အီရန်မောင်းသူမဲ့လေယာဉ်တစ်စင်းကို ဟော်မုဇ်ရေလက်ကြားမှာ အမေရိကန်ရေတပ်ပစ်ချ

ဝါရှင်တန်၊ ဇူလိုင်-၁၉-၂၀၁၉

မျိုးဆက် (VOM)

 

အမေရိကန်ရေတပ်ဟာ အီရန်မောင်းသူမဲ့လေယာဉ်တစ်စင်းကို ဟော်မုတ်ရေလက်ကြားမှာ ပစ်ချလိုက်တယ်လို့ သမ္မတဒေါ်နယ်ထရန့်က ပြောပါတယ်။

 

အီရန်ရဲ့ မောင်းသူမဲ့လေယာဉ်ဟာ ကုန်းရေ တိုက်ခိုက်ရေးသင်္ဘော USS Boxer နဲ့ ကိုက် ၁၀၀၀ ခန့် အကွာအဝေးအတွင်း ဇူလိုင် ၁၈ ရက်မှာ ၀င်ရောက်လာခဲ့တာကြောင့် ကာကွယ်ရေးဆိုင်ရာ လှုပ်ရှားမှုတစ်ရပ်လုပ်ခဲ့တာလို့ ထရန့်က ဆိုပါတယ်။

 

အီရန်ကတော့ မောင်းသူမဲ့လေယာဉ်တစ်စင်းပျောက်ဆုံးနေတဲ့ သတင်းအချက်အလက်မျိုး မရသေးဘူးလို့ ပြောပါတယ်။ ဇွန်လအတွင်း အီရန်ဟာ ဟော်မုဇ်ရေလက်ကြားမှာပဲ အမေရိကန်စစ်ဘက်က မောင်းသူမဲ့ လေယာဉ် တစ်စင်းကို ပစ်ချခဲ့ပါတယ်။

 

အီရန်ဟာ ပြည်ပရေနံတင်သင်္ဘောတစ်စင်းနဲ့ သင်္ဘောအမှုထမ်း ၁၂ ဦးကို ပင်လယ်ကွေ့အတွင်း တရားမဝင် ရေနံကုန်သွယ်တာကြောင့် ဇူလိုင် ၁၄ ရက်မှာ သိမ်းပိုက်လိုက်ကြောင်း အစောပိုင်းက ပြောဆိုထားပါတယ်။

 

ကုန်သွယ်ရေကြောင်းသွားလာမှုမှာ  အဓိကကျတဲ့ ဟော်မုဇ်ရေလက်ကြားမှာ မေလနောက်ပိုင်းက ရေနံတင်သင်္ဘောတွေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး အမေရိကန်က အီရန်ကို ဝေဖန်ပြစ်တင်ထားပါတယ်။ အီရန်ကတော့ စွပ်စွဲမှုတွေကို ငြင်းဆိုထားပါတယ်။

 

ပင်လယ်ကွေ့ဒေသမှာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုတွေကြောင့် အမေရိကန်နဲ့အီရန်တို့အကြား စစ်ရေးပဋိပက္ခတွေ ဖြစ်ပေါ်လာမှာနဲ့  ပတ်သက်ပြီးစိုးရိမ်မှုတွေ ထွက်ပေါ်နေခဲ့ပါတယ်။

 

Ref : BBC

Photo : Getty Images

 

#voiceofmyanmar #အီရန် #မောင်းသူမဲ့လေယာဉ်တစ်စင်းကိုပစ်ချ #ဟော်မုဇ်ရေလက်ကြား #အမေရိကန်ရေတပ် #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW