အိန္ဒိယမှာ သင်္ဘောတစ်စင်းနစ်မြုပ် ၁၂ ဦးသေဆုံးပြီး ၂၀ ကျော်ပျောက်ဆုံးနေ

ဒေလီ၊ စက်တင်ဘာ-၁၆-၂၀၁၉ မျိုးဆက် (VOM)   အိန္ဒိယနိုင်ငံ အန်ဒရာပရာဒက်ရှ်ပြည်နယ် ဂိုဒါဗာရီမြစ်ထဲမှာ ကမ္ဘာလှည့်ခရီးသွားတွေလိုက်ပါလာတဲ့ သင်္ဘောတစ်စင်းနစ်မြုပ်သွားတာကြောင့် လူ ၁၂ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော်ပျောက်ဆုံးနေပါတယ်။   အဲဒီသင်္ဘောဟာ စက်တင်ဘာ ၁၅ ရက်က ကျောက်ဆောင်နဲ့ တိုက်မိပြီး တိမ်းမှောက်သွားချိန်မှာ ပြည်နယ်အတွင်းက ကမ္ဘာ့ခရီးသွား ၆၀ ၀န်းကျင်ကို တင်ဆောင်ပြီး အပန်းဖြေနေရာတစ်ခုကို သွားရောက်နေတာဖြစ်ပါတယ်။     လက်ရှိအချိန်ထိတော့ လူ ၂၆ ဦးကိုကယ်တင်ထားပြီးဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မြစ်အတွင်းက ရုပ်အလောင်းတွေကို ရှာဖွေဖို့အတွက် ကယ်ဆယ်ရေးတာဝန်ရှိသူတွေက လုပ်ဆောင်နေပါတယ်။     အသက်ရှင်ကျန်ရစ်သူတွေကတော့ ထိတ်လန့်တုန်လှုပ်နေကြပါတယ်။ ဒီမတော်တဆမှုနဲ့ပတ်သက်ပြီး ထပ်တူဝမ်းနည်းကြေကွဲကြောင်း အိန္ဒိယ၀န်ကြီးချုပ်မိုဒီက သူ့ရဲ့တွစ်တာစာမျက်နှာမှာ ဖော်ပြထားပါတယ်။   မတော်တဆမှုဖြစ်စဉ်ကြောင့် ဒေသအတွင်း သင်္ဘောပို့ဆောင်ရေးအားလုံးကို ချက်ချင်းရပ်ဆိုင်းဖို့ ပြည်နယ်ဝန်ကြီးချုပ် ဂျာဂန်မိုဟန်ရက်ဒီက တာဝန်ရှိသူတွေကို…

Read More

မြစ်ကြီးနားမြို့မှာကျင်းပတဲ့ ၇ ကြိမ်မြောက် တိုင်းရင်းမီဒီယာ(BNI) ညီလာခံ

မြစ်ကြီးနား စက်တင်ဘာ ၁၆-၂၀၁၉ ရန်အောင်ထွန်း (VOM)   တိုင်းရင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက်ရည်ရွယ် ကျင်းပတဲ့ သတ္တမအကြိမ် တိုင်းရင်းမီဒီယာ ညီလာခံကို မြစ်ကြီးနားမြို့ မနောဝင်း မဂျွယ်ခန်းမတွင် စက်တင်ဘာ ၁၆ ရက်နေ့ကနေ ၁၈ ရက်နေ့အထိကျင်းမှာဖြစ်ပါတယ်။   တိုင်းရင်းမီဒီယာမူဝါဒ အချောသတ်နိုင်ရန်အတွက် တိုင်းရင်းသား ဒေသတွေက မီဒီယာတွေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ ပြည်ပမီဒီယာအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးခဲ့ပါတယ်။   ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ကတော့ ပြည်နယ်ရဲ့ အလိုအပ်ဆုံး ငြိမ်းချမ်းရေး အမြန်ရဖို့ စတုတ္ထမဏ္ဍိုင်က  ကျင့်ဝတ်နဲ့အညီ ရေးသားမယ်ဆိုရင် သတင်းသမားအတွက် ပြည်သူကအမြဲရပ်တည်နေမယ်လို့ ပြောခဲ့ပါတယ်။     တိုင်းရင်းမီဒီယာကနေ တိုင်းရင်းသားစာပေတိုးတက်ရေးအထိ ဖွံ့ဖြိုးအောင် ဆောင်ရွက်ဖို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်ကပြောခဲ့ပါတယ်။    …

