တရုတ်နိုင်ငံက အခွန်တိုးလိုက်တဲ့အတွက် မြန်မာနိုင်ငံက တရားဝင်ကုန်စည်တွေ အရောင်းအဝယ်ကျ

မူဆယ်၊ ဒီဇင်ဘာ ၃-၂၀၁၉
ပြည့်စုံ(မဟာမင်း)

တရုတ်နိုင်ငံက အမျိုးသား အကျိုးစီပွားကာကွယ်တဲ့အနေနဲ့ တင်းကြပ်အခွန်တိုးမြှင့်လိုက်တဲ့အတွက် မြန်မာနိုင်ငံက တရားဝင်ကုန်စည်တွေဖြစ်တဲ့ ဆန်၊ သကြား၊ ပြောင်း တို့ရဲ့ အရောင်းအဝယ်ဟာ ကျဆင်းနေပြီး ဈေးနှိမ်ဝယ်ယူတာတွေရှိနေတယ်လို့ သိရပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံဗဟိုအစိုးရက မှောင်ခိုတိုက်ဖျက်ရေးစီမံချက်ကြောင့် မူဆယ်နယ်စပ် ကုန်သွယ်ရေးမှာ ခုလိုမျိုးတွေကြုံတွေ့နေရတာဖြစ်ပါတယ်။

“ကျွန်တော်တို့နိုင်ငံက တရားဝင်ကုန်စည်ဖြစ်တဲ့ ဆန် သကြား ပြောင်း တို့ဟာ ရပ်ဆိုင်းမှုနီးပါးဖြစ်နေတယ်၊ ပြောင်းဆို တရုတ်က လုံးဝပေးမဝင်တော့ဘူး၊ ပြောင်းကတော့ လုံးဝရပ်သွားတဲ့သဘော ၊ သကြားကတော့ နည်းနည်းပါးပါးတော့သွားနေတယ်။ ဆန်ကတော့ ကိုတာစနစ်ရှိတာကြောင့် ယခင်လိုမရောင်းရပေမယ့် အနည်းငယ်တော့ရောင်ဝယ်မှု ဖြစ်တယ်၊ သို့သော် ရောင်းလိုအားနဲ့ဝယ်လိုအား ဈေးကွက်အခြေအနေပေါ်မှာ နှိမ်ဝယ်တာတော့ရှိတယ် ၊ ဆန်တစ်အိတ်ကို ၁၁၀ ယွမ်အထိပေးဝယ်ရင် တောင်သူတွေအတွက် အကျိုးအမြတ်ဖြစ်တဲ့ အနေအထားမှာ ၉၇ ယွမ်နှင့် ၁၀၀ ယွမ် ကြားအထိပဲပေးဝယ်တယ် ၊ လွန်ဆုံး ၁၀၁ ယွမ်ပဲပေးတယ် ၊ စပါးကတော့ မူဆယ်နယ်စပ်ကုန်သွယ်ရေးမှာတော့ ရောင်းဝယ်မှုမရှိသေးဘူး”လို့ မူဆယ်မြို့ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဠ ဦးမင်းသိန်းကပြောပါတယ်။

ယခင်က မူဆယ်နယ်စပ်ကုန်သွယ်ရေးမှာ တစ်ရက်ကို ဆန်အိတ်ပေါင်း ၄သောင်း ဝန်းကျင်ခန့်၊ သကြား အိတ်ပေါင်း ၄သောင်းဝန်းကျင်ခန့်နဲ့ ပြောင်း ၄သောင်းဝန်းကျင်ခန့်ရောင်းနေရာကနေ ယခုအခါ တစ်ရက်ကို ဆန် အိတ်ပေါင်း ၁ သောင်းခန့် နဲ့ သကြားအိတ်ပေါင်းတစ်သောင်းခန့်လောက်သာ အရောင်းအဝယ်ဖြစ်နေပြီး ပြောင်းရောင်းဝယ်မှုကိုတော့ ရပ်ဆိုင်နေတယ်လို့ သိရပါတယ်။

ယခုအခါ ပို့ကုန်စနစ်အားပြုနေတဲ့ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဟာ မြန်မာတစ်နိုင်ငံလုံး နယ်စပ်ကုန်သွယ်ရေးရဲ့ ၅၀ ရာခိုင်နှုန်း ရှိနေပြီး ကုန်သွယ်မှုပိုင်းမှာ ပို့ကုန်ကျဆင်းနေတာတွေ ရှိနေပေမယ့်လည်း အောက်တိုဘာလအတွင်းမှာ ဒေါ်လာ ၅၁ သန်း ပိုရရှိခဲ့တယ်လို့ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကနေ သိရပါတယ်။

“ ကျွန်တော်တို့ စခန်းက ပို့ကုန်အားပြုတဲ့စခန်းဖြစ်တယ်၊ ခုနှစ်အောက်တိုဘာလမှာ ပို့ကုန်တန်ဖိုး ဒေါ်လာ၂၅၆သန်း နှင့် သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၀၉ သန်း၊ စုစုပေါင်း ဒေါ်လာ ၃၆၅ သန်းရထားတယ်။ တကယ်လက်တွေ့ အမှန်ဆောင်ရွတ်နိုင်မှုက ပို့ကုန်တန်ဖိုးဒေါ်လာ ၂၆၇ သန်းနဲ့ သွင်းကုန်တန်ဖိုးဒေါ်လာ ၁၄၉ သန်း၊ စုစုပေါင်း ဒေါ်လာ ၄၁၆ သန်း ရှိခဲ့တဲ့အတွက် ဒေါ်လာသန်း ၅၁ သန်းပိုရရှိခဲ့ပြီး ၁၁၄ ရာခိုင်နှုန်း ပိုမိုဆောင်ရွတ်နိုင်ခဲ့ပါတယ်။ ကျောက်စိမ်း၊ နှမ်း၊ ကြက်သွန်နီ တို့ ပိုမိုတင်ပို့နိုင်ခဲ့ပေမယ့် ဆန် ၊သကြား။ ပြောင်းနဲ့ ရာဘာတို့ကို တရုတ်နိုင်ငံဘက်က တင်းကြပ်မှုကြောင့် သိသိသာသာကျဆင်းခဲ့တယ်၊ သို့သော် ဆန်ကိုတာစနှစ် တန်ချိန် ၁ သိန်းရရှိခဲ့တာကြောင့် ဆန်ကတော့ ကိုတာစနှစ်နဲ့သွားနေတယ်၊ ကျွဲ ၊ နွား ၊ ဆိတ်၊ သစ်သီးဝလံ နဲ့ ရေထွက်ကုန်ပစ္စည်း ၊ ရေနံ၊ သယာဝဓါတ်ငွေ့ ၊ တွင်းထွက်ပစ္စည်းပိုင်းမှာကတော့ ပုံမှန်အတိုင်း ကူးသန်းရောင်ဝယ်နေတယ်”လို့ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန် တာဝန်ခံ ဦးနန္ဒကပြောပါတယ်။

မြန်မာနိုင်ငံအစိုးရရဲ့ ကူညီဆောင်ရွတ်ပေးမှုကြောင့် တရုတ်ပြည်ကိုတင်ပို့မယ့် ဆန် ကိုတာစနှစ်ဟာ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ကုန်ဆုံးသွားမှာဖြစ်ပြီး ယခုလက်ရှိ မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်မှာ လုံးတိုနှင့် လုံးရှည်ဟု ဆန်အမျိုးအစား နှစ်မျိုးရောင်းဝယ်မှုပြုလုပ်နေပြီး လုံးတို တစ်တန် လျင် ၇၂၀ ယွမ် နှင့် လုံးရှည်တစ်တန်လျင် ၁၂၀၀ ယွမ်သာရနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #မူဆယ် #တရုတ် #ကုန်စည်

Zawgyi

တရုတ္နိုင္ငံက အခြန္တိုးလိုက္တဲ့အတြက္ ျမန္မာႏိုင္ငံက တရားဝင္ကုန္စည္ေတြ အေရာင္းအဝယ္က်

မူဆယ္၊ ဒီဇင္ဘာ ၃-၂၀၁၉
ျပည့္စုံ(မဟာမင္း)

တ႐ုတ္ႏိုင္ငံက အမ်ိဳးသား အက်ိဳးစီပြားကာကြယ္တဲ့အေနနဲ႔ တင္းၾကပ္အခြန္တိုးျမႇင့္လိုက္တဲ့အတြက္ ျမန္မာႏိုင္ငံက တရားဝင္္ကုန္စည္ေတြျဖစ္တဲ့ ဆန္၊ သၾကား၊ ေျပာင္း တို႔ရဲ႕ အေရာင္းအဝယ္ဟာ က်ဆင္းေနၿပီး ေစ်းႏွိမ္ဝယ္ယူတာေတြရိွေနတယ္လုိ႔ သိရပါတယ္။

တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံဗဟိုအစိုးရက ေမွာင္ခိုတိုက္ဖ်က္ေရးစီမံခ်က္ေၾကာင့္ မူဆယ္နယ္စပ္ ကုန္သြယ္ေရးမွာ ခုလိုမ်ိဳးေတြၾကံဳေတြ႔ေနရတာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ႏိုင္ငံက တရားဝင္ကုန္စည္ျဖစ္တဲ့ ဆန္ သၾကား ေျပာင္း တို႔ဟာ ရပ္ဆိုင္းမႈနီးပါးျဖစ္ေနတယ္၊ ေျပာင္းဆို တ႐ုတ္က လုံးဝေပးမဝင္ေတာ့ဘူး၊ ေျပာင္းကေတာ့ လုံးဝရပ္သြားတဲ့သေဘာ ၊ သၾကားကေတာ့ နည္းနည္းပါးပါးေတာ့သြားေနတယ္။ ဆန္ကေတာ့ ကိုတာစနစ္ရွိတာေၾကာင့္ ယခင္လိုမေရာင္းရေပမယ့္ အနည္းငယ္ေတာ့ေရာင္ဝယ္မႈ ျဖစ္တယ္၊ သို႔ေသာ္ ေရာင္းလိုအားနဲ႔ဝယ္လိုအား ေဈးကြက္အေျခအေနေပၚမွာ ႏွိမ္ဝယ္တာေတာ့ရွိတယ္ ၊ ဆန္တစ္အိတ္ကို ၁၁၀ ယြမ္အထိေပးဝယ္ရင္ ေတာင္သူေတြအတြက္ အက်ိဳးအျမတ္ျဖစ္တဲ့ အေနအထားမွာ ၉၇ ယြမ္ႏွင့္ ၁၀၀ ယြမ္ ၾကားအထိပဲေပးဝယ္တယ္ ၊ လြန္ဆုံး ၁၀၁ ယြမ္ပဲေပးတယ္ ၊ စပါးကေတာ့ မူဆယ္နယ္စပ္ကုန္သြယ္ေရးမွာေတာ့ ေရာင္းဝယ္မႈမရွိေသးဘူး”လို႔ မူဆယ္ၿမိဳ႕ဆန္စပါးကုန္စည္ဒိုင္ ဒုတိယဥကၠဠ ဦးမင္းသိန္းကေျပာပါတယ္။

ယခင္က မူဆယ္နယ္စပ္ကုန္သြယ္ေရးမွာ တစ္ရက္ကို ဆန္အိတ္ေပါင္း ၄ေသာင္း ဝန္းက်င္္ခန႔္၊ သၾကား အိတ္ေပါင္း ၄ေသာင္းဝန္းက်င္ခန႔္နဲ႔ ေျပာင္း ၄ေသာင္းဝန္းက်င္ခန႔္ေရာင္းေနရာကေန ယခုအခါ တစ္ရက္ကို ဆန္ အိတ္ေပါင္း ၁ ေသာင္းခန႔္ နဲ႔ သၾကားအိတ္ေပါင္းတစ္ေသာင္းခန႔္ေလာက္သာ အေရာင္းအဝယ္ျဖစ္ေနၿပီး ေျပာင္းေရာင္းဝယ္မႈကိုေတာ့ ရပ္ဆိုင္ေနတယ္လို႔ သိရပါတယ္။

ယခုအခါ ပို႔ကုန္စနစ္အားျပဳေနတဲ့ မူဆယ္ ၁၀၅ မိုင္ နယ္စပ္ကုန္သြယ္ေရးဟာ ျမန္မာတစ္ႏိုင္ငံလုံး နယ္စပ္ကုန္သြယ္ေရးရဲ႕ ၅၀ ရာခိုင္ႏႈန္း ရွိေနၿပီး ကုန္သြယ္မႈပိုင္းမွာ ပို႔ကုန္က်ဆင္းေနတာေတြ ရွိေနေပမယ့္လည္း ေအာက္တိုဘာလအတြင္းမွာ ေဒၚလာ ၅၁ သန္း ပိုရရွိခဲ့တယ္လို႔ မူဆယ္ ၁၀၅ မိုင္ နယ္စပ္ကုန္သြယ္ေရးဇုန္ကေန သိရပါတယ္။

“ ကြၽန္ေတာ္တို႔ စခန္းက ပို႔ကုန္အားျပဳတဲ့စခန္းျဖစ္တယ္၊ ခုႏွစ္ေအာက္တိုဘာလမွာ ပို႔ကုန္တန္ဖိုး ေဒၚလာ၂၅၆သန္း ႏွင့္ သြင္းကုန္တန္ဖိုး ေဒၚလာ ၁၀၉ သန္း၊ စုစုေပါင္း ေဒၚလာ ၃၆၅ သန္းရထားတယ္။ တကယ္လက္ေတြ႕ အမွန္ေဆာင္႐ြတ္ႏိုင္မႈက ပို႔ကုန္တန္ဖိုးေဒၚလာ ၂၆၇ သန္းနဲ႔ သြင္းကုန္တန္ဖိုးေဒၚလာ ၁၄၉ သန္း၊ စုစုေပါင္း ေဒၚလာ ၄၁၆ သန္း ရွိခဲ့တဲ့အတြက္ ေဒၚလာသန္း ၅၁ သန္းပိုရရွိခဲ့ၿပီး ၁၁၄ ရာခိုင္ႏႈန္း ပိုမိုေဆာင္႐ြတ္ႏိုင္ခဲ့ပါတယ္။ ေက်ာက္စိမ္း၊ ႏွမ္း၊ ၾကက္သြန္နီ တို႔ ပိုမိုတင္ပို႔ႏိုင္ခဲ့ေပမယ့္ ဆန္ ၊သၾကား။ ေျပာင္းနဲ႔ ရာဘာတို႔ကို တ႐ုတ္ႏိုင္ငံဘက္က တင္းၾကပ္မႈေၾကာင့္ သိသိသာသာက်ဆင္းခဲ့တယ္၊ သို႔ေသာ္ ဆန္ကိုတာစႏွစ္ တန္ခ်ိန္ ၁ သိန္းရရွိခဲ့တာေၾကာင့္ ဆန္ကေတာ့ ကိုတာစႏွစ္နဲ႔သြားေနတယ္၊ ကြၽဲ ၊ ႏြား ၊ ဆိတ္၊ သစ္သီးဝလံ နဲ႔ ေရထြက္ကုန္ပစၥည္း ၊ ေရနံ၊ သယာဝဓါတ္ေငြ႕ ၊ တြင္းထြက္ပစၥည္းပိုင္းမွာကေတာ့ ပုံမွန္အတိုင္း ကူးသန္းေရာင္ဝယ္ေနတယ္”လို႔ မူဆယ္ ၁၀၅ မိုင္ နယ္စပ္ကုန္သြယ္ေရးဇုန္ တာဝန္ခံ ဦးနႏၵကေျပာပါတယ္။

ျမန္မာႏိုင္ငံအစိုးရရဲ႕ ကူညီေဆာင္႐ြတ္ေပးမႈေၾကာင့္ တ႐ုတ္ျပည္ကိုတင္ပို႔မယ့္ ဆန္ ကိုတာစႏွစ္ဟာ ဒီဇင္ဘာလ ၃၁ ရက္ေန႔မွာ ကုန္ဆုံးသြားမွာျဖစ္ၿပီး ယခုလက္ရွိ မူဆယ္နယ္စပ္ကုန္သြယ္ေရးဇုန္မွာ လုံးတိုႏွင့္ လုံးရွည္ဟု ဆန္အမ်ိဳးအစား ႏွစ္မ်ိဳးေရာင္းဝယ္မႈျပဳလုပ္ေနၿပီး လုံးတို တစ္တန္ လ်င္ ၇၂၀ ယြမ္ ႏွင့္ လုံးရွည္တစ္တန္လ်င္ ၁၂၀၀ ယြမ္သာရေနတယ္လို႔ သိရပါတယ္။

#voiceofmyanmar #မူဆယ္ #တရုတ္ #ကုန္စည္

Related posts

Leave a Comment

VOM News

FREE
VIEW