ျခိဳးျခံေခ်ြတာ ျပည္သာယာ

ZAWGYI

 

ျခိဳးျခံေခ်ြတာ ျပည္သာယာ

 

လြတ္လပ္ေရးမတိုုင္ခင္နဲ႕ လြတ္လပ္ေရးရျပီးစ ကာလေတြတုုန္းက ဗမာနိုုင္ငံ ဗမာလူမ်ိဳးဆိုုတာ အာရွမွာ ထိပ္တန္းထဲပါခဲ႕ေပမယ့္ ျမန္မာျဖစ္ျပီးေနာက္ပိုုင္း တစနဲ႕ တစ ခ်ိဳ႕ယြင္းပ်က္စီးလာလိုုက္တာ အိမ္နီးခ်င္း ထိုုင္းေနာက္ ျပတ္သတ္က်န္ခဲ႕ျပီး လာအိုုလိုု နုုိင္ငံကိုုေတာင္ ေမာ့ၾကည့္ရမယ့္ အျဖစ္ဆိုုက္ေနပါျပီ။

 

ဒါေတြဘယ္လိုုျဖစ္သြားလဲဆိုုတာ အလြယ္ ျမင္သာတဲ႕ အေနအထားေတြကေတာ့ ျပည္တြင္းစစ္ျဖစ္ေနတာ ႏွစ္ ၇၀ေက်ာ္ခဲ႕တာ၊ အုုပ္ခ်ဳပ္စီမံမွဳေတြညံ႕ဖ်င္းခဲ႕တာ ၊ သယံဇာတေတြဖင္ခုုထိုုင္ျပီး ဘာမွမလုုပ္တတ္မကိုုင္တတ္ ျဖစ္ခဲ႕တာေတြကိုုေတြ႕ရမွာပါ။

 

ဒါေတြညံ႕ခဲ႕တာကိုု ဝန္မခံခ်င္လည္းရပါတယ္။ ထားလိုုက္ပါ လက္ရွိအခ်ိန္မွာ အေၾကြးပတ္လည္ဝိုုင္း လင္ေသေၾကြးပူျဖစ္ေနတဲ႕ နုုိင္ငံကိုု နလန္ထူေအာင္ က်ေနာ္တိုု႕ ဘာေတြလုုပ္သင့္သလဲလိုု႕ ေမးရင္ အလြယ္ကူဆံုုးက ပထမဆင့္အေနနဲ႕ က်ေနာ္တိုု႕အားလံုုး ျခိဳးျခံေခ်ြတာၾကရမွာပါ။

 

အိမ္တအိမ္မွာ ၀င္ေငြနည္းရင္ မလိုအပ္တဲ့ အပိုုသုံးေငြေတြ ေလွ်ာ့ရတယ္ အတတ္နိုုင္ဆံုုး ေခ်ြတာျခစ္ကုုတ္စုုတဲ႕နည္းနဲ႕ နလန္ျပန္ထူဖိုု႕ ၾကိဳးစားရသလိုုပဲ တိုုင္းျပည္ကုုိလည္း ဒီနည္းနဲ႕ ၾကိဳးစားၾကည့္ၾကေစခ်င္ပါတယ္။

 

လတ္တေလာ က်ေနာ္တိုု႕ ျမင္သာတဲ႕ ျပင္ဆင္သင့္တာေတြကိုု ခ်ေရးၾကည့္ရင္

၁။ အစိုးရဌာနေတြမွာ မလိုအပ္ပဲ ခန႔္ထားတဲ့ အလုပ္မျဖစ္တဲ့ ၀န္ထမ္းေတြစိစစ္ျပီး ျဖဳတ္ၾကည့္ၾကမလား၊ တခ်ိဳ႕ဌာနဆိုုင္ရာေတြမွာ လက္မွတ္ေတာင္လာမထိုုးပဲ လစာထုုတ္ခ်ိန္မွလာတဲ႕ ဝန္ထမ္းေတြရွိေနပါတယ္။ ဥပမာ ေအာက္ေျခမွာ ရပ္ေက်းစာေရးဆိုုျပီးခန္႕ထားတဲ႕သူေတြ ဘယ္ေလာက္ရပ္ရြာကိုု အက်ိဳးျပဳေနသလဲ ၊ ေက်ာင္းသန္႕ရွင္းေရးဝန္ထမ္းဆိုုတာခန္႕ထားျပီး ေက်ာင္းသူေက်ာင္းသားေတြကိုု ဝါ၊ စိမ္း နီ၊ျပာ အသင္းေတြခြဲ စုုေပါင္းလုုပ္ကိုုင္တတ္တဲ႕ အက်င့္ရွိေအာင္ဆိုုျပီး ဂ်င္းထည့္ခဲ႕တဲ႕ စနစ္ စသျဖင့္ ဌာနဆိုုင္ရာေတြမွာ ဒါမ်ိဳးေတြ အမ်ားအျပားရွိေနပါတယ္။ ဒါေတြကိုု စိစစ္ေလွ်ာ့သင့္ပါတယ္။

 

၂။ ဌာနဆိုင္ရာသုံး ယာဥ္အိုယာဥ္ေဟာင္းေတြ႒နာတုုိင္းမွာရွိပါတယ္။ ဒါေတြကိုု ဘာလိုု႕ထားလဲဆိုုေတာ့ တာဝန္ရွိသူေတြက ျပဳျပင္စရိတ္နဲ႔ ေလာင္စာဆီထုတ္ေရာင္းစားေနတာေတြ ျမင္ေနၾကားေနရပါတယ္။ ဒါေတြ မစိစစ္သင့္ေပဘူးလား ၊ အစုုတ္ျပတ္ေတြကိုုအပ်က္စာရင္းသြင္း အရည္က်ိဳအပ္ လိုုအပ္သေလာက္ ယာဥ္အေရအတြက္သာ ထုုတ္ေပးရင္ အလုုပ္ျဖစ္နုုိင္ပါတယ္။

၃။ အိမ္ေတာ္ကအစ ၀န္ႀကီးေတြနဲ႔ ဌာနဆိုင္ရာအသုံးျပဳယာဥ္ေတြ ဆီပိုထုတ္ေနလား ၊ ဝန္ထမ္းေတြလိုုတာထက္ ပိုုခန္႕ထားျပီး လစာေပးေနရလား မစိစစ္သင့္ေပဘူးလား။

၄။ မလိုအပ္ပဲ ေန႔ခင္းေၾကာင္ေတာင္ မီးေတြလင္းေနတဲ့ လမ္းမီးတိုင္ေတြနဲ႔ အစိုးရအေဆာက္အဦးေတြမွာ ကိုယ့္ဟာမဟုတ္တိုင္း သုံးေနတဲ့ လွ်ပ္စစ္မီးေတြ ေလွ်ာ့မသံုုးသင့္ေပဘူးလား ။

 

၅။ လိုအပ္တဲ့ လမ္းတံတား အေဆာက္အဦးေတြအျပင္ တျခားအသုံးစရိတ္ေတြဟာ ကုုန္တာထက္ ဘတ္ဂ်က္ပိုေတာင္းေနတာေတြ ရွိေနေသးပါတယ္။ ပိုုေတာင္းမိလိုု႕ မကုုန္မခ်င္းသံုုးေနတာေတြ ေကာ္မတီဖြဲ႕စိစစ္ေနေပမယ့္လည္း ေအာက္ေျခမွာ ျမင္ေနရ ၾကားေနရပါေသးတယ္။

 

၆။ အခမ္းအနားေတြ အစည္းအေဝးေတြလုုပ္ျပီဆိုုရင္ သက္ဆိုုင္ရာဝန္ၾကီးဌာနေတြမွာ ခမ္းမေတြရွိေပမယ့္ ဟိုတယ္ႀကီးေတြမွာ အျမဲလိုုလိုု တက္လုပ္ေနတာေတြဟာ တခါလုုပ္ရင္ မူလတန္းေက်ာင္း တေက်ာင္းေဆာက္သေလာက္ ကုုန္ေနတာ အားလံုုးအသိပါ။ ဒါေတြလုုပ္သင့္ေသးသလား။

 

