မြောက်ကိုရီးယားက ဂျပန်ပင်လယ်ထဲကို ပဲ့ထိန်းဒုံးပျံတွေ ပစ်ခတ်ပြန်

ဆိုးလ်၊ ဇူလိုင်-၃၁-၂၀၁၉

မျိုးဆက် (VOM)

 

မြောက်ကိုရီးယားဟာ တာတိုပစ် ပဲ့ထိန်းဒုံးပျံနှစ်စင်းကို နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းမှာ ပစ်ခတ်ခဲ့ပြီး ဒီလို ဒုံးပျံတွေပစ်ခတ်တာဟာ တစ်ပတ်အတွင်း ဒုတိယအကြိမ်လည်းဖြစ်ပါတယ်။

 

အဲဒီ တာတိုပစ် ပဲ့ထိန်ဒုံးပျံနှစ်စင်းကို ၀န်ဆန်ဒေသကနေ ဇူလိုင် ၃၁ ရက်အစောပိုင်းက ပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။ ယခုတစ်ပတ်အစောပိုင်းက ဒုံးပျံပစ်ခတ်မှုဟာ ဇွန်လအတွင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့တွေ့ဆုံးပြီးနောက် ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

 

ဒုံးပျံတွေပစ်ခတ်မှုတွေဟာ အမေရိကန်နဲ့အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုလုပ်ဆောင်ဖို့ စီစဉ်ထားတဲ့ တောင်ကိုရီးယားနိုင်ငံကို သတိပေးတာလို့ မြောက်ကိုရီးယားဘက်က ပြောပါတယ်။

 

လာမယ့်လမှာ ပြုလုပ်မယ့် အဲဒီပူးတွဲ စစ်ရေးလေ့ကျင့်မှုဟာ စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ လုပ်ရပ်တစ်ခုအဖြစ် ရှုမြင်တယ်လို့ မြောက်ကိုရီးယားက ယခင်ကလည်း ထုတ်ဖော်ပြောဆိုဖူးပါတယ်။

အခုပစ်ခတ်လိုက်တဲ့ ဒုံးပျံတွေဟာ ဂျပန်ပင်လယ်ပြင်ထဲမကျရောက်မီ အမြင့် ၃၀ ကီလိုမီတာကနေ ၁၅၅ မိုင်အထိ ခရီးရောက်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးချုပ်တွေက ပြောပါတယ်။

 

ဒုံးပျံတွေဟာ အရင်တုန်းကပစ်ခတ်ခဲ့ဖူးတဲ့ အမျိုးအစားတွေမဟုတ်ဘဲ မတူညီတဲ့ အမျိုးအစားတစ်ခုလို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

 

Ref: BBC

Photo : AFP

 

#voiceofmyanmar #မြောက်ကိုရီးယား  #ဂျပန် #ပဲ့ထိမ်းဒုံး

Related posts

VOM News

FREE
VIEW