ရနောင်းလူသတ်မှုမှာစွပ်စွဲခံခဲ့ရတဲ့လေးဦးအတွက်နစ်နာကြေးတောင်းခံသွားမယ်

ရန်ကုန်-စက်တင်ဘာ၂၃- ၂၀၁၉

ကိုးသက်စံ(VOM)

 

ရနောင်းလူသတ်မှုမှာစွပ်စွဲခံခဲရပြီးထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့  လူငယ်လေးဦးအတွက်နစ်နာကြေးအနေနဲ့  ထိုင်းတရားရုံးမှာပြန်လည်တင်ပြတောင်းခံသွားမှာဖြစ်တယ်လို့ ပညာရေးနှင့်ဖွံ့ဖြိုတိုးတက်ရေးဖောင်ဒေးရှင်း(FED) ဒုတိယတာဝန်ခံကိုမိုးဝေက  ဒီကနေ့စက်တင်ဘာလ၂၃ရက်နေ့ရန်ကုန်မြို့ Lotte ဟိုတယ်သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

 

 

“ရနောင်းလူသတ်မှုဖြစ်စဉ်မှာအသက်၁၈နှစ်မပြည့်ခင်ထောင်ချပြီးလို့  ၁၈နှစ်ပြည့်ပြီးမှလွှတ်လာတဲ့ကလေးနှစ်ယောက်နဲ့နောက်နှစ်ယောက်ကအသက်၂၀ကျော်သွားတဲ့အတွက်၃နှစ်နဲ့၆လကျခံခဲ့ရပြီးအခုတော့လေးယောက်လုံးလွှတ်လာတယ်၊အခုနောက်ဆုံးအဆင့်တစ်ဆင့်ကျန်တယ်အယူခံနိုင်လို့လွှတ်လာပေမယ့်ထိုင်းဘက်ကတရားစွဲထားတဲ့ရဲဌာနတွေကအယူခံထပ်တင်မယ်၊ကျွန်တော်တို့ကသူတို့စွဲချက်ထပ်တင်တဲ့အပေါ်မှာမူတည်ပြီးတော့မြန်မာဘက်ကဖြေရှင်းချက်သွားပြန်ပေးရမှာဖြစ်တယ်။အဲဒါပြီးရင်တရားရုံးရဲ့ဆုံးဖြတ်ချက်ထွက်လာပြီဆိုမှသူတို့အမှုဖိုင်တွဲတင်ဖို့မပြည့်စုံဘူးဆိုရင်ကျွန်တော်တို့ကနိုင်ပြီ။နိုင်တဲ့အချိန်မှာနစ်နာကြေး၊လျော်ကြေးတို့အတွက်သူတို့ရဲ့ဆုံးရှုံးမှုတွေကိုပြန်တင်မယ်လို့“ FED ရဲ့ဒုတိယတာဝန်ခံ  ကိုမိုးဝေကပြောပါတယ်။

 

 

လက်ရှိမှာရနောင်းလူသတ်မှုနဲ့ပတ်သက်ပြီးနစ်နာခဲ့တဲ့အချက်အလက်တွေကိုပြင်ဆင်ပြီးပါကလာမယ့်နိုဝင်ဘာလနဲ့ဒီဇင်ဘာလမှာတင်ပြသွားမှာဖြစ်ပြီးထိုင်းနိုင်ငံတရားဥပဒေအရရက်ပေါင်း၆၀အတွင်းပြန်လည်တင်ပြသွားရမှာလည်းဖြစ်ပါတယ်။

 

 

 

“ပထမဆုံးဖြစ်စဉ်ရဲ့အချက်အလက်တွေကိုစုဆောင်းတယ်။သူတို့ရဲ့ဆုံးရှုံးမှုတွေ၊သူတို့မိဘတွေရဲ့ဆုံးရှုံးနစ်နာတွေ၊စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ၊ကလေးတွေရဲ့သိက္ခာပိုင်းဆိုင်ရာတွေကိုပြင်ဆင်နေတယ်။ပြင်ဆင်ပြီးရင်ထိုင်းရှေ့နေများကောင်စီဆီကနေအမှုတွဲပြီးထပ်မံပြင်ဆင်ရမယ့်အချက်တွေကိုဖြည့်စွက်ပြီးပြင်တင်သွားမှာဖြစ်တယ်လို့“ ဒုတိယတာဝန်ခံကိုမိုးဝေကပြောပါတယ်။

 

 

ရနောင်းလူသတ်မှုမှာပြစ်မှုကျူးလွန်ခဲ့တယ်ဆိုပြီးထိုင်းတရားရေးရာဌာနအနေနဲ့လွဲမှားစွာပြစ်ဒဏ်ချမှတ်ခဲ့မှုနဲ့ပတ်သက်ပြီးရနောင်းမြို့အယူခံတရားရုံးကမြန်မာရွှေ့ပြောင်းလုပ်သားလူငယ်နှစ်ဦးကိုအပြစ်မရှိကြောင်းပြီးခဲ့တဲ့စက်တင်ဘာလ၁၆ရက်နေ့မှာအမိန့်ချခဲ့တာ  ဖြစ်ပါတယ်။

 

“ကျွန်တော်တို့လွှတ်လာပြီဆိုတော့ နစ်နာကြေးတွေအတွက် ကျွန်တော်တို့ရှေ့နေတွေ က မရရအောင် လုပ်ပေးမယ် ပြောတယ် ၊ကျွန်တော်တို့ ထိုင်းရဲတွေကိုလည်း မကျေနပ်ဘူး၊တရားပြန်စွဲလို့ရရင် ကျွန်တော်ကပြန်ဆွဲချင်တယ် ၊နောက်ပြီး လူမသတ်ပဲနဲ့ထောင်ဒဏ်မှာ စွပ်စွဲခံရသလို သူတို့တွေကို ပြန်ခံစားစေချင်တယ်လို့ “စွပ်စွဲခံရပြီးထောင်ကျခံခဲ့ရတဲ့ ကိုမိုးဇင်အောင်က ပြောပါတယ် ။

 

ပြီးခဲ့တဲ့၂၀၁၅ခုနှစ်ကစက်တင်ဘာလလဆန်းကထိုင်းနယ်စပ်၊ရနောင်းမြို့မှာအသက်၁၈နှစ်အရွယ်ထိုင်း-မြန်မာကပြားကျောင်းသူတစ်ဦးကိုသတ်တယ်ဆိုပြီးမြန်မာရေလုပ်သားတွေဖြစ်တဲ့စိန်ကတုံး၊ဝေလင်း၊မိုးဇင်အောင်နဲ့ကျော်စိုးဝင်းတို့၎ဦးကိုထိုင်းရဲတပ်ဖွဲ့ကသံသယတရားခံအဖြစ်စွပ်စွဲဖမ်းဆီးပြီးရနောင်းတရားရုံးကအပြစ်ရှိတယ်ဆိုပြီး၂၀၁၈ခုနှစ်အတွင်းကအလုပ်သမားတစ်ဦးစီကိုအမိန့်တွေအသီးသီးချမှတ်ခဲ့တဲ့အမှုလည်းဖြစ်ပါတယ်။

 

#voiceofmyanmar  #ရနောင်းလူသတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW