မြန်မာမှာ ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှု ကမ္ဘာ့နိုင်ငံတွေထက် မြင့်နေဆဲဖြစ်

နေပြည်တော်၊ ဇူလိုင် ၁၁ -၂၀၁၉

ကိုထွန်း(VOM)

 

မြန်မာနိုင်ငံမှာ ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုဟာ အရင်ကထက်စာရင် လျော့နည်းလာတယ်ဆိုပေမယ့် နိုင်ငံတကာနဲ့ယှဉ်ရင် အမြင့်ဆုံးစာရင်းမှာရှိနေတုန်းပဲလို့ ဒီနေ့ (ဇူလိုင် ၁၁ ရက်)က နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပပြုလုပ်တဲ့ ကမ္ဘာ့လူဦးရေနေ့ အခမ်းအနားက သိရပါတယ်။

 

“မိခင်သေနှုန်းကလည်း  အရင်ကမြင့်တယ်။ ဖြစ်နိုင်ခြေက ကလေးများများမွေးလေ မိခင်သေဆုံးမှုနှုန်းက ပိုမြင့်လေ။ ဒါကတော့ ယေဘူယျသုံးသပ်ချက်ပေါ့လေ။ အခုကတော့ ၂၈၂ ပေါ့။ ဒါပေမယ့် ကမ္ဘာ့နိုင်ငံတွေ၊ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ယှဉ်နေရင် အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ ပါနေတုန်းပါပဲ။”လို့ UNFPA မှ လူဦးရေနှင့် ဖွံဖြိုးတိုးတက်မှုစီမံကိန်း အရာရှိဒေါ်ယုမြတ်မွန်က ပြောပါတယ်။

 

မျိုးဆက်ပွားမှုဆိုင်ရာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုနှုန်းက ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ လက်ရှိအချိန်အထိ သားဖွားမိခင် ကလေးအရှင်မွေးတစ်သိန်းမှာ မိခင်သေဆုံးမှုက (၂၈၂)ဦးရှိနေတာဖြစ်ပြီး အရင်က ဒီထက်ပိုများတယ်လို့ ဆိုတာပါ။ ကလေးမွေးဖွားနှုန်းကတော့ ပျမ်းမျှနှုန်းနဲ့တွက်ရရင် အရင်က ငါးယောက်ကျော်ရှိပေမယ့် အခုဆိုရင်တော့ ၂ ဒသမ ၅ ယောက်ပဲရှိတယ်လို့ သိရပါတယ်။

 

ကုလသမဂ္ဂလူဦးရေ ရံပုံငွေအဖွဲ့ (UNFPA) အနေနဲ့ လိင်မှုနဲ့ မျိုးဆက်ပွားမှုဆိုင်ရာ အခွင့်အလမ်းတွေရရှိရေး၊ လူငယ်ကျန်းမာရေးနဲ့ ဆိုင်တဲ့ကိစ္စတွေ၊ လူငယ့်ရေးရာတွေ၊ လူဦးရေနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေ ရရှိဖို့၊ ကျားမတန်းတူအခွင့်အရေးရရှိဖို့၊ ကျားမဖြစ်တည်မှုပေါ် ခွဲခြားဆက်ဆံမှုတွေ၊ အကြမ်းဖက်မှုတွေမရှိအောင် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

 

#voiceofmyanmar #မြန်မာ #ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှု #ကမ္ဘာ့နိုင်ငံတွေထက်မြင့်နေဆဲ #နေပြည်တော် #ကုလသမဂ္ဂမရံပုံငွေအဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW