ဗြိတိန်ရေနံတင်သင်္ဘောကို အီရန်သင်္ဘောတွေ ဖမ်းဆီးဖို့ကြိုးပမ်း

ဝါရှင်တန်၊ ဇူလိုင်-၁၁-၂၀၁၉

မျိုးဆက် (VOM)

 

ပင်လယ်ကွေ့အနီး ဟော်မုဇ်ရေလက်ကြားမှာ ခုတ်မောင်းနေတဲ့ ဗြိတိန်ရေနံတင်သင်္ဘောတစ်စင်းကို လက်နက်တွေတပ်ဆင်ထားတဲ့ အီရန်သင်္ဘောငါးစီးက ဖမ်းဆီးဖို့ ကြိုးစားခဲ့ပြီး ဗြိတိန်တော်ဝင်ရေတပ်က မောင်းထုတ်ခဲ့တယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

 

အီရန်သင်္ဘောတွေကို နှုတ်နဲ့ သတိပေးတာတွေမလုပ်ခင် ဗြိတိန်ရေနံတင်သင်္ဘောနဲ့ အီရန်သင်္ဘောတွေအကြားကို ဗြိတိန်ရေတပ် စစ်သင်္ဘောက ၀င်ရောက်ခုတ်မောင်းခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောဆိုပြီး အီရန်ရဲ့ ဒီလုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေနဲ့ ဆန့်ကျင်နေတယ်လို့ ဆိုပါတယ်။

 

ပြီးခဲ့တဲ့ သီတင်းပတ်က ဂျီဘရော်လ်တာ ရေလက်ကြားအနီးမှာ အီရန်ရေနံတင်သင်္ဘောတစ်စင်းကို ဗြိတိန်က ဖမ်းဆီးလိုက်တာကို လက်တုံ့ပြန်သွားမယ်လို့ အီရန်က ခြိမ်းခြောက်ပြောဆိုထားပြီး ခုဖြစ်စဉ်မှာတော့ ဗြိတိန်သင်္ဘောကို ဖမ်းဆီးဖို့ လုပ်ဆောင်တာမဟုတ်ဘူးလို့ အီရန်က ငြင်းဆိုထားပါတယ်။

 

ဗြိတိန်ရေနံတင်သင်္ဘောဟာ ပင်လယ်ကွေ့ပြင်ပထွက်ပြီး ဟော်မုဇ်ရေလက်ကြားကို ခုတ်မောင်းနေစဉ် အီရန်တော်လှန်ရေးအစောင့်တပ်ကလို့ ယုံကြည်ရတဲ့ သင်္ဘောငါးစင်းက ချဉ်းကပ်လာကာ ရေနံတင်သင်္ဘော သွားရာလမ်းကြောင်းကို ရပ်တန့်ဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။

 

ရေနံတင်သင်္ဘောကို စောင့်ရှောက်ခဲ့တဲ့  ဗြိတိန်စစ်သင်္ဘောဟာ  အီရန်သင်္ဘောတွေကို နောက်ဆုတ်ဖို့ အမိန့်ပေးခဲ့ပြီး အီရန်သင်္ဘောတွေက လိုက်နာခဲ့တာကြောင့် လက်နက်နဲ့ ပစ်ခတ်တာမျိုးတွေတော့ မရှိခဲ့ပါဘူး။

 

အီးယူရဲ့ အရေးယူပိတ်ဆို့မှုတွေကို ချိုးဖောက်တယ်ဆိုပြီး  ဆီးရီးယားသို့ဦးတည်သွားရောက်နေတဲ့ သက်သေအထောက်အထားတွေကြောင့် အီရန်ရေနံတင်သင်္ဘောတစ်စင်းကို ဂျီဘရော်လ်တာအာဏာပိုင်တွေက  ပြီးခဲ့တဲ့ သီတင်းပတ်က ဖမ်းဆီးရာမှာ ဗြိတိန်တော်ဝင်ရေတပ်က ကူညီခဲ့ပါတယ်။

 

Ref : BBC

Photo : Reuters

 

#voiceofmyanmar # ဗြိတိန်ရေနံတင်သင်္ဘော #အီရန်သင်္ဘောတွေဖမ်းဆီးဖို့ကြိုးပမ်း # ပင်လယ်ကွေ့ #ဟော်မုဇ်ရေလက်ကြား #၀ါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW