ဆောက်လုပ်ရေးလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းဖို့ အလုပ်သမားနဲ့အလုပ်ရှင်တွေ လက်မှတ်ရေးထိုး

ရန်ကုန်-ဒီဇင်ဘာ ၃-၂၀၁၉
သိဂီ ၤ(VOM)

မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးကဏ္ဍမှာလုပ်ကိုင်နေတဲ့ အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်အတွင်းမှာ ဘေးအန္တရာယ်ကင်းရှင်းရေးအပါအဝင် ကျန်းမာရေး အလုပ်အကိုင်ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအဖွဲ့ချုပ် MCEF၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ၊ CTUM ရဲ့အဖွဲ့ချုပ်အဖွဲ့ဝင်ဖြစ်တဲ့ ဆောက်လုပ်ရေးနှင့်သစ်လုပ်ငန်း အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် BWFMတို့က ဒီကနေ့မှာ MOUလက်မှတ် ရေးထိုးခဲ့ပါတယ်။

MOUအရ အလုပ်ရှင်အလုပ်သမားအကြားခံယူချက်တွေ အလုပ်သမားကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ပြဿနာဖြစ်လာရင် အလုပ်ရှင်အလုပ်သမား အတူတကွဖြေရှင်းရေး၊ အလုပ်ရှင်အလုပ်သမား Safety ပိုင်းကို သေချာသိရှိနားလည်းပြီး လိုက်နာစေရေးကို အဓိကလုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

” ဒီMOU ထိုးပြီးဘာဖြစ်မလဲဆိုတာ အတိအကျပြောလို့မရနိုင်ဘူး။ ဘယ်လိုအခြေအနေလဲဆိုတာ နောင်နှစ် ခုလိုအချိန်ကျမှသိနိုင်မယ်။ ဒီလက်မှတ်ထိုးတာပြီးရင် ဘာလုပ်မလဲဆိုတာကတော့ အလုပ်ရှင်အလုပ်သမား နှစ်ခုလုံးကိုသင်တန်းတွေပေးမယ်။ အစိုးရအသိအမှတ်ပြု လက်မှတ်ရတဲ့အထိလုပ်မှာဖြစ်တယ်။ safetyပိုင်းကို ပိုသိပြီးနားလည်လာအောင် လုပ်သွားမှာဖြစ်တယ်”လို့ CTUM ရဲ့ဥက္ကဋ္ဌဖြစ်သူ ဦးမောင်မောင်ကပြောပါတယ်။

လက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ ကျင့်သုံးနေတဲ့ Safety ပိုင်းက ပြည်တွင်းကုမ္ပဏီအသေးနဲ့ အလတ်စားကုမ္ပဏီတွေကတော့ လိုက်နာမှုအားနည်းနေပြီး နိုင်ငံတကာက ဝင်ရောက်နေတဲ့ လုပ်ငန်းတွေမှာတော့ လုပ်ငန်းမစတင်မီ သဘောတူညီခဲ့တဲ့ စာချုပ်အတိုင်း လိုက်နာလုပ်ဆောင်တာများတယ်လို့ သိရပါတယ်။

” လုပ်ငန်းခွင်တွေကို အတိအကျတော့ စာရင်းကောက်တာမျိုး မလုပ်နိုင်သေးဘူး။ လုံခြုံရေးပိုင်းလိုအပ်ချက်တွေကတော့ ရှိနေတယ်။ အနည်းအများပဲကွာတယ်။ ဒါကြောင့် လုပ်ငန်းခွင်က လုပ်သားတွေ Safety ပိုင်းကို အလေးထားအောင်၊နားလည်အောင် အသိပညာပေးတာတွေလုပ်ရမယ်။ ကုမ္ပဏီတွေကိုလည်း အလုပ်သမားတွေအပေါ်လုပ်သင့်လုပ်ထိုက်တာ အားလုံးကိုလုပ်အောင် တွေ့ဆုံပြောတာတွေရှိတယ်” လို့ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအဖွဲ့ချုပ် MCEFရဲ့Joint Secretary ဖြစ်သူ ဦးအေးလင်းကပြောပါတယ်။

MOU ရေးထိုးထားတဲ့အဖွဲ့တွေဟာ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရေးနဲ့ ကျန်းမာရေးဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ မူဝါဒတွေမှာ အလုပ်ရှင် အလုပ်သမား နှစ်ဥိးသဘောတူညီချက်ရရှိအောင် အပြုသဘောဆောင်ဆွေးနွေးမှုကို လူမှုရေးမိတ်ဖက်အဖြစ် ဆောင်ရွက်ဖို့တာဝန်ရှိတယ်လို့ သိရပါတယ်။

ဒီနေ့ MOUဟာ ရေးထိုးပြီးတာနဲ့ စတင်အသက်ဝင်ပြီဖြစ်ကာ ခုလို အလုပ်ရှင်နဲ့အလုပ်သမား သဘောတူညီမှုစာချုပ် ချုပ်ဆိုတာဟာ မြန်မာနိုင်ငံမှာပထမဆုံး စတင်တာဖြစ်ပြီး MOU သဘောဆူညီချက်သက်တမ်းက ၃ နှစ်ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #ရန်ကုန် #MOU #အလုပ်ရှင်အလုပ်သမား

Zawgyi

ေဆာက္လုပ္ေရးလုပ္ငန္းခြင္ ေဘးအႏၱရာယ္ကင္းရွင္းဖို႔ အလုပ္သမားနဲ႔အလုပ္ရွင္ေတြ လက္မွတ္ေရးထိုး

ရန္ကုန္-ဒီဇင္ဘာ ၃-၂၀၁၉
သိဂီ ၤ(VOM)

ျမန္မာနိုင္ငံရဲ႕ ေဆာက္လုပ္ေရးက႑မွာလုပ္ကိုင္ေနတဲ့ အလုပ္သမားေတြအေနနဲ႔ လုပ္ငန္းခြင္အတြင္းမွာ ေဘးအႏၱရာယ္ကင္းရွင္းေရးအပါအဝင္ က်န္းမာေရး အလုပ္အကိုင္က်ြမ္းက်င္မွဳ ဖြ႕ံၿဖိဳးတိုးတက္ဖို႔အတြက္ ျမန္မာနိုင္ငံေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားအဖြဲ႕ခ်ဳပ္ MCEF၊ ျမန္မာနိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ CTUM ၊ CTUM ရဲ႕အဖြဲ႕ခ်ဳပ္အဖြဲ႕ဝင္ျဖစ္တဲ့ ေဆာက္လုပ္ေရးႏွင့္သစ္လုပ္ငန္း အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ BWFMတို႔က ဒီကေန႔မွာ MOUလက္မွတ္ ေရးထိုးခဲ့ပါတယ္။

MOUအရ အလုပ္ရွင္အလုပ္သမားအႀကားခံယူခ်က္ေတြ အလုပ္သမားကြ်မ္းက်င္မႈဖြ႕ံၿဖိုးတိုးတက္ေရး၊ ျပႆနာျဖစ္လာရင္ အလုပ္ရွင္အလုပ္သမား အတူတကြေျဖရွင္းေရး၊ အလုပ္ရွင္အလုပ္သမား Safety ပိုင္းကို ေသခ်ာသိရွိနားလည္းျပီး လိုက္နာေစေရးကို အဓိကလုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

” ဒီMOU ထိုးျပီးဘာျဖစ္မလဲဆိုတာ အတိအက်ေျပာလို႔မရနိုင္ဘူး။ ဘယ္လိုအေျခအေနလဲဆိုတာ ေနာင္ႏွစ္ ခုလိုအခ်ိန္က်မွသိနိုင္မယ္။ ဒီလက္မွတ္ထိုးတာျပီးရင္ ဘာလုပ္မလဲဆိုတာကေတာ့ အလုပ္ရွင္အလုပ္သမား ႏွစ္ခုလုံးကိုသင္တန္းေတြေပးမယ္။ အစိုးရအသိအမွတ္ျပဳ လက္မွတ္ရတဲ့အထိလုပ္မွာျဖစ္တယ္။ safetyပိုင္းကို ပိုသိျပီးနားလည္လာေအာင္ လုပ္သြားမွာျဖစ္တယ္”လို႕ CTUM ရဲ႕ဥကၠ႒ျဖစ္သူ ဦးေမာင္ေမာင္ကေျပာပါတယ္။

