မြန်မာဘက်က အမိန့််ထုတ်လိုက်လို့ ရန်ကုန်က မြောက်ကိုရီးယား စားသောက်ဆိုင်ပိတ်သိမ်း

ဝါရှင်တန်၊ ဇူလိုင်-၁-၂၀၁၉

မျိုးဆက် (VOM)

 

မြန်မာနိုင်ငံ ရန်ကုန်မြို့မှာရှိတဲ့ မြောက်ကိုရီးယား စားသောက်ဆိုင်တစ်ဆိုင်ကို ပိတ်သိမ်းဖို့ အမိန့်ထုတ်လိုက်ပြီးနောက် မြောက်ကိုရီးယားအပေါ် နိုင်ငံတကာက ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို လိုက်နာဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံဘက် ပြောဆိုလိုက်ပါတယ်။

 

ရန်ကုန်မြို့မှာဖွင့်လှစ်ထားတဲ့ ပြုံးယမ်းကော်ယိုစားသောက်ဆိုင်ကို ပိတ်သိမ်းခဲ့ရပြီး စားသောက်ဆိုင်ဝန်ထမ်း ၂၁ ဦးကိုလည်း မြောက်ကိုရီးယားကို ပြန်ဖို့ အမိန့်ထုတ်ခဲ့တယ်လို့ မြန်မာဘက်က ပြောဆိုခဲ့ကြောင်း အာအက်ဖ်အေ သတင်းဌာနက ဖော်ပြပါတယ်။

 

အဲဒီစားသောက်ဆိုင်ဟာ အရှေ့တောင်အာရှမှာ မြောက်ကိုရီးယားရဲ့ အကြီးဆုံးစားသောက်ဆိုင် တစ်ခုလည်းဖြစ်ပါတယ်။ ရန်ကုန်မှာရှိတဲ့ စားသောက်ဆိုင်ကတော့ ပထမထပ်မှာ စားသောက်ခန်းမနဲ့ ဒုတိယထပ်မှာ ဗီအိုင်ဗီအခန်းတစ်ခန်းလည်း ရှိတယ်လို့ ဖော်ပြထားပြီး ငှားရမ်းခအနေနဲ့ တစ်လကို ဒေါ်လာသောင်းချီပေးရတယ်လို့ ဆိုပါတယ်။

 

ဒီလိုပိတ်သိမ်းဖို့ အမိန့်ထုတ်လိုက်တာဟာ မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ကုလသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှု ဆုံးဖြတ်ချက်အမှတ် ၂၃၉၇ ကို လိုက်နာဖို့အတွက်ဖြစ်တယ်လို့ မြန်မာဘက်က ပြောဆိုထားပါတယ်။

 

မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယားတို့ဟာ ယခင်ကတည်းက အစဉ်အလာ မိတ်ဖက်ဆက်ဆံရေးရှိပေမယ့် မကြာသေးမီနှစ်တွေအတွင်းကစလို့ မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို တက်ကြွစွာ လိုက်နာအကောင်အထည်ဖော်ခဲ့ပါတယ်။

 

မြန်မာအစိုးရဟာ ကိုရီးယား သတ္တုတွင်းဖွံ့ဖြိုးရေးထရေးဒင်းကော်ပိုရေးရှင်း(KOMID) နဲ့ဆက်နွယ်နေတဲ့ မြောက်ကိုရီးယားသံတမန်တစ်ဦးဖြစ်သူ ကင်ချိုနမ်ကို ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ ၂၀၁၇ ခုနှစ် ကုလသမဂ္ဂရဲ့ အရေးယူပိတ်ဖို့မှု အကောင်အထည်ဖော်မှုအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

Ref & Photo : UPI

 

#voiceofmyanmar  # မြန်မာအစိုးရအမိန့် #ရန်ကုန်က #မြောက်ကိုရီးယား စားသောက်ဆိုင်ပိတ်သိမ်း # ကုလသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှု #

Related posts

Leave a Comment

VOM News

FREE
VIEW