၇။ ၿငိမ္းခ်မ္းေရးအတြက္ ကုန္ေနတဲ့ေငြေတြဟာ တကယ္အက်ိဳးရွိသလား ၿဖဳံးတီးေနသလား ဆန္းစစ္ၾကည့္ၾကပါဦး ျငိမ္းခ်မ္းေရးလုုပ္ငန္းလုုပ္လာတာ ႏွစ္ေပါင္းဘယ္ေလာက္ရွိေနျပီလဲ အေရႊ႕နဲ႕ ကုုန္က်စရိတ္ကာမိရဲ႕လားဆိုုတာရယ္ ကာကြယ္ေရးအသံုုးစရိတ္ေတြ ေလွ်ာ့မရတာေၾကာင့္ ဖြတ္သထက္ညစ္ေနတဲ႕ အေျခအေနကိုု ျပန္သံုုးသပ္သင့္ပါျပီ။

 

၈။ သက္ဆိုင္ရာ ၀န္ႀကီးဌာနနဲ႔ ခ်ိတ္ဆက္ေဆာင္႐ြက္ရမယ့္ ကိစၥေတြကို လႊတ္ေတာ္မွာ ဟိုဟာလုပ္ေပးပါ့လား ဒီဟာလုပ္ၿပီးၿပီလားနဲ႔ အခ်ိန္ကုန္ေန႔တြက္ေပးေနရတဲ့ ကိစၥေတြ ထပ္ေလ်ာ့လို႔ ရဦးမလား။ လႊတ္ေတာ္ႀကီး တရက္မလုပ္ရင္ သိန္း ၂၀၀ အနည္းဆုံး သက္သာတယ္ဆိုုတာ နီးစပ္သူေတြ သိၾကပါတယ္။

 

၉။ အက်ဥ္းေထာင္ေတြထဲမွာလည္း အက်ဥ္းသားေတြ အဆမတန္ႁပြတ္သိပ္ေနပါတယ္။ တႏိုင္ငံလုံး အက်ဥ္းသားနဲ႔ အခ်ဳပ္သားဦးေရ တသိန္းပဲ ပုံမွန္ထားပါဦး တေယာက္ကို တရက္ က်ပ္၁၀၀၀ ကုန္က်တယ္လိုု႕တြက္ရင္ တစ္ရက္ကိုု က်ပ္ သိန္းတစ္ေထာင္ ျပည္သူ႕ပိုုက္ဆံေတြ ကုုန္ေနပါတယ္။ ဒီစနစ္မွာ ေငြကုုန္သက္သာေအာင္ ဘယ္လိုုသက္သာေအာင္လုုပ္ၾကမလဲဆိုုတာ ေသခ်ာလုုပ္ေဆာင္သင့္ပါျပီ။

 

၁၀။ ဗီအိုုင္ပီ ၊ ဗီဗီအိုုင္ပီဆိုုတဲ႕ ေခါင္းေဆာင္ၾကီးေတြ ခရီးစဥ္ ကားတန္းရွည္ၾကီးေတြနဲ႕ သြားလာေနတာေတြ ျမင္ေနရဆဲျဖစ္ပါတယ္။ လူၾကီးတေယာက္ရဲ႕ ခရီးစဥ္အတြက္ ကုုန္က်စရိတ္ေတြလည္း ထပ္ေလွ်ာ့နုုိင္သေလာက္ ေလွ်ာ့ခ်နုုိင္ဦးမယ္ဆိုုရင္ က်ေနာ္တိုု႕ ထြက္ေငြေတြ နည္းလာမွာပါ။

၁၁။ NLD အစိုုးရစတက္တုုန္းက ဝန္ၾကီး႒ာနေတြေလွ်ာ့ခ်ျပီးလုုပ္ခဲ႕ေပမယ့္ တကယ္အလုုပ္မျဖစ္တဲ႕ ဝန္ၾကီး႒ာနေတြက်န္ခဲ႕တာအျပင္ ေနာက္မွ ထပ္တိုုးလာတဲ႕ ဝန္ၾကီးဌာနေတြေၾကာင့္ ေပါ့ေစခ်င္လိုု႕ ေၾကာင္ရုုပ္ထိုုး ေဆးေၾကာင့္ေလးဆိုုတာေတြကိုု ျပန္လည္စိစစ္ေစခ်င္ပါတယ္။

ဒါေတြဟာ ေအာက္ေျခမွာ ျမင္သာတဲ႕ ေလွ်ာခ်လိုု႕ရတဲ႕ ေႁခြတာေရးအစီအစဥ္ေတြပါ။ ဒါေတြ စိစစ္ေျခြတာႏိုင္ရင္ တိုုင္းျပည္တိုုးတက္သာယာေရးအတြက္ အလုုပ္ေတြ ပိုုလုုပ္နုုိင္မွာျဖစ္တယ္ဆိုုတာ VOM အယ္ဒီတာ့ အာေဘာ္က႑ကေန တင္ျပလိုုက္ပါတယ္။

အယ္ဒီတာအဖြဲ႕
Voice Of Myanmar

#voiceofmyanmar #ျခိဳးျခံေခ်ြတာျပည္သာယာ #အယ္ဒီတာအာေဘာ္

Unicode

ခြိုးခြံချွေတာ ပြည်သာယာ

လွတ်လပ်ရေးမတိုင်ခင်နဲ့ လွတ်လပ်ရေးရပြီးစ ကာလတွေတုန်းက ဗမာနိုင်ငံ ဗမာလူမျိုးဆိုတာ အာရှမှာ ထိပ်တန်းထဲပါခဲ့ပေမယ့် မြန်မာဖြစ်ပြီးနောက်ပိုင်း တစနဲ့ တစ ချို့ယွင်းပျက်စီးလာလိုက်တာ အိမ်နီးချင်း ထိုင်းနောက် ပြတ်သတ်ကျန်ခဲ့ပြီး လာအိုလို နိုင်ငံကိုတောင် မော့ကြည့်ရမယ့် အဖြစ်ဆိုက်နေပါပြီ။

ဒါတွေဘယ်လိုဖြစ်သွားလဲဆိုတာ အလွယ် မြင်သာတဲ့ အနေအထားတွေကတော့ ပြည်တွင်းစစ်ဖြစ်နေတာ နှစ် ၇၀ကျော်ခဲ့တာ၊ အုပ်ချုပ်စီမံမှုတွေညံ့ဖျင်းခဲ့တာ ၊ သယံဇာတတွေဖင်ခုထိုင်ပြီး ဘာမှမလုပ်တတ်မကိုင်တတ် ဖြစ်ခဲ့တာတွေကိုတွေ့ရမှာပါ။

ဒါတွေညံ့ခဲ့တာကို ဝန်မခံချင်လည်းရပါတယ်။ ထားလိုက်ပါ လက်ရှိအချိန်မှာ အကြွေးပတ်လည်ဝိုင်း လင်သေကြွေးပူဖြစ်နေတဲ့ နိုင်ငံကို နလန်ထူအောင် ကျနော်တို့ ဘာတွေလုပ်သင့်သလဲလို့ မေးရင် အလွယ်ကူဆုံးက ပထမဆင့်အနေနဲ့ ကျနော်တို့အားလုံး ခြိုးခြံချွေတာကြရမှာပါ။

အိမ်တအိမ်မှာ ဝင်ငွေနည်းရင် မလိုအပ်တဲ့ အပိုသုံးငွေတွေ လျှော့ရတယ် အတတ်နိုင်ဆုံး ချွေတာခြစ်ကုတ်စုတဲ့နည်းနဲ့ နလန်ပြန်ထူဖို့ ကြိုးစားရသလိုပဲ တိုင်းပြည်ကိုလည်း ဒီနည်းနဲ့ ကြိုးစားကြည့်ကြစေချင်ပါတယ်။