လက္ရွိ ေဆာက္လုပ္ေရးလုပ္ငန္းခြင္ေတြမွာ က်င့္သုံးေနတဲ့ Safety ပိုင္းက ျပည္တြင္းကုမၸဏီအေသးနဲ႔ အလတ္စားကုမၸဏီေတြကေတာ့ လိုက္နာမႈအားနည္းေနျပီး နိုင္ငံတကာက ဝင္ေရာက္ေနတဲ့ လုပ္ငန္းေတြမွာေတာ့ လုပ္ငန္းမစတင္မီ သေဘာတူညီခဲ့တဲ့ စာခ်ဳပ္အတိုင္း လိုက္နာလုပ္ေဆာင္တာမ်ားတယ္လို႔ သိရပါတယ္။

” လုပ္ငန္းခြင္ေတြကို အတိအက်ေတာ့ စာရင္းေကာက္တာမ်ိဳး မလုပ္နိုင္ေသးဘူး။ လုံၿခဳံေရးပိုင္းလိုအပ္ခ်က္ေတြကေတာ့ ရွိေနတယ္။ အနည္းအမ်ားပဲကြာတယ္။ ဒါေႀကာင့္ လုပ္ငန္းခြင္က လုပ္သားေတြ Safety ပိုင္းကို အေလးထားေအာင္၊နားလည္ေအာင္ အသိပညာေပးတာေတြလုပ္ရမယ္။ ကုမၸဏီေတြကိုလည္း အလုပ္သမားေတြအေပၚလုပ္သင့္လုပ္ထိုက္တာ အားလုံးကိုလုပ္ေအာင္ ေတြ႕ဆုံေျပာတာေတြရွိတယ္” လို႕ ျမန္မာနိုင္ငံေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားအဖြဲ႕ခ်ဳပ္ MCEFရဲ႕Joint Secretary ျဖစ္သူ ဦးေအးလင္းကေျပာပါတယ္။

MOU ေရးထိုးထားတဲ့အဖြဲ႕ေတြဟာ လုပ္ငန္းခြင္ေဘးအနၱရာယ္ကင္းေရးနဲ႔ က်န္းမာေရးဆိုင္ရာ အလုပ္အကိုုင္က်ြမ္းက်င္မႈဖြ႕ံၿဖိဳးတိုးတက္ေရးဆိုင္ရာဥပေဒ၊ နည္းဥပေဒ၊ လုပ္ထုံးလုပ္နည္း၊ မူဝါဒေတြမွာ အလုပ္ရွင္ အလုပ္သမား ႏွစ္ဥိးသေဘာတူညီခ်က္ရရွိေအာင္ အျပဳသေဘာေဆာင္ေဆြးေနြးမႈကို လူမႈေရးမိတ္ဖက္အျဖစ္ ေဆာင္ရြက္ဖို႕တာဝန္ရွိတယ္လို့ သိရပါတယ္။

ဒီေန႔ MOUဟာ ေရးထိုးျပီးတာနဲ႕ စတင္အသက္ဝင္ျပီျဖစ္ကာ ခုလို အလုပ္ရွင္နဲ႔အလုပ္သမား သေဘာတူညီမႈစာခ်ဳပ္ ခ်ဳပ္ဆိုတာဟာ ျမန္မာနိုင္ငံမွာပထမဆုံး စတင္တာျဖစ္ၿပီး MOU သေဘာဆူညီခ်က္သက္တမ္းက ၃ ႏွစ္ျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #ရန္ကုန္ #MOU #အလုပ္ရွင္အလုပ္သမား

Related posts

Leave a Comment

VOM News

FREE
VIEW