Read More

က​လေးခိုးမှု ပြစ်​မှုပြစ်​ဒဏ်​အတိုင်း အ​ရေးယူ​ပေးဖို့ နတ္တလင်းမှာ ဆန္ဒပြ

နတ္တလင်း စက်​တင်​ဘာ ၁၆-၂၀၁၉ မိုးယံ(VOM)   ပဲခူးတိုင်း နတ္တလင်းမြို့နယ်​ မှာဒီ​နေ့ မနက်​၉နာရီ က က​လေးခိုးမှုအား ပြစ်​မှုပြစ်​ဒဏ်​အတိုင်း အ​ရေးယူ​ပေး​ဖို့ဆိုကာ ဆရာ/ဆရာမ အချို့ ​နဲ့ ကျောင်းသားတွေ အပါအဝင် ဒေသခံပြည်​သူတစ်​​ထောင်​ဝန်းကျင် ဆန္ဒ​ဖော်​ထုတ်​ခဲ့ပါတယ်​။   ” သြဂုတ်​ လ၃၀ရက်​​နေ့က ကျမတို့​ကျောင်းက ​ကျောင်းသူကို ​ကျောင်းသူမိဘဆိုပြီး အတင်း​ခေါ်တာနဲ့ပတ်​သက်​ပြီး ရွာသား​တွေနဲ့ဝိုင်းဖမ်းပြီး စခန်းကိုပို့ပါတယ်​ တစ်​ရက်​ချုပ်​ထားပြီး​နောက်​​နေ့ အာမခံနဲ့လွှတ်​လိုက်​ပါတယ်​ ကျမတို့ရွာသား​တွေနဲ့မိဘ​တွေ အံ့သြထိတ်​လန့်​ကုန်​ပါတယ်​ ကျူးလွန်​ထားတဲ့အပြစ်​နဲ့ စွဲထားတဲ့ပုဒ်​မနဲ့လုံးဝမကိုက်​ညီဘူး ကျမတို့ကျောင်းသားထုတစ်​ရပ်​လုံးရဲ့ဘဝလုံခြုံ​ရေး စာသင်​​ကျောင်း​တွေရဲ့ဘဝလုံခြုံ​ရေးအတွက် မိဘပြည်​သူတစ်​ရပ်​လုံး.ကျမတို့ဆရာ/ဆရ.မ ​တွေ ​ကျောင်းသား​တွေ ပါဝင်​ဆန္ဒထုတ်​​ဖော်​ရတာပါလို့ ” ဖလံပင်​​ကျေးရွာ ဖလံပင်​ရွာမ​ကျောင်း အလယ်တန်းပြ ဆရာမ ​ ဒေါ်သန်းသန်း​ဆွေက​ ပြောပါတယ်​။   ​​ကျောင်းသူပါသွားရင်​ လူကုန်​ကူးမှာလား သက်​ငယ်​မုဒိမ်းလား အဓမ္မကျင့်​မှာလားကိုယ်​လက်​အင်္ဂါ​တွေ​ရောင်းစားမှာလားဆိုတာ မ​တွေးဝံ့စရာဖြစ်​​နေလို့ သားသမီးရှိသူတိုင်းမ​တွေးဝံ့စရာဖြစ်​​နေလို့ ထိ​ရောက်​စွာအ​ရေးယူ​ပေး​စေချင်​တယ်​လို့လည်း ဆရာမက​ပြောပါတယ်​။   ဆရာ/ဆရာမအချို့ ​ကျောင်းသူ/​ကျောင်း​သားများ…

Read More

ကျောက်တော်ပစ်ခတ်မှုမှာ အရပ်သား ၆ ဦးဒဏ်ရာရပြီး တစ်ဦးသေဆုံး

ကျောက်တော်၊ စက်တင်ဘာ ၁၅-၂၀၁၉ ခိုင်လင်းစံ (VOM)     ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းမှာ စက်တင်ဘာလ ၁၅ ရက်နေ့ ည ၁ နာရီခန့်အချိန်မှာ ပစ်ခတ်မှုတွေဖြစ်ပွား ခဲ့တဲ့အတွက် ကျေးရွာသုံးရွာက အရပ်သား ၆ ဦးဒဏ်ရာရရှိပြီး တစ်ဦးသေဆုံးသွားခဲ့ပါတယ်။   အဲ့ဒီပစ်ခတ်မှုဟာ ကုလားတန်မြစ်အတွင်းသွားလာနေတဲ့ အစိုးရတပ်မတော်ရေယာဉ် ရေတပ်သင်္ဘောက ပစ်ခတ်ခဲ့တာဖြစ်ပြီး ကျေးရွာ ၅ ရွာလောက်မှာ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။     နေဗီသင်္ဘောက ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်ဟာ စမ္ပါယ်လှရွာ၊ သင်္ဂနက်ရွာနဲ့ ကန်သုံးဆင့်ရွာတွေက ကျေးရွာသား ၇ ဦးတို့ဟာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကန်သုံးဆင့်က ဒဏ်ရာရရှိသူ အသက် ၇၀ အရွယ် ဦးနီထွန်းဟာ သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။   “ညတုန်းကဖြစ်တာနဲ့ ရွာသားတွေထိခိုက်ခဲ့တယ်။ ညတွင်းချင်းသွာယူရတာက သင်္ဂနက်က လူနာနှစ်ဦးရှိတယ်။ ဒီမနက်ပိုင်းမှာ…

Read More

ပလက်ဝက မိုင်းထိလူနာတစ်ဦး စစ်တွေဆေးရုံကို ရောက်ရှိ

ပလက်ဝ၊ စက်တင်ဘာ ၁၅-၂၀၁၉ ခိုင်လင်းစံ (VOM)   ချင်းပြည်နယ် ပလက်ဝမြို့နယ် ပွီးချောင်းဝကျေးရွာ မိုင်းထိပြီး ဒဏ်ရာရရှိခဲ့သူတစ်ဦးကို ကျောက်တော်ဆေးရုံကနေ စက်တင်ဘာလ ၁၅ ရက်နေ့ နေ့လည်ပိုင်းက စစ်တွေဆေးရုံကို လွှဲပြောင်းပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။   အဲ့ဒီဒဏ်ရာရရှိထားသူဟာ ကျေးရွာနဲ့ နာရီဝက်ခန့်ခရီးအကွာမှာ တောင်ယာလုပ်ကိုင်နေသူဖြစ်ပြီး ပြီးခဲ့တဲ့ အင်္ဂါနေ့က ၎င်းရဲ့ယာမှာတဲဆောက်ဖို့အတွက် လင်မယားနှစ်ယောက် ဝါးခုတ်နေစဉ် မိုင်းပေါက်ကွဲပြီး ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ မိသားစုတွေကပြောပါတယ်။   “အင်္ဂါနေ့က သူတို့လင်မယားနှစ်ယောက် ယာမှာတဲဆောက်ဖို့သွားတယ်။ ယာနားမှာပဲ ဝါးတွေခုတ်နေတဲ့အချိန် ကျွန်တော်အကိုက မိုင်းပေါက်ကွဲပြီးတော့ ဒဏ်ရာရရှိသွားတယ်။ သူ့မိန်းမက တခြားတစ်ဘက်မှာဆိုတော့ သူကဘာမှမဖြစ်ဘူး။ ပေါက်သံကြားလို့ သွားကြည့်လိုက်တော့ ကျွန်တော်အစ်ကိုက အဲ့ဒီနေရာမှာ ဒဏ်ရာတွေနဲ့ သတိလစ်နေတယ်။”လို့ ညီတော်စပ်သူ ကိုဖြိုးဝေက ပြောပါတယ်။   ဒါဏ်ရာရှိခဲ့သူဟာ အသက် ၃၅ နှစ်အရွယ် ဦးမောင်သိန်းမြင့်ဖြစ်ပြီး သူ့ကို စက်တင်ဘာ…

Read More

မြို့ပတ်ရထားစီးနင်းခ ဂျပန်က ၄ ဒေါ်လာ သတ်မှတ်​မှုအ​ပေါ်ပြန်​တွက်​ချက်​နေ

    ရန်​ကုန်​ ၊ စက်​တင်​ဘာ ၁၅-၂၀၁၉ သူရိန် (VOM)     ရန်​ကုန်​မြို့ပတ်​ရထားစီးနင်းခကို ဂျပန်​ကနိုင်​ငံတကာစံ နှုန်းနဲ့အညီ ၄ ​ဒေါ်လာသတ်​မှတ်​ထား​မှုကိုပြန်​တွက်ချက်မယ်လို့မြန်မာ့မီးရထား(အောက်မြန်မာပြည်)ရုံးကသိရပါတယ်​။   “ ဂျပန်က တွက်ထားတာရှိတယ်။ ဂျပန်ကစက်နဲ့တွက်ထား တာဆိုတော့ သိပ်မကိုက်ဘူး။ လက်ရှိနှုန်းထားပေါ်မှာ အခြေခံပြီးတော့ တွက်ရမှာ။ စီးနေတဲ့ လူတွေက တကယ် သုံးနိုင်မသုံးနိုင်နှုန်းထားသတ်မှတ်ရမယ်။သူတို့တွက်ထားတာက တစ်မိုင်ကို ၇၀၀ ကနေ ၉၀၀ထိသတ်မှတ်ထားတာ။ လူထုက မတတ်နိုင်ဘူး။ ၁၀မိုင်ဆိုရင်တောင် ၇၀၀၀ ဖြစ်နေပြီ။ နိုင်ငံတကာစံနှုန်းနဲ့ တွက်ထားတာဆိုတော့ ၄ ဒေါ်လာလောက်ဖြစ်နေတယ်။ အဆင်မပြေဘူး ပြန်တွက်ချက်ရအုံးမယ်” လို့မြန်မာ့မီးရထား(အောက်မြန်မာပြည်)ရုံးကအထွေထွေမန်နေဂျာ ဦးအောင်သူလတ်က ပြောပါတယ်​။   ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းကို ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)ရဲ့ အကူ အညီနဲ့အဆင့်မြှင့်တင်ဆောင်ရွက်နေပြီး ပြီးစီးသွားရင်​ တွဲဆိုင်းအသစ်နဲ့ ပြောင်းလဲပြေးဆွဲသွားမှာဖြစ်​တဲ့အတွက်​ နှုန်းထားခကို ခေတ်စနစ်နဲ့အညီ ပြောင်းလဲကောက်ခံမယ်​လို့သိရပါတယ်​။    …

Read More

ရွှေတောင်နဲ့ သဲကုန်းမြို့နယ် က တပ်ပိုင်မြေပေါ်က ရွာတွေရွှေ့ပေးရတော့မည်

  ပြည် စက်တင်ဘာ၁၆-၂၀၁၉ ဂျန်ကိုးလ်(VOM)   ပဲခူးတိုင်း ၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်နဲ့ သဲကုန်းမြို့နယ် တွေမှာ တပ်ပိုင်မြေလို့ပြောဆိုတဲ့ မြေဧက၂၀၀၀၀ကျော်ပေါ်က ဒေသခံတွေကို ကျူးကျော်အဖြစ်သတ်မှတ်ပြီး စက်တင်ဘာ၃၀ရက်နောက်ဆုံးထားဖယ်ခိုင်းနေတယ်လို့ ဒေသခံတွေဆီကပြောပါတယ်။   ဒေသခံတွေနေထိုင်လုပ်ကိုင်နေတဲ့အဆိုပါမြေတွေကို အမှတ်၅၀၉အမြှောက်တပ်ကပိုင်တာဖြစ်ပြီး ပြည်ထဲရေးအမည်မပေါက်သေးတဲ့အိမ်ခြေ၈၀ခန့်ရှိတဲ့ ကျောက်ထရံရွာလည်း ပြောင်းရွေ့ခံရမယ့် အထဲပါဝင်နေတယ်လို့ဆိုပါတယ်။   “သွားစရာလည်းမရှိဘူး။ အသက်မွေးဝမ်းကျောင်းပညာရေးလည်းမလုပ်တတ်ဘူး ပေါက်ပြားလေးနဲ့ပဲ တူးဆွလုပ်ကိုင်စားတတ်တာ ဒီရွာမှာ ဆယ်ဧကထိ ပိုင်တဲ့တောင်သူတစ်ယောက်မှမရှိဘူး။ မြေအများကြီး မပိုင်ထားဘူး ကိုယ်လုပ်နိုင်သလောက်လေးပဲ လုပ်စားကြတာ။ အခု ထွက်ပေးရမယ်ပဲ ပြောတယ်လေ ထွက်ပေးစရာ မြေမှမရှိတာဒီလူတွေ ဘယ်သွားနေရမလဲ”လို့ ကျောက်ထရံကျေးရွာသူ ဒေါ်ဝိုင်းရီက ပြောပါတယ်။     အခုဖယ်ရှားခိုင်းတဲ့ မြေက သဲကုန်းမြို့နယ်မှာ ဧက ၁၈၉၀၀ ကျော် ရွှေတောင်မြို့နယ်အတွင်းမှာ ဧက ၈၀၀၀ ကျော် စုစုပေါင်း ၁၈၉၀၀ကျော်ရှိကာ အဲဒီမြေတွေဟာ…

Read More

နေပြည်တော် နှစ်လယ် ကျောက်မျက်ရတနာပြပွဲစပြီ

နေပြည်တော်-စက်တင်ဘာ ၁၆-၂၀၁၉ ကိုထွန်း(VOM)   ၂၀၁၉ခုနှစ်​ နှစ်​လယ်​မြန်​မာ့​ကျောက်​မျက်​ရတနာပြပွဲကို စက်​တင်​ဘာ ၁၆ရက်​​နေ့ မနက်​ပိုင်း​က နေပြည်​​တော်​၊ မဏိရတနာ​ကျောက်​စိမ်းခန်းမမှာ စတင်​ကျင်းပပြုလုပ်​နေပါတယ်။   စက်​တင်​ဘာ ၁၆ရက်​​ကနေ ၂၅ရက်​​နေ့ထိ​ ပြမှာဖြစ်ပြီး ၁၆ရက်​​နေ့ကနေ ၁၈ရက်​​နေ့ထိ ရတနာကုန်​သည်​တွေက ကျောက်​မျက်​အတွဲတွေကို ကြည့်​ရှုစစ်​​ဆေးခြင်း၊ အိပ်​ဖွင့်​တင်​ဒါစနစ်​ဖြင့်​​ရောင်းချမည့်​​ကျောက်​မျက်​အတွဲများအတွက်​​ဈေးနှုန်းလွှာတင်​သွင်းခြင်း(BIDDING FORM)၊ တင်​ဒါပုံးများတွင်​ထည့်​သွင်းခြင်းတို့​ ဆောင်​ရွက်​ရမည်​ဖြစ်​​ကြောင်းသိရပါတယ်။   စက်​တင်​ဘာ၁၉ ရက်​​နေ့မှာ အ​ခြေခံယူရို​ငွေ ၅၀၀နှင့်​ တန်​ဖိုးသတ်​မှတ်​ထားတဲ့ ကျောက်​မျက်​အတွဲတွေကို အိပ်​ဖွင့်​တင်​ဒါစနစ်​ဖြင့်​​ ရောင်းချမှာလို့ကြော်ငြာထားပါတယ်။     စက်​တင်​ဘာ ၂၀ရက်​​နေ့ကနေ ၂၅ရက်​​နေ့ထိ အ​ခြေခံ​ဈေး ယူရို​ငွေ(၅၀၀၀)နှင့်​အထက်​ တန်​ဖိုးသတ်​မှတ်​ထားတဲ့ ကျောက်​စိမ်းအတွဲတွေ အ​ခြေခံ​ဈေး ယူရို​ငွေ (၁၀၀၀)နှင့်​အထက်​တန်​ဖိုးသတ်​မှတ်​ထားတဲ့ အ​ချောထည်​ ​ကျောက်​စိမ်းတွဲတွေကို အိပ်​ဖွင့်​တင်​ဒါစနစ်​နဲ့ ရောင်းချမှာဖြစ်ပါတယ်။   ဒီပွဲမှာ အ​ခြေခံ​ဈေး ယူရို ၅၀၀၀၀၀၀ တန်​ဖိုးရှိ​ ကျောက်​စိမ်းတွဲကိုလည်းပြသထား​ပါတယ်။   နှစ်​လယ်​​ကျောက်​မျက်​ရတနာ​ပြပွဲကို ပြည်​တွင်း၊ပြည်​ပ…

Read More

ဗြိတိန်နိုင်ငံ ဘလန်နွမ်နန်းတော်က ဒေါ်လာတစ်သန်းတန် ရွှေအိမ်သာအခိုးခံရ

လန်ဒန်၊ စက်တင်ဘာ-၁၅-၂၀၁၉ မျိုးဆက် (VOM)   အင်္ဂလန်အနောက်ပိုင်း အောက်စ်ဖို့ရှိုင်းယားပြည်နယ်အတွင်းရှိ ဘလန်နွမ်နန်းတော်က ရွှေရည်၁၈ကာရက်နဲ့ ပြုလုပ်ထားတဲ့ ဒေါ်လာတစ်သန်းတန်ဖိုးရှိ ရွှေအိမ်သာတစ်လုံး အခိုးခံလိုက်ရပါတယ်။   ဗြိတိန်စံတော်ချိန် မနက်၎နာရီမိနစ်၅၀မှာ အောက်စဖို့ရှိုင်းယားနန်းတော်အတွင်းမှာ ဖောက်ထွင်းဝင်ရောက်ပြီး အနုပညာလက်ရာတွေကို ခိုးယူသွားခဲ့တာလို့ သိမ်းမြစ်ဝှမ်းဒေသရဲတပ်ဖွဲ့က ပြောပါတယ်။   လာရောက်တဲ့ ဧည့်သည်တွေကို ပေးသုံးလေ့ရှိတဲ့ Ameriaca လို့အမည်ရတဲ့ ပျောက်ဆုံးသွားတဲ့ ရွှေအိမ်သာကို ရှာမတွှေ့သေးပေမယ့် အသက်၆၆နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိထားတယ်လို့ ဆိုပါတယ်။   ရွှေအိမ်သာကို အဆောက်အဦးမှာ တပ်ဆင်ထားတာဖြစ်တာကြောင့် ဖောက်ထွင်းမှု ပြုပြီးနောက် ထားရှိတဲ့အခန်းထဲမှာ သိသာထင်ရှားတဲ့ ပျက်စီးမှုတွေနဲ့ ရေလျှံတာတွေဖြစ်ပေါ်ခဲ့ ပါတယ်။   အဲဒီအိမ်သာဟာ ဘလန်နွမ်နန်းတော်မှာ စက်တင်ဘာ၁၂ရက်မှာ စတင်တဲ့ အီတလီအနုပညာရှင် မောရီဇီအိုကတ်တီလန်ရဲ့ အနုပညာပြပွဲအစိတ်အပိုင်းတစ်ခုအဖြစ် ပြသထားတာဖြစ်ပါတယ်။ ၁၈ ရာစုလက်ရာတစ်ခုဖြစ်တဲ့ ဘလန်နွန်နန်းတော်ဟာ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ဖြစ်ပြီး ဗြိတိန်ဝန်ကြီးချုပ်ဟောင်း…