လတ်တလော ကျနော်တို့ မြင်သာတဲ့ ပြင်ဆင်သင့်တာတွေ တွေကို ချရေးကြည့်ရင်

၁။ အစိုးရဌာနတွေမှာ မလိုအပ်ပဲ ခန့်ထားတဲ့ အလုပ်မဖြစ်တဲ့ ဝန်ထမ်းတွေစိစစ်ပြီး ဖြုတ်ကြည့်ကြမလား၊ တချို့ဌာနဆိုင်ရာတွေမှာ လက်မှတ်တောင်လာမထိုးပဲ လစာထုတ်ချိန်မှလာတဲ့ ဝန်ထမ်းတွေရှိနေပါတယ်။ ဥပမာ အောက်ခြေမှာ ရပ်ကျေးစာရေးဆိုပြီးခန့်ထားတဲ့သူတွေ ဘယ်လောက်ရပ်ရွာကို အကျိုးပြုနေသလဲ ၊ ကျောင်းသန့်ရှင်းရေးဝန်ထမ်းဆိုတာခန့်ထားပြီး ကျောင်းသူကျောင်းသားတွေကို ဝါ၊ စိမ်း နီ၊ပြာ အသင်းတွေခွဲ စုပေါင်းလုပ်ကိုင်တတ်တဲ့ အကျင့်ရှိအောင်ဆိုပြီး ဂျင်းထည့်ခဲ့တဲ့ စနစ် စသဖြင့် ဌာနဆိုင်ရာတွေမှာ ဒါမျိုးတွေ အများအပြားရှိနေပါတယ်။ ဒါတွေကို စိစစ်လျှော့သင့်ပါတယ်။

၂။ ဌာနဆိုင်ရာသုံး ယာဉ်အိုယာဉ်ဟောင်းတွေဋ္ဌနာတိုင်းမှာရှိပါတယ်။ ဒါတွေကို ဘာလို့ထားလဲဆိုတော့ တာဝန်ရှိသူတွေက ပြုပြင်စရိတ်နဲ့ လောင်စာဆီထုတ်ရောင်းစားနေတာတွေ မြင်နေကြားနေရပါတယ်။ ဒါတွေ မစိစစ်သင့်ပေဘူးလား ၊ အစုတ်ပြတ်တွေကိုအပျက်စာရင်းသွင်း အရည်ကျိုအပ် လိုအပ်သလောက် ယာဉ်အရေအတွက်သာ ထုတ်ပေးရင် အလုပ်ဖြစ်နိုင်ပါတယ်။

၃။ အိမ်တော်ကအစ ဝန်ကြီးတွေနဲ့ ဌာနဆိုင်ရာအသုံးပြုယာဉ်တွေ ဆီပိုထုတ်နေလား ၊ ဝန်ထမ်းတွေလိုတာထက် ပိုခန့်ထားပြီး လစာပေးနေရလား မစိစစ်သင့်ပေဘူးလား။

၄။ မလိုအပ်ပဲ နေ့ခင်းကြောင်တောင် မီးတွေလင်းနေတဲ့ လမ်းမီးတိုင်တွေနဲ့ အစိုးရအဆောက်အဦးတွေမှာ ကိုယ့်ဟာမဟုတ်တိုင်း သုံးနေတဲ့ လျှပ်စစ်မီးတွေ လျှော့မသုံးသင့်ပေဘူးလား ။

၅။ လိုအပ်တဲ့ လမ်းတံတား အဆောက်အဦးတွေအပြင် တခြားအသုံးစရိတ်တွေဟာ ကုန်တာထက် ဘတ်ဂျက်ပိုတောင်းနေတာတွေ ရှိနေသေးပါတယ်။ ပိုတောင်းမိလို့ မကုန်မချင်းသုံးနေတာတွေ ကော်မတီဖွဲ့စိစစ်နေပေမယ့်လည်း အောက်ခြေမှာ မြင်နေရ ကြားနေရပါသေးတယ်။

၆။ အခမ်းအနားတွေ အစည်းအဝေးတွေလုပ်ပြီဆိုရင် သက်ဆိုင်ရာဝန်ကြီးဌာနတွေမှာ ခမ်းမတွေရှိပေမယ့် ဟိုတယ်ကြီးတွေမှာ အမြဲလိုလို တက်လုပ်နေတာတွေဟာ တခါလုပ်ရင် မူလတန်းကျောင်း တကျောင်းဆောက်သလောက် ကုန်နေတာ အားလုံးအသိပါ။ ဒါတွေလုပ်သင့်သေးသလား၊

