အိမ်​အကူကို အက်​ဆစ်​နဲ့ပက်​ခဲ့သူနှစ်​ဦးကို ​ထောင်​ ၁၅နှစ်​ အမိန့်​ချ

မန္တ​လေး စက်​တင်​ဘာ ၁၆

ဖြူဖြူ (VOM)

 

အိမ်​အကူမိန်းက​လေးကို အက်​ဆစ်​နဲ့ပက်​ပြီး အခန်းတွင်းပိတ်​​လှောင်​ထားခဲ့တဲ့အမှုက  တရားခံနှစ်​ဦးကို အလုပ်​နဲ့   ​ထောင်​ဒဏ်​​ ၁၅ နှစ်​စီကျခံဖို့ ဒီ​နေ့ စက်​တင်​ဘာ ၁၆ ရက်​ ည​နေပိုင်းမှာ  မန္တ​လေးခရိုင်​ တရားရုံးက အမိန့်​ချမှတ်​လိုက်​ပါတယ်​။

 

အခုအမိန့်​နဲ့ ပတ်​သက်​ပြီး မန္တ​လေး ခရိုင်​တရားရုံး ပြန်​ကြား​ရေး အရာရှိ​ဒေါ်မာလာထွဋ်​က “တစ်​တရားခံဖြစ်​တဲ့ ​ဒေါ်နီနီနုနွယ်​က ​ထောင်​ကျတရားခံဖြစ်​တဲ့အတွက်​ ဒီအမှုမှာ​တော့ ချုပ်​ရက်​ခံစားခွင့်​မရှိ​တော့ပါဘူး။ နှစ်​တရားခံဖြစ်​တဲ့ ​ဒေါ်မိုးမိုးက​တော့ ထုတ်​နုတ်​ခံစားခွင့်​ရှိပါတယ်​။”လို့ ​ပြောပါတယ်​။

 

 

အမှုဖြစ်​စဉ်​မှာ ၂၀၀၈ ခုနှစ်​က မန္တ​လေးမြို့ ပုသိမ်​ကြီးမြို့နယ်​​နေ ​ဒေါ်မိုးမိုးဆိုသူဟာ သူ့ကုန်​စုံဆိုင်​မှာ အလုပ်​ခိုင်းဖို့   ရှမ်းပြည်​နယ်​​တောင်​ပိုင်း ရွာငံမြို့နယ်​ နဘမ်း​ကြီး​ကျေးရွာ​နေသူ မနန်း​​မေဇင်ဦးကို​ ​ခေါ်​ဆောင်​ခဲ့ပါတယ်​။ အဲဒီ​နောက်​ ၂ လ​လောက်​အကြာမှာ ကုန်​စုံဆိုင်​ နားလိုက်​ရတဲ့အတွက်​ အိမ်​အကူအဖြစ်​ ဆက်​လက်​ ခိုင်း​စေခဲ့တာပါ။

 

၂၀၁၀ ခုနှစ်​မှာ​တော့ အိမ်​ရှင်​ ​ဒေါ်မိုးမိုးနဲ့ ​ချွေးမ​တော်​စပ်​သူ ​ဒေါ်နီနီနုနွယ်​တို့နှစ်​ဦးဟာ မနန်း​မေဇင်​ဦး ​ရေချိုး​နေစဉ်​ အက်​ဆစ်​နဲ့ပက်​ခဲ့တဲ့တာ​ကြောင့်​ခန္ဓာကိုယ်​ တစ်​ခြမ်း ​လောင်​ကျွမ်းခဲ့ပြီး မျက်​​စေ့တစ်ဖက်​​ကွယ်​၊ နားတစ်​ဖက်​မကြား၊ ပါးစပ်​တစ်​ခြမ်း ပျက်​စီးပြီး လက်​တစ်​ဖက်​​ကွေးဆန့်​မပြုနိုင်​​တော့​ပေမယ့်​ ​ဆေးကုသမှုမရရှိတဲ့အပြင်​ အခန်းအတွင်းပိတ်​​လှောင်​ခံခဲ့ရပါတယ်​။

 

ဒါ့အပြင်​ ​ခေါ်​ဆောင်​ခဲ့စဉ်​က တစ်​လ တစ်​​သောင်းနှုန်း​ပေးဖို့သ​ဘောတူ​ခဲ့တဲ့ လုပ်​ခလစာ​တွေလည်း အပြည့်​အ၀  ​ပေး​ဆောင်​တာမရှိဘူးလို့ သိရပါတယ်​။

 

၂၀၁၈ ခုနှစ်​ မတ်​လ ၁ ရက်​​မှာ​တော့ မနန်း​မေဇင်​ဦးဟာ အဲ့ဒီအိမ်​က​နေ ထွက်​​ပြေးလွတ်​​မြောက်​လာပြီး အမျိုးသမီး ​ရေးရာ​ကော်​မတီနဲ့ ဆက်​သွယ်​ကာ ပုသိမ်​ကြီးမြို့နယ်​ ​အောင်​ပင်​လယ်​ရဲစခန်းမှာ အမှုဖွင့်​ တိုင်​ကြားခဲ့ပါတယ်​။

 

အဲဒီ​နောက်​ ​ဒေါ်မိုးမိုးနဲ့  ​ဒေါ်နီနီနုနွယ်​တို့ကို လူကုန်​ကူးမှုတားဆီးနှိမ်​နင်း​ရေး ဥပ​ဒေ ပုဒ်​မ ၂၄ နဲ့ တရားစွဲဆိုခဲ့သလို အပြင်းအထန်​ နာကျင်​​စေမှု​တွေနဲ့လည်း တရားစွဲဆိုခဲ့တာ ဖြစ်​ပါတယ်​။

 

ကျူးလွန်သူ ဒေါ်မိုးမိုးနဲ့  ဒေါ်နီနီနုနွယ်တို့နှစ်​ဦးထဲက  ဒေါ်နီနီနုနွယ်ဟာ အပြင်းအထန်​နာကျင်​​စေမှု ကျူးလွန်​​ကြောင်း ​ပေါ်​ပေါက်​တဲ့အတွက်​ ရာဇသတ်ကြီးပုဒ်မ ၃၂၆ နဲ့ ထောင်ဒဏ် ၇  နှစ် ကျခံဖို့ ၂၀၁၉ ခုနှစ်​ ​ဖေ​ဖေါ်ဝါရီ ၂၇ ရက်​မှာ ချမ်းမြသာစည်​မြို့နယ်​ တရားရုံးက အမိန့်​ချမှတ်​ခံထားရပြီးဖြစ်​လို့ ချုပ်ရက် ခံစားခွင့်မရှိဘဲ  ဒေါ်မိုးမိုးက​တော့ ချုပ်ရက် ခံစားခွင့်ရှိတယ်လို့ ​ခရိုင်​တရားရုံးက အမိန့်ချခဲ့ပါတယ်​။

 

 

#voiceofmyanmar #မန္တ​လေး #အိမ်​အကူကိုအက်​ဆစ်​နဲ့ပက်​မှု #ခရိုင်​တရားရုံး

 

Related posts

Leave a Comment

VOM News

FREE
VIEW