Read More

အသက်​၅နှစ်​အရွယ်​ မိန်းက​လေးအား သားမယားပြုကျင့်​မှု လက်​ပံတန်းမှာဖြစ်

လက်​ပံတန်း စက်​တင်​ဘာ ၁၅-၂၀၁၉ မိုးယံ(VOM) ပဲခူးတိုင်း သာယာဝတီခရိုင်၊ လက်​ပံတန်း မြို့နယ်​ သိုက်​ဝါး​ချောင်းအုပ်​စု၊ ရင်းတိုက်​​မြှောင်​​ကျေးရွာမှာ မ​နေ့ည​နေ ၅နာရီဝန်းကျင်​​လောက်​က ​ဒေါ်—ီ ရဲ့သမီး အသက်​၅နှစ်​ရှိ မိန်းက​လေးကို တစ်​ရွာတည်း​နေ အသက်​၄၇နှစ်​ရှိ ဦးစန်းလွင်​(ခ)​ဦးစန်းက သားမယားပြုကျင့်​မှု ဖြစ်​ပွားခဲ့​တယ်​လို့ လက်​ပံတန်း မြို့မရဲစခန်းကနေ သိရပါတယ်​။   ဦးစန်းလွင်​(ခ)​ဦးစန်းဟာ မ—ကို ​နေအိမ်​အ​နောက်​ ဆိုင်​ကယ်​ထားသည့်​အ​ဆောင်​ကို​ခေါ်သွားပြီး ပါးစပ်​ကို မအူရွက်​များဆို့ လက်ကိုနောက်ပြန်ကြိုးတုပ် သားမယားပြုကျင့်​ခဲ့ပြီး အ​ဖေအ​မေ ပြန်​​ပြောရင်​ ​ချောင်းထဲ​ပစ်​ချမယ်​လို့ ​ပြောဆိုခဲ့တယ်​လို့်​ မ—ကအဘွားဖြစ်​သူကို​ပြောပြခဲ့တယ်​လို့ မ—ရဲ့အဘွားဖြစ်​သူ ​ဒေါ်ြ—်​က​ပြောပါတယ်​။   သားမယားပြုကျင့်​ခံရသူ မ—မှာ အသက်​ငယ်​ရွယ်​သူဖြစ်​ပြီး က​လေးသဘာဝ​လျှောက်​​စော့ကစား​နေရာမှ လူကြီးများမရှိခိုက်​ အခွင့်​​ကောင်းယူကာ တစ်​ရွာတည်း​နေ ဦးစန်းလွင်​(ခ)​ဦးစန်းက ကျူးလွန်းခဲ့ခြင်းဖြစ်​တယ်​လို့်လက်​ပံတန်း မြို့မရဲစန်းက တာဝန်​ရှိသူတစ်​ဦးက သုံးသပ်​​ပြောဆိုပါတယ်​။   ဖြစ်စဉ်နဲ့ပတ်သက်လို့ (ပ)၄၉၈/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ၃၇၆ နဲ့ဖွင့်ထားပြီး အသက်၄၇နှစ်ရှိ…

Read More
VOM News

FREE
VIEW