၇။ ငြိမ်းချမ်းရေးအတွက် ကုန်နေတဲ့ငွေတွေဟာ တကယ်အကျိုးရှိသလား ဖြုံးတီးနေသလား ဆန်းစစ်ကြည့်ကြပါဦး ငြိမ်းချမ်းရေးလုပ်ငန်းလုပ်လာတာ နှစ်ပေါင်းဘယ်လောက်ရှိနေပြီလဲ အရွှေ့နဲ့ ကုန်ကျစရိတ်ကာမိရဲ့လားဆိုတာရယ် ကာကွယ်ရေးအသုံးစရိတ်တွေ လျှော့မရတာကြောင့် ဖွတ်သထက်ညစ်နေတဲ့ အခြေအနေကို ပြန်သုံးသပ်သင့်ပါပြီ။

၈။ သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်ရမယ့် ကိစ္စတွေကို လွှတ်တော်မှာ ဟိုဟာလုပ်ပေးပါ့လား ဒီဟာလုပ်ပြီးပြီလားနဲ့ အချိန်ကုန်နေ့တွက်ပေးနေရတဲ့ ကိစ္စတွေ ထပ်လျော့လို့ ရဦးမလား။ လွှတ်တော်ကြီး တရက်မလုပ်ရင် သိန်း ၂၀၀ အနည်းဆုံး သက်သာတယ်ဆိုတာ နီးစပ်သူတွေ သိကြပါတယ်။

၉။ အကျဉ်းထောင်တွေထဲမှာလည်း အကျဉ်းသားတွေ အဆမတန်ပြွတ်သိပ်နေပါတယ်။ တနိုင်ငံလုံး အကျဉ်းသားနဲ့ အချုပ်သားဦးရေ တသိန်းပဲ ပုံမှန်ထားပါဦး တယောက်ကို တရက် ကျပ်၁၀၀၀ ကုန်ကျတယ်လို့တွက်ရင် တစ်ရက်ကို ကျပ် သိန်းတစ်ထောင် ပြည်သူ့ပိုက်ဆံတွေ ကုန်နေပါတယ်။ ဒီစနစ်မှာ ငွေကုန်သက်သာအောင် ဘယ်လိုသက်သာအောင်လုပ်ကြမလဲဆိုတာ သေချာလုပ်ဆောင်သင့်ပါပြီ။

၁၀။ ဗီအိုင်ပီ ၊ ဗီဗီအိုင်ပီဆိုတဲ့ ခေါင်းဆောင်ကြီးတွေ ခရီးစဉ် ကားတန်းရှည်ကြီးတွေနဲ့ သွားလာနေတာတွေ မြင်နေရဆဲဖြစ်ပါတယ်။ လူကြီးတယောက်ရဲ့ ခရီးစဉ်အတွက် ကုန်ကျစရိတ်တွေလည်း ထပ်လျှော့နိုင်သလောက် လျှော့ချနိုင်ဦးမယ်ဆိုရင် ကျနော်တို့ ထွက်ငွေတွေ နည်းလာမှာပါ။

 

၁၁။ NLD အစိုးရစတက်တုန်းက ဝန်ကြီးဋ္ဌာနတွေလျှော့ချပြီးလုပ်ခဲ့ပေမယ့် တကယ်အလုပ်မဖြစ်တဲ့ ဝန်ကြီးဋ္ဌာနတွေကျန်ခဲ့တာအပြင် နောက်မှ ထပ်တိုးလာတဲ့ ဝန်ကြီးဌာနတွေကြောင့် ပေါ့စေချင်လို့ ကြောင်ရုပ်ထိုး ဆေးကြောင့်လေးဆိုတာတွေကို ပြန်လည်စိစစ်စေချင်ပါတယ်။

 

ဒါတွေဟာ အောက်ခြေမှာ မြင်သာတဲ့ လျှောချလို့ရတဲ့ ခြွေတာရေးအစီအစဉ်တွေပါ။ ဒါတွေ စိစစ်ခြွေတာနိုင်ရင် တိုင်းပြည်တိုးတက်သာယာရေးအတွက် အလုပ်တွေ ပိုလုပ်နိုင်မှာဖြစ်တယ်ဆိုတာ VOM အယ်ဒီတာ့ အာဘော်ကဏ္ဍကနေ တင်ပြလိုက်ပါတယ်။

အယ်ဒီတာအဖွဲ့
Voice Of Myanmar

#voiceofmyanmar #ခြိုးခြံချွေတာပြည်သာယာ #အယ်ဒီတာအာဘော်

Related posts

Leave a Comment

VOM News

FREE
VIEW