ဟောင်ကောင် ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ဖြိုခွဲ

ဟောင်ကောင်၊သြဂုတ်-၄-၂၀၁၉

မျိုးဆက် (VOM)

 

 

ဟောင်ကောင်မှာ သီတင်းကိုးပတ်ထိအောင် ဆက်လက်ဆန္ဒပြနေကြတဲ့ တက်ကြွလှုပ်ရှားသူတွေကို ဟောင်ကောင်ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်းနေပါတယ်။

 

ဆန္ဒပြအဖွဲ့တွေဟာ ချီတက်ပွဲမစတင်မီ မောင်းကွတ်ခရိုင်အတွင်း စုဝေးခဲ့ကြပါတယ်။ သူတို့ဟာ သြဂုတ် ၅ ရက်မှာ ဟောင်ကောင်မြို့တော်တစ်ဝိုက် ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ဆန္ဒပြပွဲတွေမှာ ပူးပေါင်းပါဝင်ဖို့ တောင်းဆိုထားကြပါတယ်။

 

ဒီလိုဆူပူအုံကြွမှုတွေနဲ့ ပတ်သက်ပြီး တရုတ်အစိုးရနဲ့ စစ်တပ်ကပြင်းပြင်းထန်ထန် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ အငြင်းပွါးဖွယ် ပြစ်မှုကျူးလွန်ရာ တရားခံလွှဲပြောင်းရေးဥပဒေမူကြမ်းကြောင့် နှစ်လကြာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

 

ဆန္ဒပြသူတွေနဲ့ ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့တို့ကတော့ သူတို့ရဲ့ ရပ်တည်ချက်သဘောထားတွေကို အလျော့ပေးမယ့် လက္ခဏာမျိုး မရှိပါဘူး။ တရုတ်ပြည်မကြီးသို့ တရားခံတွေကို လွှဲပြောင်းခွင့်ရရှိစေမယ့် ဥပဒေမူကြမ်းကို အစိုးရက လက်ရှိမှာ ဆိုင်းငံ့ထားပေမယ့်လည်း ဆန္ဒပြသူတွေကတော့ အဲဒီဥပဒေမူကြမ်းကို အပြည့်အဝရုတ်သိမ်းစေလိုကြပါတယ်။

 

ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်း ရာထူးကနုတ်ထွက်ပေးဖို့နဲ့ ဒီမိုကရေစီပိုဆန်တဲ့ တောင်းဆိုချက်တွေ အပါအဝင် ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှုတွေဟာ ပိုမိုကျယ်ပြန့်လာနေပါတယ်။

 

Ref : BBC’ Photo :UNTV

 

#voiceofmyanmar #ဟောင်ကောင် #ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW