မင်းကင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြည်သူ့လွှတ်တော်မှာ ဘာကြောင့်မတ်တပ်ရပ်ခဲ့သလဲ

နေပြည်တော်၊ ဇူလိုင် – ၁၅ – ၂၀၁၉

ကိုထွန်း(VOM)

 

ဒီနေ့ နေပြည်တော် ပြည်သူ့လွှတ်တော်မှာ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီက တင်ပြတဲ့အစီရင်ခံစာနဲ့ ပတ်သက်ပြီး  ပြင်ဆင်ဖို့အချက်တွေကို ကန့်ကွက်လိုက လာမယ့် ဇူလိုင် ၁၈ ရက်မှာ အမည်စာရင်းပေးသွင်းဖို့ ပြောဆိုချက်အပေါ် မင်းကင်းမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က မတ်တပ်ရပ်ကန့်ကွက်ခဲ့ပါတယ်။ ပြင်ဆင်ဖို့အချက်ပေါင်း ၃၇၅၆ ချက်အတွက် အချိန်လုံလောက်မှုမရှိတာကြောင့် ကန့်ကွက်ခဲ့တာပါ။ အဲဒီနောက် လွှတ်တော်နာယက ကနေ ၂၂ ရက်ကို ပြန်လည်ချိန်းဆိုခဲ့ပါတယ်။ ဒ့ါအပြင်  ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ဖို့ကို ဥပဒေအတိုင်းလုပ်ဆောင်ခဲ့မှုမရှိတဲ့အပြင် ဘယ်သူမှမဆွေးနွေးဘဲ ဒါကို အတည်ဖြစ်အောင် လုပ်ဆောင်နေတာကိုလည်း လက်မခံဘူးလို့ ဦးမောင်မြင့် ဆိုပါတယ်။

 

 

#voiceofmyanmar #နေပြည်တော် #ပြည်သူ့လွှတ်တော် #၂၀၀၈ခြေဥပြင်ဆင်ရေး #ပူးပေါင်းကော်မတီရဲ့အစီရင်ခံစာ #မင်းကင်း #ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် #ဦးမောင်မြင့်

Related posts

Leave a Comment

VOM News

FREE
VIEW