိမ်မြို့ပေါ်မှာ အပူဒဏ်ကာကွယ်ဖို့ အပူကာ ဇာစိမ်းတွေ လူငယ်တွေ ကိုယ်ထူကိုယ်ထ တပ်ဆင်
ပုသိမ် ၊ မတ်လ ၃ -၂၀၁၉ ကိုအောင် (VOM) ပုသိမ်မြို့မှာ အပူဒဏ်ကိုကာကွယ်ဖို့အတွက် လူငယ်တချို့ဦးဆောင်ပြီး အပူကာ ဇာစိမ်းအမိုးတွေကို လမ်းဆုံ မီးပွိုင့်တွေနဲ့ လမ်းတချို့မှာ လိုက်လံတပ်ဆင်ပေးနေပါတယ် ။ အဲ့လိုလုပ်ဆောင်တာနဲ့ပတ်သက်ပြီး ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုရဲမင်းထူးက ” လူငယ်တွေတောင်မှ တော်တော်အပူဒဏ်ခံစားနေရတယ် ၊ လူကြီးတွေ ခရီးသွားတွေ မီးပွိုင့်တွေမှာ ရပ်တဲ့အခါ ပိတ်စိမ်းပါးလေးတွေ အုပ်ပေးလိုက်ရင် အဆင်ပြေမယ်လို့ ထင်လို့ လုပ်ဖြစ်ခဲ့တာပါ ” လို့ပြောပါတယ် ။ မြို့မိမြို့ဖများနှင့် စေတနာရှင်များစုပေါင်းပြီး အပူခံအမိုးတွေကို ကိုယ်ထူကိုယ်ထဝယ်ယူခဲ့ပြီး ဌာနဆိုင်ရာများရဲ့ ကူညီမူနဲ့အခုလို ဆောင်ရွက်ဖြစ်တယ်လို့သူကဆက်ပြောပါတယ် ။ ပုသိမ်မြို့ခံတစ်ဦးဖြစ်တဲ့ ကိုဟန်ကျော်က ” နေရောင်အပူချိန်က တအားမြင့်လာပြီ ၊ မြင့်လာတဲ့အခါကျတော့ မီးပွိုင့်ရပ်စောင့်နေတဲ့ စက္ကန့်ပိုင်းအတွင်းမှာ လူရဲ့အသားအရေကိုထိနိုင်တဲ့ အပူဒဏ်ကို ကြိုတင်ကာကွယ်ပေးတဲ့…
Read Moreအခြေခံစပါးဈေးနူန်း အနည်းဆုံး ၆သိန်းနဲ့ ၇သိန်း ဝန်းကျင်သတ်မှတ်ပေးမှ တောင်သူတွေအဆင်ပြေမယ်
ရန်ကုန် ၊မေ ၃-၂၀၁၉ သိင်္ဂီ(VOM ) နိုင်ငံတော်ကနေ သတ်မှတ်ပေးမယ့် အခြေခံစပါးဈေးနူန်းက အနည်းဆုံး ၆၀၀၀၀၀ သိန်းအထက် ၇သိန်း ဝန်းကျင်ဖြစ်မှ တောင်သူတွေ အတွက် အဆင်ပြေမှာဖြစ်တာကြောင့် အဲဒီနူန်းထားအတိုင်း သတ်မှတ်ပေးဖို့ စပါးစိုက် တောင်သူတချို့က တောင်းဆိုလိုက်ပါတယ်။ ” စပါး တင်း တစ်ရာကို ၆သိန်း လောက်မှအဆင်ပြေတယ်။ ဒါတောင်အရမ်းကြီး အဆင်ပြေတာမဟုတ်သေးဘူး။ စပါးစစိုက်ပျိုးဖို့ လယ်ထဲစဆင်းပြီဆိုကတည်းက လယ်တစ်ဧက ကိုမြေသြဇာ ၊ ရိပ်သိမ်းပြီး အိတ်ထဲအရောက်ဆိုရင် ၂သိန်းဝန်းကျင် ၊ ၂သိန်း ကျော်လောက်ဖြစ်နေတယ်။ တချို့စပါးဆို ဝယ်သူမရှိတော့ ဈေးနှိမ်ခံရတယ်”လို့ ပြည်မြို့နယ် ၊ တွင်းဗြည်းအုပ်စု ကြို့ရသာရွာ စပါးစိုက်တောင်သူတစ်ဦးဖြစ်သူ ဦးအောင်ဆန်းဦးက ပြောပါတယ်။ လက်ရှိမှာတော့ မိုးစပါးစိုက်ဧက ကျန်တဲ့ စပါးအဟောင်းတွေက စပါး တင်း ၁၀၀…
Read Moreဒေါ်လာ ၇ သန်းတန်းဖိုးရှိ မူးယစ်ဆေးဝါးတွေ သြစတြေးလျ သက်ကြီးစုံတွဲဆီ မှားရောက်
မဲလ်ဘုန်း၊ မေ-၃-၂၀၁၉ မျိုးဆက် (VOM) သြစတြေးလျနိုင်ငံရှိ သက်ကြီးစုံတွဲဆီကို ဒေါ်လာ ၇ သန်းတန်ဖိုးရှိ မက်သာအဖက်တမင်း မူးယစ်ဆေးတွေပါတဲ့ ပါဆယ်ထုတ်တစ်ခု မှားယွင်းပြီးရောက်ရှိခဲ့ပါတယ်။ ပါဆယ်ထုတ်ထဲမှ အဖြူရောင်အမှုန့်တွေထည့်ထားတဲ့ အိပ်တွေကို တွေ့ရှိပြီးနောက် အဲဒီစုံတွဲက ရဲတပ်ဖွဲ့ကို ခေါ်ယူအကြောင်းကြားခဲ့တယ်လို့ အေဘီစီ သတင်းဌာနက ဖော်ပြပါတယ်။ ပါဆယ်ထုတ်ထဲမှာ မူးယစ်ဆေး ၂၀ ကီလိုဂရမ်ရှိတဲ့ အိပ်တွေပါရှိတယ်လို့ မဲလ်ဘုန်းရဲတပ်ဖွဲ့က ပြောပါတယ်။ ထောက်လှမ်းရေတွေက အနီးနားရှိ အိမ်တစ်အိမ်က အမျိုးသားတစ်ဦးကို နောက်ပိုင်းမှာ ဖမ်းဆီးခဲ့ပြီး အဲဒီနေအိမ်ကနေ နောက်ထပ် မူးယစ်ဆေး ၂၀ ကီလိုဂရမ်ကိုတွေ့ရှိခဲ့ကြပါတယ်။ ဒီလိုမူးယစ်ဆေးဝါးတွေ မှားယွင်းလက်ခံမိတဲ့အတွက် သြစတြေးလျ သက်ကြီ စုံတွဲက မယုံကြည်နိုင်အောင်ဖြစ်နေပြီး သူတို့ဟာ ဘယ်လို့အမှားကိုမှ ကျူးလွန်တာ မရှိဘူးလို့ တာဝန်ရှိသူတွေက အာမခံခဲ့ကြပါတယ်။ မူးယစ်ဆေးဝါးတွေရှာဖွေတွေ့ရှိပြီးနောက် ဘန်ဒူရာ…
Read More