မြစ်ကြီးနားမြို့ကရပ်ကွက်၃ခုရေကြီးလို့  ညတွင်းချင်း အရေးပေါ် အိမ်​​ထောင်​စု ၆၀နီးပါး​ရွှေ့​ပြောင်း

မြစ်ကြီးနား ဇူလိုင် ၁၁-၂၀၁၉

ရန်အောင်ထွန်း (VOM)

 

မြစ်ကြီးနားမြို့ကရပ်ကွက်၃ခုမှာဧရာဝတီမြစ်ရေတက်လာလို့  ညတွင်းချင်း အိမ်​​ထောင်​စု၅၈စုကိုကယ်ဆယ်ရေးပြုလုပ်​ပြီးဇူလိုင်လ၁၀ရက်က​​ရွှေ့​ပြောင်း​နေရာချထားခဲ့ပါတယ်​။မီးသတ်တပ်ဖွဲ့တာဝန်ရှိသူတွေကတော့ကြက်ပေါင်ခြံရပ်ကွက်နဲ့လယ်ကုန်ရပ်ကွက်တို့မှာကူညီကယ်ဆယ်ရေးတွေပြုလုပ်နေတယ်လို့ဆိုပါတယ်။

 

ရေကြီးနစ်​မြုပ်​​နေတဲ့ရပ်​ကွက်​​တွေက​တော့လယ်​ကုန်းရပ်​ကွက်​၊ကြက်​​ပေါင်​ခြံရပ်​ကွက်​နှင့်​မြို့သစ်ကြီးရပ်ကွက်​တွေပါ။လယ်ကုန်းရပ်ကွက်ကအိမ်ထောင်စု၂၂စုလူဦးရေ၁၀၈တို့ကိုမြစေတီကျောင်းတိုက်၊မြို့သစ်ကြီးရပ်ကွက်ကအိမ်ထောင်စု၁၄စုလူဦးရေ၅၈ဦးတို့ကိုအောင်ဇေရန်အောင်ဘုန်းတော်ကြီးကျောင်းနှင့်​ကြက်ပေါင်ခြံရပ်ကွက်ကအိမ်ထောင်စု၂၂စုလူဦးရေ၁၁၉ဦးတို့ကိုပြည်ခိုင်ဖြိုးရုံးတို့မှာနေရာချထားပေးတယ်လို့သိရပါတယ်။

ဒီနေ့မနက်တိုင်းထွာချက်တွေအရ ဧရာဝတီမြစ်ရေဟာ တနာရီ ကို ၅စင်တီမီတာကျော်ကျော်လောက် ပုံမှန်တိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#voiceofmyanmar #မြစ်ကြီးနား #ဧရာဝတီ #ရေကြီးရေလျှံ

Related posts

Leave a Comment

VOM News

FREE
VIEW